Tuesday, January 8, 2013

သူချစ်


သူ တွင်တွင်ငြင်းနေသည့် ကြားမှာပင်… နေဇော်ဟိန်းက မရမက ဆွဲခေါ်နေသဖြင့် အားနာမိသည်..။ အ၀တ်အစား လဲပါရစေဦးကွာ ဟုပင် ပြော၍မရ… တက္ကစီတစ်စီးကို ကတိုက်ကရိုက် ငှားအပြီးမှာတော့ သူလက်လျှော့လိုက်တော့သည်…။ဖြစ်ချင်ရာ ဖြစ်ကွာဟုသာ တွေးပြီး… တက္ကစီပေါ်တွင် ကန့်လန့်ကန့်လန့်ဖြင့် ပါသွားရသည်.. ။အသင့်ပါလာသော ဂျာနယ်တစ်စောင်ကို ဖတ်ရင်း..အချိန်ဖြုန်းပြီး နေဇော်ဟိန်းကိုလည်း စကားမပြောဖြစ်တော့…။ စိတ်မကောက်ပါနဲ့ ဓါတ်ဆီ ရယ်( သူ ဓါတ်ဆီမှောင်ခိုရောင်းဖူးသည်ကို အစွဲပြု၍ ဓါတ်ဆီဟု ခေါ်ခြင်းဖြစ်သည်..)..ဟု နေဇော်ဟိန်းကပြောပြီး ကွမ်းဂျီးတက်နေသော သွားတွေကို ပြဲခနဲ ပေါ်အောင် ဖြဲပြရင် ခပ်ဟဟ ရယ်နေပြန်သည်..။

နေဇော်ဟိန်းနှင့်သူ သည် ငယ်ပေါင်းမဟုတ်သော်လည်း အကူအညီလိုတိုင်း သူ့ဆီလာရင်း တတွတ်တွတ် ထိုး တတ်သောကြောင့် ညီအစ်ကိုရင်းသဖွယ် ဟု နေဇော်ဟိန်းက သတ်မှတ်ထားဟန်တူသည်..။ သူက လည်း သူ…တော်ရုံပြောလျှင် လိုက်လျောတတ်သော အကျင့်ကြောင့် တခါတခါတရံ ကိုယ့်ကိုယ်ကိုပင် ခိုင်းဘက်များ ဖြစ်နေမလား သံသယ၀င်မိသည်…။ မည်သို့ဆိုစေ သူကတော့ အပေါင်းအသင်းနဲ့ ပတ်သတ်လာလျှင် တတ်အားသ၍ တက်တက်ကြွကြွ ကူညီတတ်သူဟု အိမ်က အသိအမှတ်ပြုပြီးဖြစ်သည်..။

ယခုတလော သင်္ဘောသား ပူပူနွေးနွေး …ကုန်းပေါ်ပြန်ရောက်စ နေဇော်ဟိန်းက သူ့နဲ့ မနက်တိုင်းနီးပါး လက်ဖက်ရည်ဆိုင်အတူထိုင်ဖြစ်သည်..။ ယနေ့မှ ကောက်ကာငင်ကာ ကောင်မလေးတစ်ယောက်နဲ့ မြို့ထဲမှာချိန်းထား၍ အဖော်လိုက်ခဲ့ပါဟု အတင်းခေါ်နေသဖြင့်  သူပါလာခဲ့ရခြင်းဖြစ်သည်..။

သူမည်မျှပင် မသိချင်ယောင်ဆောင်နေနေ… ထိုဘယန်းနယူး သင်္ဘောသား ကတော့ ချိန်းထားသော ကောင်မလေးမှာ အွန်လိုင်းက သိကျွမ်းခဲ့ကြောင်း ..၊ သိပ်အချောအလှကြီးမဟုတ်သော်လည်း တွဲမည်ဆိုလျှင် တွဲပျော်ကြောင်း…၊ ဘာလိုလိုညာလိုလို ဖြစ်နေသော နှစ်ဦးသား အခြေအနေကို … ကြွားလုံးထုတ်တော့လေသည်…။ မကြားချင်မှ အဆုံးဖြစ်သော ဒီလို ဒီလို ပေါ်ပင် ဇာတ်လမ်းတွေ အကြောင်း သူကြားရသည်မှာ နားရည်ဝလှပြီဖြစ်သည်..။

မှတ်ချက်မပေး … တချက်တချက်လှည့်ကြည့်ပြီး ခေါင်းငြိမ့်ပေးနေရုံမှ အပ ပြောသမျှစကားတို့ကို  ဂျာနယ်မှ ကြော်ငြာတခု မျှလောက်ပင် စိတ်ဝင်စားစရာမရှိလှပေ…။ ဆိပ်ကမ်းသားလမ်းနား မှ Tokyo Dounet တွင် ချိန်းထားသည် ဟုလောက်မျှသာ သူသိသည်…။ မရောက်တာကြာပြီဖြစ်သော ဒီဆိုင်လေးထဲမှ အပြင်သို့ကောင်းစွာမြင်နိုင်သော နေရာတခုတွင် ထိုင်လိုက်သည်…။သရေစာ မစားတတ်သော သူ့အကျင့်ကြောင့် နေဇော်ဟိန်းက ခေါင်းဆတ်မေးသည်…ကို ကော်ဖီ တစ်ခွက်ဟု သာသူပြောလိုက်သည်…။ ဘောင်းဘီတို ဘေးအိတ်အတွင်းမှ အသင့်ပါလာသော စီးကရက်တလိပ်ကို ထုတ်ပြီး မီးငြိရင်း ဆိုင်အတွင်း မျက်စိကစား မိသည်…။ ကိုယ်လဲမသိ…သူ့လဲမသိသော ဒီလို အလုပ်မျိုးကို ကမ္ဘာပတ်နေသည့်လူတစ်ယောက် က စိတ်ကူးယဉ် အရူးထနေသည်ကိုလည်း မအံသြမိ…။ဒီကောင်က နဂိုကတည်းက ခပ်ကြောင်ကြောင်ပင်ဖြစ်သည်…။

စီးကရက် တလိပ်အကုန်တွင်တော့ အရပ်ခပ်မြင့်မြင့် ကောင်မလေးတစ်ယောက် သူတို့ဝိုင်းကိုလာနေပြီဖြစ်ကြောင်း  နေဇော်ဟိန်းက မျက်ရိပ်ပြသည်..။ သူတစ်ချက်မျှသာ လှည့်ကြည့်ပြီး ဘာသိဘာသာနေလိုက်သော်လည်း သွက်သွက်လက်လက်ရှိသော ထိုကောင်မလေးနှင့် ခဏတွင်းပင် ရင်းရင်းနှီးနှီး စကားတွေ ပြောဖြစ်သွားသည်..။ထူးခြားသည်က စကားဝိုင်းထဲမှနေဇော်ဟိန်းက မသိမသာ အပြင်ရောက်သွားပြီး သူနဲ့ ကောင်မလေး သာ စကားတွေ အများကြီးပြောဖြစ်နေသည်..။

အပြန်လမ်းတွင်တော့ နေဇော်ဟိန်းက ကောင်မလေးစိတ်ဝင်စားနေတာ မင်းကိုကွ ဟုသာ ပြောပြီး ဆက်လက်လှုပ်ရှားဖို့ တိုက်တွန်းသည်..။ လက်ရှိအခြေအနေအရဆိုလျှင် သူ့မှာ လက်ဆုပ်လက်ကိုင်ပြ စရာ ရည်းစားဆိုလို့ မရှိ..။ယခုအတိုင်းဆိုလျှင် သူက ချော်လဲရော်ထိုင်ရုံသာဖြစ်သည်..။ကောင်မလေးပေးလိုက်သော ဖုန်းနံပါတ်ကို သူတစ်ချက် ထုတ်ကြည့်လိုက်ပြီး ညကျလျှင် ဆက်ကြည့်ဦးမည်..ဟု စဉ်းစားမိသည်..။

မတိမ်းခင်က ညွှတ်ချင်နေသော ကောင်မလေး၏ နာမည်က သူဇာဖြိုးဖြစ်သည်..။ ရန်ကုန်မြို့လယ်ခေါင်က တိုက်ခန်းမှာ သားအမိနှစ်ယောက် အတူနေသည်..။ သူမ အဖေဆုံးသွားသော်လည်း ဦးစီးမှူး ရာထူး အဆင့်ရှိသော သူမ အမေကြောင့် မတောင့်မတနေရသော အခြေအနေမျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်…။ ဟန်းဖုန်းတလုံး…သူငယ်ချင်းတွေ တရုံးရုံးနဲ့ မြို့ထဲမြို့ပြင် အချိန်ရှိသ၍ လည်ပတ် သွားလာနေသူ…ခပ် လန်းလန်း ကောင်မလေးတစ်ယောက်ဖြစ်သည်..။

အချိန် တစ်ပတ်ပင် မပေးရပဲ သူဇာဖြိုးနဲ့ သူ သမီးရည်းစားဖြစ်သွားခြင်းမှာ အံသြစရာတော့မရှိလှ…။ရည်းစားတစ်ယောက် ရဖို့ နှစ်လရာသီ ကူးအောင် စောင့်ဆိုင်းရသည်..မှာ ယခုတော့ ဒဏ္ဍာရီအဖြစ်သာ ကြာခဲ့လှပြီ…။ကျောင်းပြီးခါစ အသက်နှစ်ဆယ်ပင် မပြည့်တတ်သော သူဇာဖြိုးက သူဆီက များများမတောင်းဆို..။သူမကို အချိန်ပေးရန် ဂရုစိုက်ရန်လောက်သာ တောင်းဆိုသည်..။

ထိုသို့ အချိန်ပေးရန်တောင်းဆိုခြင်းကပင် သူ့အတွက်တော့ ဧရာမဒုက္ခပင်ဖြစ်သည်..။အချိန်ပြည့်နီးပါး လက်ချင်းချိတ်ပြီး တနေရာပြီး တနေရာသွားလောက်အောင် သူအခြေအနေက ပြည့်ပြည့်စုံစုံမဟုတ်ချေ..။ဝန်ထမ်းဖြစ်သော သူ့မှာ တပတ်လျှင် တရက်မျှသာ သူမနဲ့အတူ လည်ပတ်သွားလာနိုင်သည်..ကို သူမက ကျေနပ်ဟန်မရှိ…။ ပြဿနာလုပ် ရန်လုပ်တတ်လေ့ရှိသည်..ကို သူမချစ်လို့ပြောရှာတာပါဟု သာ ဖြည့်တွေးခဲ့မြဲဖြစ်သည်..။

ယုတ်စွအဆုံး သူမဘုရားဖူး သွားမည်ဆိုလျှင်တောင်မဆီမဆိုင် ခွင့်တောင်းသည်..။ မည်သည့်အခါကမျှ တားဆီးပိတ်ပင်ခြင်း မရှိမှန်းကို သိပါလျှက်နဲ့ပင် ဟိုကိစ္စ..ခွင့်တောင်း ဒီကိစ္စ အသိပေးနဲ့…။သူမသူငယ်ချင်း အပေါင်းကလည်း သူ့ကို သူဇာဖြိုး မည့်သို့ အလေးထားသည်..။မည်မျှချစ်သည်..။ မည်မျှ အားကိုးသည်..စသဖြင့်….စသဖြင့်…။ သူမ၏ဘာမျှမဟုတ်သော ပြဿနာပေါင်း သောင်းခြောက်ထောင်တို့ကို စီကာပတ်ကုံး ဖုန်းမှ တဆင့် အိပ်ရေးပျက်ခံ နားထောင်ပေးရသည်မှာလည်း အကြိမ်ပေါင်းများစွာ…။အလုပ်ခွင်ကို မကြာခဏ လာလည်လေ့ရှိသော သူမကြောင့် အလုပ်ရှင်ကပင် သူ့ကို မျက်စိစပါးမွှေးစူးလှပြီဖြစ်သည်..။ ကာလရွေ့လျား အချိန်ကြာလာခဲ့သော်…ချော်လဲရော်ထိုင်ခဲ့ရုံသာ ရှိသော အချစ်ပါးပါးက သူမ၏ အချစ်ပြင်းပြင်းဒဏ်ကြောင့် တဖြည်းဖြည်း လွင့်ပါးစပြုလာခဲ့သည်..။

ဟိုးယခင်က သူတွေးမိသော ကိုယ်ကချစ်ရတာပင်ပန်းတယ်..။သူချစ်ကသာ ပြီးပြည့်စုံတယ်ဆိုသော စကားသည်..ရာနှုန်းပြည့် မှန်ကန်ခြင်းမရှိဟုသာ သဘောပေါက်ရတော့သည်…။ ကိုယ်က ချစ်ရ မြတ်နိုးရသော ကိုယ်စိတ်ကြိုက် ရွေးချယ်မိသော သူမျိုးနဲ့တောင် အဆင်မပြေနိုင်လျှင်…၊ ကိုယ်မရည်ရွယ်ထားသော ကိုယ့်ကို နှစ်သက်မြတ်နိုးသူ တစ်ယောက်နဲ့ အဆင်ပြေနိုင်ဖို့ အကြောင်းများစွာလိုသည်..။

ယခုတော့ ကိုယ့်စိတ်ကြိုက် ရင်ခုန်သူမျိုးကို ကြိုးစားအားထုတ်ချဉ်းကပ်ဖို့ ပျင်းရိလေးကန်နေခဲ့သော မိမိကိုယ်၌ကိုသာ ပြစ်တင်ရပေတော့မည်..။အခြေအနေပေါ်ကိုသာ မူတည်၍ ရေလိုက်ငါးလိုက်နေတတ်သော …ဒီအကျင့်ကြောင့် ကိုယ်တိုင်လည်း ပင်ပန်း၊ ကိုယ့်ကို ချစ်သော သူတစ်ပါးကိုလည်း ညှင်းဆဲရာရောက်နေပေလိမ့်မည်…။ဒီစခန်းကို ဒီတင်မြန်မြန်ရပ်လိုက်တာ ကောင်းပါရဲ့  ဟု တွေးမိသည်မှာ ကြာပြီဖြစ်သည်..။

သူမမျက်နှာကို မြင်လိုက်ကတည်း က စိတ်ကောက်နေပြီ ဆိုတာ သူဒက်ကနဲသိသည်…။ ဤရက်ပိုင်းထဲ သူမဆီကို ဖုန်းဆက်ဖို့ မကြိုးစားခြင်းကို ရည်ရွယ်မှန်း သိပါလျှက် ဘာဖြစ်နေတာလဲဟု မေးဖြစ်အောင် မေးလိုက်မိသေးသည်..။ လိုသည်ထက် နှုတ်ခမ်းကို ပိုစူထားသော သူမရုပ်ကိုကြည့်ရသည်မှာ ထမင်းစားပင် ပျက်ချင်ချင်ဖြစ်လာသည်…။ ကိုယ်အချိန်မရှိလို့ပါကွာ ဟူသော ပြောစကားကို အချိန်မရှိလျှင် ရည်းစားမထားနဲ့ပေါ့ဟု သူမက ချက်ချင်းပက်ကနဲ ပြန်ပြောလာသည်..။ စိတ်ပျက်ခြင်းသည် စိုးရိမ်မှတ်ကို ကျော်ပြီး ပါးစပ်မှ တဆင့် အသွင်ပြောင်းထွက်သွားသည်..။

“အေး…ငါအခု ရည်းစားမထားတော့ဘူး” ဟု ပြောမိခဲ့ခြင်းကို သူနောင်တမရမိ…။ မော့ကြည့်လာသော သူမမျက်ဝန်းမှာ တခုခုကို တောင်းပန်နေမှန်း ရိပ်မိပါလျှက် ၊ကိုယ်ချင်းစာတတ် ပါလျှက် နှင့်ပင် သူဘာစကားမှ ဆက်မပြောဖြစ်တော့…။ လက်ကျန်ခံစားချက်တို့ နောက်ဆုံးစကားနဲ့အတူ ပါသွားပြီးဖြစ်သည်..။ခွင့်လွှတ်ပါဟုသာ စိတ်အတွင်းက ရေရွတ်မိသည်..။

ဝဋ်ဆိုတာ ဒီအတိုင်းမနေပါဘူး ဟု အမေပြောဖူးသည်ကို သတိရမိသည်…။အခုကော် ၀ဋ်ကြွေးဆပ်နေတာလား ၀ဋ်သစ်တည်နေတာလားဟုပင်…

သူချစ်…သူချစ်…သူတစ်ပါးကချစ်တော့ သူတစ်ပါးလုပ်သမျှကို ကိုယ်ကလိုက်၍ လည်စင်းခံနေရလျှင်လည်းမဖြစ်သေး…။
ကိုယ်ချစ်….ကိုယ်ချစ်….ကိုယ်ကချစ်တော့လည်း သူတစ်ပါးလုပ်သမျှကို ကိုယ်ကလိုက်၍
လည်စင်းခံနေရလျှင်လည်း မဖြစ်သေး….။

Billy(20.12.2011) PM 8:29

စကားလုံးများ၏ ပိုင်ရှင်


ညတုန်းက ဘော်ဒါတွေနဲ့ တညလုံး နီးပါး ပျော်ပါးသောက်စားလိုက်သောကြောင့် မိုးလင်းလုမှ သာ အိမ်သို့ပြန်ရောက်သည်..။အမ၏ မျက်စောင်းကို ပြုံးစစလုပ်ပြပြီးနောက်…ကျွန်တော်ခပ်သွက်သွက်လေး ရေချိုးလိုက်သည်..။

ထို့နောက် အ၀တ်အစားလဲ အမပြင်ပေးထားသော  ထမင်းကြော်ကို စားပြီးနောက် မနက်စောစောလမ်းလျှောက်ထွက်လေ့ရှိသော အမေပြန်မလာခင် ဘတ်အိတ် ကိုလွယ်၍ခပ်မြန်မြန် ထွက်ခဲ့သည်..။ညက ဘာကြောင့် ပြန်လာမအိပ်သလဲ ဟု မေးလျှင် ကျွန်တော်မှာ ဖြေစရာ စကားမရှိသောကြောင့် ဖြစ်သည်..။

ကားမှတ်တိုင် ရောက်သော်လည်း…ခေါင်းက ညဉ်းစိစိ ဖြစ်နေတုန်းပင်..။ခပ်ဝါးဝါးဖြစ်နေသော မျက်လုံးကို ပွတ်သပ်လိုက်ရင်းမှ အသင့်ဆိုက်လာသော ဘတ်စ်ကားပေါ်သို့ တက်လိုက်သည်…။ ဒါရိုက်ဘာ နောက်ဘက်လူ အနည်းငယ်ချောင်သော သံဃာတော်များ ထိုင်ခုံဘေးနား ကပ်ရပ်လိုက်သည်..။

ရုံးချိန်မို့ မြို့တွင်းသို့ ရောက်လာလေ အတက်များပြီး အဆင်းနည်းလာသောကြောင့် ကားက အဆမတန်ကျပ်လာသည်။ကံကောင်းထောက်မစွာဖြင့် သံဃာတော် တစ်ပါးဆင်းသွား သဖြင့် ထိုင်ခုံနေရာ ရလိုက်သည်..။ အကြည့်ကို အပြင်သို့ ပို့ထားရင် အာရုံလွှဲလိုက်ရင်း ပျင်းရိစရာကောင်းလှသော သင်တန်းအကြောင်းကို တွေးမိသည်…။

ကျီ……ခနဲ ဘရိတ်အုပ်သံနှင့် အတူ…

ဒေါင်… (နောက်ထပ် အသံတစ်သံ ဖြစ်သည်)

ဒါရိုက်ဘာနောက် မှ ကာထားသော အကန့်နောက်နှင့် မလွတ်၍ အပေါ်သို့ အနည်းငယ်ထောင်ထားသော ဒူးနှစ်လုံးကြားသို့ အရာတခု အပေါ်မှပြုတ်ကျလာသည်..။ရုတ်ရက်မို့လန့်သွားသော်လည်း….ခပ်လေးလေးအရာတခုဖြစ်သည်ဟူသောအသိနဲ့ အနည်းငယ် စိုစိစိဖြစ်သွားသည်ကိုတော့ သတိပြုမိသည်..။

သေချာကြည့်လိုက်တော့မှ ပုဆိုးကြားမှ စတီးနှစ်ဆင့်ချိုင့် ခပ်သေးသေးလေး တလုံးက ပုံပျက် ပန်းပျက် ယီးလှေးခိုနေသည်…။ တရားခံဘယ်သူလဲ ဆိုသော အကြည့်နဲ့ ပတ်ဝန်းကျင်ကို သူဝေ့ကြည့်လိုက်သည်…။ ဘေးနားမှာ မျက်နှာ ငယ်လေးရပ်နေသော ကောင်မလေးတစ်ယောက်၏ မျက်နှာဖြူဖြူလေးမှာ အားနာရိပ်တွေ စွန်းထင်နေသည်..။ကျွန်တော့်မျက်ဝန်းက ဒေါသရိပ်တွေ ကို တွေ့သွားသည် ထင်…

အသံသေးသေးလေးတခု…

အားနာလိုက်တာရှင်…ထိုမျှသာ..။

ဘေးမှ ဦးဇင်းက ပြုံးသည်..။

ကျွန်တော်ကလည်း ကျွန်တော်ပင်...ပတ်ဝန်းကျင်တခုလုံးကို မေ့လျှော့၍ ကိုယ့်ဘေးနား မည်သူမည်ဝါရောက်နေသည်..ဘာအကူအညီလိုနေသည်ကိုပင် အကဲခတ်ရမှန်းနားမလည်..လူမှုရေးခေါင်းပါးလေစွ..။ဒါပေမယ့် လတ်တလော..နှစ်ဦးသား ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေချိန်တွင်..အနားမှ အမျိုးသမီးကြီးတစ်ဦးက …အလိုက်သိစွာ…ဆွဲခြင်းထောင်ထဲမှ ကျွတ်ကျွတ်အိတ်တအိတ်ထုတ်ပေးသည်..။

ဘေးနားမှ လူတချို့ အနည်းငယ် နောက်ဆုတ်သွားသည်..။ အလိုက်မသိသော ကောင်မလေးကို ကျွတ်ကျွတ်အိတ်ကို ထိုးပေးလိုက်ရင်းမှ ပုဆိုးကြားမှ ကစဉ့်ကလျားဖြစ်နေသော ချိုင့်ကို အသာထိန်းကာ ထုတ်လိုက်သည်..။ ငေးကြည့်နေသော ကောင်မလေးကို ကျွတ်ကျွတ်အိတ်ကို ဖြဲထားလိုက်ဟု ခပ်ငေါင့်ငေါင့်ပြောရင်း မှ ဆောင့်ဆောင့်အောင့်အောင့် ဖြင့် အိတ်အတွင်းသို့ ပစ်ထည့်လိုက်သည်..။

ထို့နောက် ရှေ့မှတ်တိုင်ပါတယ်ဟု ပြောရင်း ပုဆိုးကိုလုံးနိုင်သမျှ လုံး၍ ထိုင်ခုံမှထကာ လူအုပ်အတွင်းသို့တိုးရန်ပြင်လိုက်သည်..။
ကျွန်မ ဘာလုပ်ပေးရမလဲ…ဟုသော အမေးစကားကို ရတယ် ကိစ္စမရှိဘူး ပြောပြီး ကားပေါ်မှ ကျွန်တော်ဆင်းလိုက်သည်.။ ပလက်ဖောင်းနောက်မြောင်းဆီသို့ ခပ်သုတ်သုတ်လျှောက်ရင်း..ပုဆိုးကိုခါချလိုက်သည်။ ထမင်းတွေနဲ့ အတူ ဟင်းဖတ်အချို့ နောက်...အရည်တချို့စင်ထွက်လာသည်..။ပုဆိုးကို မ၍ ခြေသလုံးသားပေါ်က ဟင်းရည်တချို့ကို လက်ဖြင့်သပ်ချလိုက်သည်..။

လက်မှ ဟင်းရည်တချို့ကို ပုဆိုးအောက်ခြေဖြင့်သုတ်လိုက်ရင်း… နောက်ကို ဆတ်ကနဲ အလှည့်…
မလှမ်းမကမ်းမှာ အဲ့ဒီကောင်မလေး…ဘယ်လိုပြောမလဲ..ကောင်မလေး…က နားရွက်နောက်နားဆီကို လက်ကလေး ကုတ်ရင်း… ရပ်နေသည်။ဒီကောင်မလေး ကြောင်တောင်တောင်နဲ့ ဘာကြောင့် လိုက်ဆင်းလာပါလိမ့် ..။ကိုယ်ကလဲ လောလော ..လောလောနဲ့မို့ နောက်ပင် လှည့်မကြည့်အား..။

ကောင်မလေးဆီသို့ လျှောက်သွားပြီး...မှငုံကြည့်ရင်း..ကျွန်တော်ပြောလိုက်သည်..။

ငါဘာမှ မဖြစ်ဘူး…။မင်းသွားစရာရှိတာကိုသာသွား…။

ဟုတ်..ဟုတ်..

ဟု ပြောပြီး.. ချာကနဲလှည့်ထွက်ကာ တက္ကစီတစီး ဌားစီသွားသည်ကို အကြောင်းမဲ့ ရပ်ကြည့်နေမိသည်..။

သူနားထဲတွင် ဆက်တိုက်ဆက်တိုက်…ကြားနေရသော အသံက ..

ဟုတ်..ဟုတ်

ဆိုသော ထိုစကားပင်ဖြစ်သည်..။
ထိုစကားလုံးကို တချိန်တုန်းက လူတစ်ယောက်ဆီမှ ကျွန်တော် အပိုင်စားရခဲ့ဘူးသောကြောင့် ဖြစ်သည်..။ထိုစကားလုံးလေး လက်ဆောင်ပေးခဲ့သော သူမကို ကျွန်တော်ကျေးဇူးတင်မိသည်..။
ပျော်စရာတွေအများကြီးယူလာပေးခဲ့ပြီးနောက်...သူမသည်..၀မ်းနည်းမှုတွေကို ဆောင်ကျဉ်း၍ ထွက်ခွာသွားဖို့ ကြိုးစားမြဲဖြစ်သည်..။

အကြိမ်ပေါင်းများစွာ အနိုင်ယူခဲ့ဘူးသော်လည်း... လက်တွေ့တွင် ကျွန်တော်မနိုင်ခဲ့ကြောင်း မိမိဘာသာသိသည်..။ မနိုင်တာမှ ကျွန်တော်သည်..သူမပါးစပ်ဖျားတွင် အချိန်မရွေး ရှုံးနိမ့်သွားနိုင်သူဖြစ်သည်...။ မြည်တွန်းတောက်တီး ပြန်လှန်ပြီး စကားနာမထိုးနိုင်လောက်အောင် ကျွန်တော်အရုပ်ကြိုးပြတ်ဖြစ်နေသည့်အခါမျိုးကို သူမ ကိုမသိစေချင်ပါ..။

မနိုင်ချင်သလို ..မရှုံးလဲမရှုံးချင်ပါ..။ မလဲကျချင်၍ဖြစ်သည်..။

billy(27.11.2011) 6:42PM

ပညာကျော်


လွန်စွာ အားယား
 အွန်လိုင်းသွား၍
သံညောင် ဟစ်ကြွေး
ဖိုသံပေးသည်...
မဒီကညာ
တီတာ ပြောဖို့
gtalk လေးတော့ ဖွင့်ဦးကွယ်..

ရူပါ လန်ထွက်
အကြံထက်နှင့်
Facbook ကိုသုံး
အပျိုတွေလုံးသည်..
like လည်းကလစ် လိုက်
comment ရိုက်မည်..
ကွန်နက်ရှင်းလေး ကောင်းဦးကွယ်..

ဟိုသတင်းဖတ်
ဒီအတင်းမှတ်၍
ရပ်ကွက် တွင်းနား
လူစုံများလျှင် ...
အိတ်သွန်ဖာမှောက်
ပြောပြဦးမည်...
ကလေးတို့ရေ ..လာကြကွယ်..


မျက်လုံးကြောင်တောင်
ငါ့သားလူမောင်
သိလှတတ်လှ
အမေသဘောကျသည်..
ရေခပ်ထင်းခွဲ အချိန်မဆွဲနဲ့
သားမောင်လူလေး...
ဒေါင်ဆိုင်ပြေးလို့ ..
နားနားနေနေ နေဦးကွယ်...


billy (7.12.2011) 12:00PM

အချစ်နဲ့ အရွယ်၏ အသက်


သူမ၏ ခနဲ့တဲ့တဲ့ အပြုံးက သူ့ နှလုံးသားကို ဆုပ်ခြေနေသလို ခံစားရသည်..။ တဖြူးဖြူးတိုက်ခတ်လာသော လေအဝှေ့နဲ့ အတူ သူမရှေ့မှ လွင့်ပါးသွားချင်သည်.။ ပြောမိလိုက်တာ မှားများမှားသွားပြီလားဟု နောင်တအတွေးက ၀င်လာသဖြင့် ရင့်ဘတ်ထဲက စူးကနဲ အောင့်တက်လာပြီး အသက်ရှူ မ၀သကဲ့သို့ ဖြစ်လာသည်..။

အခြေအနေမပေး အချိန်မတန်သေးမှန်းသိပါလျှက်..၊ဖွင့်ပြောမိခဲ့သော ကိုယ့်ကိုယ်ကိုယ် သာ အပြစ်တင်မိသည်..။ ဒီလိုစကား ပြောဖို့အတွက်...ဒီလိုအရည်အချင်းတွေ ရှိဖို့ လိုမှန်း သူယခုမှ သဘောပေါက်လာခြင်းဖြစ်သည်..။ နားထဲတွင် သူငယ်ချင်း ပြောသော စကားတွေက ဗလုံးဗထွေးဝင်လာပြန်သည်..။

"မဖြစ်နိုင်ပါဘူးကွာ...မင်းနဲ့သူက အဝေးကြီး...စိတ်ကူးယဉ်တာက ကောင်းပါတယ်....။ဒါပေမယ့်...တကယ့်လက်တွေ့အကြောင်းတရားတွေကို မင်း လျစ်လျူရှူ့လို့မရဘူးကွ..။ မဖြစ်နိုင်တာမရှိဘူး..ဆိုပေမယ့်...အခြေအနေ...အချိန်အခါ..တွေက စကားပြောတယ်...ဖြစ်ချိန်တန်ဖို့အတွက် ဖြစ်နိုင်တဲ့ အခြေအနေတခု..ဖြစ်နိုင်တဲ့ အရည်အချင်းတခုလိုတယ်ကွ...။ ဒါကို မင်းမေ့လို့မရဘူး..။ ငါယောက်ျားပဲဆိုပြီး မာန်တင်းလို့မရတာတွေရှိတယ်..။ ငါပြောချင်တာက ဒါပဲ..။ မင်းတို့ငါတို့ က စိတ်ကူးယဉ်ရမယ့် အရွယ်တွေ မဟုတ်သလို့...စိတ်ကူးယဉ်ရမည့် အခြေအနေတွေထဲကလည်းမဟုတ်ဘူး...။ ပါးစပ်လှုပ်မှ ..လက်လှုပ်ရမယ့်လူတွေ...။"

ရှည်းလျားစွာပြောသွားသော သူငယ်ချင်း၏ စကားနောက်နားမှာ သူ သက်ပြင်းသံ ခပ်ရှည်ရှည် ချခဲ့ရသေးသည်..။

"ဟိတ်...မေးနေတယ်လေ..။"

"ဗျာ..."

"မင်းက ...ဘာကြောင့်ချစ်တာလဲ.."

ထိုအမေးစကားကို သူ့တွင် ပြန်ဖြေစရာ တိတိကျကျမရှိ..။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ အတွက် အကြောင်းပြချက်ကောင်းကောင်းရှိရလိမ့်မည်..ဆိုတာကို သူမသိခဲ့ရိုးအမှန်ပင်ဖြစ်သည်..။ အချစ်နဲ့ အကြောင်းပြချက် မည်သို့ မည်ပုံ ဆက်နွယ်သည် ဆိုသည့်အကြောင်းကို တတ်သိနားလည်သူတို့ ထံတွင် သူ ဂဃနဏ မေးခဲ့ဖို့ကောင်းသည်..။ ယခုတော့..

"မသိဘူးဗျာ.."

သူပြောပုံက ဂျွတ်ဆတ်ဆတ်နိုင်သွားမှန်းသိသည်..။

"ဟောတော့... ဘာကြောင့်ချစ်မှန်းတောင် မသိပဲ..နဲ့များ ချစ်တယ်လာပြောနေသေးတယ်..."

လှောင်သံ စွက်နေသော သူမ၏ အသံက သူ့ကို သေးသေးလေးဖြစ်အောင် ဆွဲချုံလိုက်သကဲ့သို့ပင်..။ နောက်တချိန် သူမရှေ့မှ သူကွယ်ပျောက်သွားသကဲ့သို့ ခံစားရပြန်သည်..။

" ငါသိရသလောက်တော့ ..မင်းမှာ ရည်းစားတွေ အများကြီးပါကွာ...မင်း တခြားကောင်မလေးတွေကို ချစ်ကြောင်းကြိုက်ကြောင်း...ဘယ်လိုပြောခဲ့သလဲ...ဥပမာကွာ...ချောလို့ချစ်တာတို့...အေးအေးလေးမို့လို့ ... အဲ့လိုမျိုးပေါ့ကွာ...မင်းပြောဖူးမှာပါ.....ဘယ်မိန်းကလေးပဲဖြစ်ဖြစ်..ကိုယ့်ကို ဘာကြောင့်ချစ်တယ်ဆိုတာ တော့ သိချင်ရှာမှာပေါ့...ဒို့လည်း မိန်းကလေးထဲက မိန်းကလေးတစ်ယောက်ပဲ...သိချင်တာပေါ့..."

မျက်ခုံးကို အနည်းငယ်ပင့်ပြီး စကားအဆုံးသတ်သွားသော သူမ၏ ဟန်ပန်မှာ တရားပြိုင် ရှေ့နေ ပုံစံနဲ့တောင် တူနေသေးသည်..။
စကားအမှား ထွက်သွားသည်နှင့် သေမိန့် တန်းကျသွားနိုင်သကဲ့သို့ သူ ဇောချွေးတွေ စိမ့်ထွက်လာသည်..။

" ကျွန်တော် တကယ်မသိဘူး...။ပြီးတော့ ဘယ်မိန်းမကိုမှလည်း ဘာကြောင့်ချစ်တာပါဆိုပြီး မပြောဖူးဘူး.."

သူ့မှာ ပြောစကား ဒါပဲရှိသည်..။နောက်ထပ် ထပ်မေးလျှင်လည်း ဒီအတိုင်းပဲ ထွက်လာပေလိမ့်မည်...။ ဟိုအရင်တုန်းက သူရည်းစားများစွာ ထားဖူးသည်...။ လွမ်းလောက်စရာ တစ်ယောက်မှ မပါသဖြင့် အချိန်တန်လျှင် တနည်းမဟုတ်..တနည်းဖြင့် ကွဲသွားကျသည်သာ...။ ရည်းစားကို ရည်းစားလောက်သာ သဘောထားခဲ့ခြင်းသည်..ချစ်သူ မဟုတ်သောကြောင့်ဖြစ်သည် ဟူသော အကြောင်းကို တော့ သူမကိုရှင်းပြချင်သည်...။သို့သော် သူရှင်းပြချင်သည့် စကားတွေက ရင်ထဲမှာသာ ...အပြင်သို့ ထွက်ကျလာဖို့တော့ မစွမ်းနိုင်..ရှာ..။

"အဟက်..ဟက်... ။မင်းက အဆန်းပါလား...ဒို့ကြုံဖူးသမျှထဲမှာတော့ မင်းပြောပုံပြောနည်းက အသစ်ဆုံးပဲ...ထားပါတော့..."

စကားကို ရပ်ထားလိုက်ရင်း..အဝေးမျှော်ကြည့်ဟန်ပြုပြီး...သက်ပြင်းချသံ သဲ့သဲ့ကို သူအတိုင်းသား ကြားလိုက်ရသည်..။ သူမရယ်လိုက်လျှင်ထွက်လာသော အသံလွင်လွင်လေးကို သူများစွာ နှစ်ခြိုက်သည်..။

"မဖြစ်နိုင်ပါဘူးကွာ..မင်းက သိပ်ငယ်သေးတယ်..ပြီးတော့ ဒို့က ငယ်တဲ့သူကို ...စိတ်မ၀င်စားဘူး..."

သူမစကား အဆုံးသတ်သွားသည်...။
သေမိန့်တော့မဟုတ်ပါ..။ သို့သော် ရပ်တည်ထောက်မထားသော ခြေထောက်တွေမှာ အားအင်တို့ပျောက်ဆုံးနေသည်..။ ဆက်ပြောစရာ စကားတို့ ချို့တဲ့သွားရှာသော ပါးစပ်နဲ့ နှလုံးသား ဆက်စပ်နေသည့်အကြောင်းကို ယခုမှ သူသဘောပေါက်သည်..။

ထိုနေ့က သူမှာ ပြန်ပြောစရာ စကားမရှိခဲ့...။ အသက်အရွယ်နဲ့ အချစ်..မည်သို့ မည်ပုံဆက်စပ်ကြောင်းကို သူလေ့လာရဦးမည်..။

ဒီနေ့ထိ သူနှုတ်ဆိတ်နေတုန်းဖြစ်သည်..။


billy (28.11.2011) 8:14 PM

သိခွင့်မရှိခဲ့


စာဖွဲ့ရေးတတ်သော်လည်း..သူမ၏ အလှကို စာဖွဲ့နိုင်ဖို့ မစွမ်းဆောင်နိုင်ခဲ့...

ပန်းချီဆွဲတတ်သော်ငြားလည်း..သူမ၏ ပုံတူကို မရေးဆွဲနိုင်ခဲ့...

သူမပြောသောလူမှုရေးကွန်ယက် တို့၏ အတိမ်နက်ကို  နားလည်ခွင့်မရခဲ့ ....

လိုင်းကားစီးလျှင် မျက်နှာညိုတတ်သော သူမကြောင့် ရသမျှလခ အလျှင်မှီအောင် သုံးစွဲခွင့်မရခဲ့....

အကောင်းဆုံးဆိုတာ သူမပါးစပ်ထဲတွင် သုံးလေးမျိုး ရှိနိုင်ကြောင်း သိခွင့်မရခဲ့....

အလွန်ယုံကြည်ခဲ့ရသော သူမ၏ အစစ်အမှန်တို့ အကြောင်းကို သိခွင့်မရခဲ့...

ဘ၀ရည်မှန်းချက်တို့ သည် သူမ၏ နှုတ်ခမ်းဖျားထက်တွင် အဖတ်ဆည်ခွင့်မရခဲ့...

အချစ်စစ်ဖြစ်ဖို့ လွမ်းတတ်ဆွေးတတ်ရမယ်ဆိုတာ သိခွင့်မရခဲ့..

အတိတ်ကို သိမ်းဆည်းထားတတ်သူတွင် အချစ်သစ်ရှာဖွေခွင့်မရှိကြောင်း သိခွင့်မရခဲ့..

မငိုတတ်လျှင် အသည်းနှလုံးမရှိသူအဖြစ် သတ်မှတ်တတ်ကြောင်း သိခွင့်မရခဲ့..

ခံစားချက်မပါပဲလုပ်နေသမျှ အချည်းအနှီးဖြစ်တတ်ကြောင်း သိခွင့်မရခဲ့....

လိမ်လည်တတ်လျှင် ... အဆင်ပြေချောမွေ့တတ်သော လူမူရေးတို့အကြောင်း သိခွင့်မရခဲ့...

နောက်ကျောကို ဓါးနဲ့ထိုးတတ်သူတို့တွင် နှုတ်ခမ်းပါးလှလှရှိတတ်ကြောင်း သိခွင့်မရခဲ့...

သစ္စာဖောက်ပျက် စကားတတ်သောသူတို့တွင် ချို(ဦးချို) မပါကြောင်း သိခွင့်မရခဲ့..

လှည့်ဖျား ကောက်ကျစ်သူတို့ ကိုယ့်ဂုဏ်ကိုယ်မဖော်တတ်ကြောင်း သိခွင့်မရခဲ့...

သူမတို့ကို အဘယ်ကြောင့်ချစ်ခဲ့သည်ကိုလည်း ကိုယ့်ကိုယ်ကို နားမလည်ခဲ့...

သူမတို့ အကြောင်း လေ့လာတိုင်း သူမတို့ သူမတို့ ကို နားမလည်ခဲ့....

နားမလည်ခဲ့..

နားမလည်ခဲ့

billy(5.12.2011) 7:30Pm

ချစ်သက်သေ

ဆောင်းတွင်းသာ ဆိုသော်လည်း အအေးဓါတ်ကို သူထိထိမိမိမခံစားရ..။မနက်စောစော ရုံးတက်ချိန်တွင်ကားစီးရသည်မှာ သက်တော့မသက်သာလှ..။ ချွေးအလွန်ထွက်တတ်သော သူအဖို့ တော့ ဆိုးရွားလွန်းလှသည်..။ ယခင်ကဆိုလျှင်တော့ ဒီလို ရုံးဆင်းရုံးတက်ချိန်မျိုးကို သူဘယ်တော့မှ လိုင်းကားစီးဖြစ်လိမ့်မည် မဟုတ်ချေ..။

သုံးလမ်း ..သုံးလမ်း…

သူစီးလာသော ဘတ်စ်ကားက ဗဟန်းသုံးလမ်းမှတ်တိုင်ရှေ့တွင် တုံခနဲ့ ရပ်သွားပြီ …သူလည်း မိမိကိုယ်ကို နှစ်ရှည်လများ ထောင်ကျပြီး ယခုမှ ထောင်ဘူးဝကိုမြင်ရသော အကျဉ်းသား တစ်ယောက်လို ဘတ်စ်ကား တံခါးပေါက်ဝသို့ အလုအယက် ခပ်သုတ်သုတ် တိုးလိုက်သည်..။ ထို့နောက် ကတ္တရာလမ်းပေါ်သို့ ခြေနှစ်ချောင်းလုံးကို စုံပစ်ခုန်ချလိုက်ရင်း….လေကို တစ်ဝကြီးရှုလိုက်သေးသည်..။

ရှေ့ မလှမ်းမကမ်းတွင်..အတန်းဖော် ညီညီကို လှမ်းတွေ့လိုက်သည်..။

...ညီညီ..

ဝေး   ညီညီ….

သူ ၃ ၄ ခါခေါ်သည်တိုင်..ညီညီက လှည့်မကြည့် …ရှေ့သို့သာ တူရူ သွားနေသည်..။ပြေးလိုက်သွားရန် ကြံပြီးမှ ခေါင်းထဲ အတွေးတခု ၀င်လာသည်..။ဒီလို မနက်စောစော ကန်တော်ကြီး ပတ်လမ်း ကို လမ်းလျှောက်ရင်း “မ” အကြောင်းကို အခါခါတွေးဘူးသည်..။ “မ” အကြောင်းကို တွေးမိတိုင်းလည်း ရင်ထဲမှာ ကြည်နူးမိသည်…။ ညီညီနဲ့ အတူလမ်းလျှောက်ဖြစ်လျှင်တော့ “မ” အကြောင်းကို များများစားစားမတွေးနိုင်…။

နယ်မှ ရောက်လာသော ညီညီ…သိချင်သော ရန်ကုန်မြို့၏ အကြောင်းအရာများ ကို မမောတမ်းဖြေရလေ့ရှိနေသဖြင့် …ဦးနှောက်က မေးခွန်းတွေ အပေါ်တွင်သာ အာရုံစိုက်ထား ရသည်..။ အခုတော့ ညီညီ မကြားလိုက်ခြင်းကပင် ခပ်ကောင်းကောင်းဖြစ်သွားသည်..။ သူစိတ်လွတ်ကိုယ်လွတ် “မ” အကြောင်းကို ကောင်းကောင်းတွေးနိုင်တော့သည်…။သူတက်နေသော ဟိုတယ်သင်တန်းရှိရာ ကန်တော်ကြီး ဟိုတယ်ရှေ့သို့ သုံးလမ်း မှတ်တိုင်မှ ၁၅ မိနစ်ခန့် လျှောက်ရသည်..။ဒါကြောင့် သူတနေ့ကို အနည်းဆုံး “မ”အကြောင်းကို ၁၅ မိနစ်ခန့် နေ့တိုင်းတွေးဖြစ်သည်..။

တကယ်တော့ လူတစ်ယောက်အကြောင်းကို နေ့တိုင်း ၁၅ မိနစ်ခန့် အားရုံစိုက်တွေးတောဖို့ဆိုတာ လွယ်လှသည်..မထင်..။ အချို့ကတော့ ပြောပေလိမ့်မည်..နည်းလွန်းသည်..ဟု..။ "မ"သာ သိလျှင် ဟုတ်မှန်ကြောင်း ထောက်ခံ၍ ရယ်နေပေလိမ့်မည်...။
"မ"နဲ့ သူဆုံ တွေ့စဉ်က ... အလွန်စကားများလှသော "မ"ကို စိတ်ဝင်စားခဲ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ရိုးအမှန်ပင်ဖြစ်သည်..။ အများအားဖြင့် "မ"နဲ့ ကျွန်တော်သည်..ကိုယ်ထင်ရာကိုယ်ပြော ငြင်းခုန်နေကြသည် သာများ၏..။

နောက်ဆုံးတွင်တော့ "မ" ကသာ သူ့ကို အရှုံးပေးလက်လျှော့ သွားရစမြဲဖြစ်သည်..။ သူကတော့ ကိုယ့်ကိုယ်ကိုယ် ဘ၀င်လေဟတ် ရင်ဘတ်ကော့မြဲပင်..။ လူတို့သဘော နိုင်စရှိလျှင် နိုင်ချင်မြဲ... အသာရချင်မြဲ ဖြစ်သည့် သဘာဝ အရ အငယ်ဖြစ်သော သူက အလျှော့မပေး စိတ်ကောက်လိုက်သေးသည်..။

ပျော်ရွှင်စရာ အချိန်များသည်... ပျော်နေရတုန်းလည်း ...ပျော်နေရသည်..ဟု မသိလိုက်ပဲ ကုန်ဆုံးလွယ်လွန်းလှသည်..။ ၀မ်းနည်းစရာ တွေကတော့ လက်ငင်း ဒိဌတွင် ခံစားဝမ်းနည်းရသလို နောင်အချိန်များစွာ ပြန်တွေးသတိရတိုင်းလဲ ကြေကွဲဖွယ်ကောင်းလှသည်..။ "မ" ကို နိုင်လိုမင်းထက် ပြုမှုပြောဆိုခဲ့တုန်းက  ၀မ်းနည်းပါစေ ဆိုသော ရည်ရွယ်ချက်မျိုး မပါစေကာမှု ...စရနောက်ရသည်ကို ပျော်ရွှင်မိသည်...ဆိုသော အချက်ကိုကား သူမငြင်းနိုင်...။

မည့်သို့ဆိုစေ အလွန်သဘောကောင်းသော "မ"သည်... တချိန်ချိန် သူ့ကို စွန့်ခွာမည်ဟူသည်ကိုသာ သူ တင်ကြို သိခဲ့လျှင် ဒီလောက်အထိ ရွှတ်နောက်နောက် ဆက်ဆံခဲ့လိမ့်မည်မဟုတ်ပေ..။ မည်သည့်ကိစ္စတွင် မဆို... တဖက်တည်း က လိုက်လျော အားထုတ်နေခြင်းသည်..ရေရှည်တွင်တော့ မကောင်းနိုင်...။ သိဥာဏ်ကိုစိုက် စဉ်းစားလိုက်သည့် အချိန်တွင်တော့ "မ" က ခပ်ဝေးဝေးမှာ ရှောင်ဖယ်ခွာကျင်တတ်နေပြီဖြစ်သည်..။

ခွဲခွာချိန်ရောက်ပြီးဟု သူမသိလိုက်ခင်... အချိန်အတော်ကြာက ပင် "မ" က အသင့်ပြင်ထားဟန်တူသည်...။အရာရာ နားလည် ရင့်ကျက်သော "မ" က သူ့ကို မှတ်သားစရာ စကားတချို့ ...ကို သူ့အတွက်ထုတ်နှုတ်ထားခဲ့သည်..။

"လက်ခုပ်သံထွက်ဖို့အတွက် လက်နှစ်ဘက်ရှိရမှာ ဖြစ်သလို..အသံကောင်းထွက်ဖို့ လက်နှစ်ဖက်လုံးက အချိန်ဆညီညီ တပြိုင်နက် လှုပ်ရှားရလိမ့်မည်..." လို့ ပြောခဲ့တုန်းက သူရယ်မိပြုံးမိသည်..။

ယခုတော့ ဆုံးမစကားတွေပြောတတ်တဲ့"မ" တစ်ယောက်...သူ့အနားမှာ မရှိတော့...။  အချိန်တန်လျှင် ခွဲခွာရမည်ကို သိခဲ့ပါလျှက်...ပျော်စရာမပေး ..သောကပေးခဲ့မိသော ကိုယ့်ကိုယ်ကိုယ် သာ ပြစ်တင်မိသည်..။ ရင်ထဲက အစစ်အမှန်တွေအကြောင်းကို ယခုချိန်ရောက်မှ.. မကြားနိုင်သော လူတစ်ယောက်ဆီသို့ အော်ဟစ်ပြီး မပြောချင်တော့...။ တကယ်တော့ ... သူ.."မ"ကို ချစ်မိနေသည်..ကို အချိန်တော်ကြာမှ သိခဲ့ခြင်းဖြစ်သည်..။

ဒီအကြောင်းကိုသာ သိလျှင် "မ" ကတော့ ပြုံးရုံမက ရယ်ပါ ရယ်နေပေလိမ့်မည်...။ နင့်အချစ်ကို ငါသိပါတယ်..။ရမလားလို့ လာပြောနေတာမှတ်လား ဟု "မ"က ပြန်ပြောခဲ့လျှင် သူရွံ့ရှာမုန်းတီးမိပေ့လိမ့်မည်..ကိုကိုယ်တိုင်နားလည်သည်..။အချစ်ကို ဦးထိပ်ထားတတ်သူ တစ်ယောက် မဟုတ်တောင်မှ ရှိစုမဲ့စု ဒီခံစားချက်ကလေးကို အလှောင်ပြောင် အစော်ကားမခံနိုင်..။အားနည်းချက်က သိပ်ချစ်တတ်တာပါဟု ... ပြောလျှင် မယုံမည့်သူကို အထပ်ထပ်ယုံအောင် မပြောချင်...။

ကိုယ်က အရင်စိတ်ဒုက္ခပေးခဲ့သူမို့ အလှည့်ရောက်လျှင် မနွဲ့စတမ်းပေါ့ဟု မာန်တင်းရသည်..။ကိုယ်နားမနေချင်...ခွဲခွာချင်သူကို ဆွဲမထားချင်...စိတ်မညစ်စေချင်...။ နောက်ဆုံး ချစ်သက်သေပြစရာဆိုလို့ "မ"သဘောကို လိုက်လျောလိုက်ခြင်း ပင် ဖြစ်သည်ကို "မ"တစ်ယောက်တော့ သိမှ သိပါလေစ..။

ကန်တော်ကြီးပတ်လမ်းမှာ "မ"နဲ့သူ အတူတူလမ်းမလျှောက်ဘူးပါ..။ သို့သော် စိတ်ကူးထဲမှာ အတူလျှောက်နေသည်..။တိုင်ဆိုင်ခြင်းအလျင်းမရှိ

တိုင်ဆိုင်လို့ တွေးမိရင် သတိရတာတဲ့ …။

အချိန်တိုင်းတွေးနေလျှင်တော့ လွမ်းတာတဲ့..။

သူ “မ”ကိုလွမ်းနေခဲ့သလား..ကိုယ်တိုင်ပင် ဝေခွဲခက်လှသည်..။


billy(27.11.2011) 5:12 PM

ပျင်းရိခြင်း သီအိုရီ


ငါလိုမဟုတ်တဲ့ လူတွေနဲ့
ဆက်ဆံရတဲ့ အခါတိုင်း
ပျင်းတယ်..။

ကြောက်တတ်တဲ့ လူတွေနဲ့
သရဲကားကြည့်တဲ့ အခါတိုင်း
ပျင်းတယ်..။

စကားပဲပြောတဲ့ လူတွေနဲ့
အလုပ်လုပ်ရတဲ့ အခါတိုင်း
ပျင်းတယ်..။

အမြဲပဲလွမ်းတဲ့ လူတွေနဲ့
ချစ်မိတဲ့ အခါတိုင်း
ပျင်းတယ်..။

အမြဲပဲ ချစ်တတ်တဲ့ လူကို
လွမ်းမိတဲ့ အခါတိုင်း
ငါ့ကိုယ်ငါ အပျင်းဆုံးပဲ..။

billy(27.11.2011) 2:35 Am

စွမ်းတဲ့ငါ


ပြေးနိုင်နေမှတော့ ဘာလို့ ရပ်နေရမှာလဲ..

သွားနိုင်နေမှတော့ ဘာလို့ ထိုင်နေရမှာလဲ

တွေးနိုင်နေမှတော့ ဘာလို့ ဘေးထိုင်နေရမှာလဲ...

ပေးနိုင်နေမှတော့ ဘာလို့ တောင်းနေရမှာလဲ..

ကျွေးနိုင်နေမှတော့ ဘာလို့ ငတ်နေရမှာလဲ..

မေးနိုင်နေမှတော့ ဘာလို့ နှုတ်ဆိတ်နေရမှာလဲ..

ဝေးနိုင်နေမှတော့ ..ဘာလို့ နှုတ်ဆက်နေမှာလဲ..

လွမ်းနိုင်နေမှတော့..ပန်းတိုင်ဘာလို့ ရှိရမှာလဲ

ဆွေးနိုင်နေမှတော့...ဘာလို့ ချစ်နေရမှာလဲ..


billy (၂၆.၁၁.၂၀၁၁) နံနက် ၆ နာရီ ၃ မိနစ်

လူတွေး


တပင်လဲမူ တပင်ထူဆိုတဲ့ စကားတောင် ရှိသေးတာပဲ..။
ငါရဲ့ချစ်ခြင်းတွေ အသစ်တဖန် ဖူးပွင့်တာလေးကိုတောင်မှ
မင်းလက်ခံမပေးနိုင်ဘူးလား..။
တသက်မှာ တခါပဲ ချစ်ရမယ်တဲ့လား..? ..
ပိတောက်တောင်မှ တနှစ်တခါအမြဲပွင့်နေတာပဲ မဟုတ်လားကွာ..။
ငါကို သင်းသတ်မလို့လား..။
လာခဲ့ပါ...။
ဒါပေမယ့် မင်းလက်တွေ လိပ်ပြာသန့်ဖို့လိုလိမ့်မယ်..။

တသက်မှာ တစ်ယောက်တည်းပဲချစ်ဖို့အတွက်...
မင်းမှာ လုံလောက်တဲ့ အစွဲအလန်းတွေရှိနေရလိမ့်မယ်..။
ငါကတော့ သူတော်စင်လမ်းကို လျှောက်လှမ်းဖို့
ပါရမီတွေ မလုံလောက်သေးဘူးထင်တယ်..။

အတ္တမရှိရင် အသက်ဆက်ဖို့ လွယ်မယ်ပေါ့..။
အဲ့ဒီ အတ္တတွေထဲမှာ ဘယ်သူ့ အတွက် ရာခိုင်နှုန်း ဘယ်လောက်ပါတယ်ဆိုတာ...
မင်း စစ်တမ်းကောက်ဘူးသလား...။
တကိုယ်ကောင်းဆန်ဖို့ အတွက်...
လူတစ်ယောက်ကို ချစ်တယ်ပြော..
အရိပ်အကဲကြည့်..
အပင်ပန်းခံ..
ငါကလိမ်ညာနေတယ်ပေါ့..။

ဝယ်လိုအားနဲ့ ရောင်းလိုအား ဥပဒေသကိုသာ မင်းသဘောပေါက်ရင်..
ယောက်ျားတစ်ယောက် ဘာကြောင့် ချစ်တယ်..ချစ်တယ်
ခဏခဏပြောရတာလဲ မင်းနားလည်တန်ကောင်းပါရဲ့..။
ရောင်းသူနဲ့ ၀ယ်သူ အသံမတူရင် နေပါစေ..
ဈေးကွက်ကိုတော့ သဘောပေါက်ရမှာပေါ့..။
အရာရာမှာ အားအင်စိုက်ထုတ်မှ အကျိုးခံစားရတဲ့ အမျိုးအနွယ်မို့...
အစဉ်တစိုက် ကြိုးပမ်းနေရတာပါ..။

ဘ၀မှာ..ခဏ
လမ်းကြုံလို့ ခရီးဆုံခဲ့ကြတဲ့ သူအချင်းချင်းပဲ..။
တလှေတည်းစီးတာချင်းတူပေမယ့်..တခရီးတည်း လဲ ဟုတ်ချင်မှ ဟုတ်မှာပေါ့..။
အားလုံး အချိန်တန်ရင် ကိုယ့်လမ်းကိုယ်ဖောက်..ကိုယ့်ခရီးကိုယ်လျှောက်ရမှာပဲ..။
ဒါကို သိနေရင် ဆုံတုန်းခဏ ရိုးသားလိုက်ပါလား...။
ချစ်တာကို ချစ်တယ်..မုန်းတာကိုမုန်းတယ်...။
ဘာလို့များဖုံးကွယ်ထားမှာလဲ...။

ရိုးသားတတ်ဖို့ကို  သင်ခဲ့ဘူးတဲ့ အမေကိုယ်တိုင်တောင်...
ငယ်ငယ်က ဒေဝေါတွေ အကြောင်းပြောခဲ့ဖူးသေးတာပဲ..။
လိမ်တာဟာ လိမ်တာပဲလို့ပြန် ပြောတတ်ဖို့ကို နှစ် ၂၀ ကျော်စောင့်ခဲ့ရတယ်..။
ပျားရည်နဲ့ ၀မ်းမချပါနဲ့...။
မရိုးသားတာကိုပဲ စကားလုံးတွေနဲ့ တန်ဆာဆင်ကြတယ်...။

အသက်အရွယ်ကို ခုတုံးလုပ်ပြီး လေးစားမှုကိုမလိုချင်ပါနဲ့...။
အောက်ကျမခံရအောင်....ခုကတည်းက စပြီးရိုးသားလိုက်ပါ...။
လူ့အောက်ကျလို့ မသေဘူးဆိုရင် ...နေကြည့်ပါလား..။
အကျန်စားရတာဟာ..ကြံစားရသလို မချိုဘူးနော်..။

လူလူချင်း အတူတူပါပဲဆိုပြီး ..တချို့က လူထက်သာတဲ့ လူတွေဖြစ်ချင်တယ်..။
ငါကတော့ သာမန်ပဲဖြစ်ချင်တယ်...။
လောဘမရှိဘူးပဲ ဆိုချင်ဆို ...စိတ်ကူးယဉ်တယ်ပဲပြော..ပြော...။
မင်းသိပ်ကြိုက်တဲ့ စာတွေကို ဒီစိတ်ကူးထားတဲ့ အိမ်မက်တွေထဲကပဲ ထုတ်နှုတ်ထားခဲ့တာ..။

သိစေချင်တယ်...
ပန်းပျိုးတဲ့လက်က ပန်းခူးချင်ခဲ့ရင်
အဲ့ဒီပန်းကသိပ်လှလို့ နေလိမ့်မယ်...။

ပန်းမပျိုးတတ်ပဲ ပန်းခူးချင်ခဲ့ရုံနဲ့တော့ ...
ငါ့အပြစ်မဟုတ်ဘူးထင်တယ်..။
မင်းလည်း ပဲလှလို့ ဖြစ်ပါလိမ့်မယ်..။


billy (11:43 PM) 17.11.2011

သေချာခြင်း


မသေချာတဲ့ အနာဂါတ်ကို ဆုပ်ကိုင်မထားချင်ပါဘူး..။
ဒါပေမယ့် လှလှပပထုပ်ပိုးထားမှ သဘောကျတတ်တဲ့
လူတွေရဲ့စိတ်ကို လှည့်စားဖို့အတွက် တိမ်တဆုပ်ကို ငါပါဆယ်ထုပ်ထားတယ်..။
လိပ်စာ ကိုသာ သေချာပြော....
နောက်တော့ ဆက်ဆက်စောင့်နေ..။
ကွန်နက်ရှင်ကောင်းတာနဲ့ attach လုပ်လိုက်မယ်..။
မင်းလိုချင်တဲ့ စိတ်ကူးတွေ ငါချရေးထားတယ်..။
မိတ္တူ မပွား ...ကော်ပီလည်း မထားဘူး..။
ရင်ဘတ်နဲ့ ရေး
နှလုံးသားနဲ့တွေးတယ်..။
ထမင်းမ၀သေးတဲ့ လက်တွေကြောင့် လက်ရေးတော့ မလှဘူးကွယ်..။
ကြည့်လိုက်တိုင်း လ၀န်းမှာ မင်းမျက်နှာမြင်တယ်..
ငါ့အသက်ဆက်ခဲ့ရင်...အနာဂါတ်မှာ လိုချင်တယ်..။
သေချာတယ် မင်းပဲကွယ်..


billy (8:14) PM 12.11.2011

ဘ၀နာခြင်း


"မင်းက ဘ၀မနာတတ်ဘူး.."
ဒီစကားကို လွန်ခဲ့သော ၁၀ နှစ်ကျော်က အဖေပြောခဲ့ခြင်းဖြစ်သည်...။

အချိန်အတန်ကြာ ကျွန်တော် နားလည် ဖို့ မစွမ်းနိုင်ခဲ့သော အသုံးအနှုန်းတစ်ခုဖြစ်နေခဲ့သေးသည်..။ရံဖန်ရံခါ ထိုစကားကို ပြန်ပြန်ကြားမိတိုင်း ...  ဘယ်လို အသုံးအနှုန်း ပါလိမ့်ဟု စူးစမ်းမိသည်...။ ပြောသူက မည်သို့ သဘောပေါက်စေချင်၍ ပြောမှန်းမသိသော်လည်း.. ဘ၀နာသည် ဆိုခြင်းမှာ မိမိဘ၀တိုးတက်ဖို့ အတွက် သူတစ်ပါး ပြစ်တင်တိုင်း နင့်နင့်နဲနဲ မှတ်သားထားရန်ဖြစ်သည်..ဟုကျွန်တော် နားလည်ခဲ့ရသည်..။ဗမာဗွီဒီယို ကားများတွင် ထိုအတိုင်း သာ တင်ပြလေ့ရှိသည်..။ မင်းသား(သို့) မင်းသမီးက သိပ်ဆင်းရဲ..ဒါကိုလူတွေက ၀ိုင်းနှိမ်.. နှိမ်ခံရသူက မှတ်သားထား..နောက်ပြန်ကလဲ့စားချေ...။ ထိုသို့ဆိုလျှင် ဘ၀နာခြင်းဆိုသော အသုံးအနှုန်း သည်..လူတိုင်းအတွက် မဟုတ်..။အနှိမ်ခံလူတန်းစား ဆင်းရဲသားများ အတွက်သာဖြစ်သည်...။စကားလုံး တစ်လုံးသည်...ဘုံသုံးမဟုတ်ပဲ တသီးပုဂ္ဂလ လူတန်းစားတရပ်တည်းအတွက် ဖြစ်နေခြင်းသည်...လက်ခံနိုင်ဖွယ်မရှိပေ..။

ဆင်းရဲတိုင်းသာ ဘ၀နာရမည် ဆိုလျှင် နဂိုကတည်းက နာနေသော ဘ၀ထော့ကျိုးကို စိတ်ရိုင်းစိတ်နောက်တွေ ၀င်လာစေရန် ထိုစကားလုံးကို မည့်သို့သော စာတတ်ပုဂ္ဂိုလ်က ဖန်တီးခဲံ့သည်..မသိချေ..။ ဒါကတော့ တင်ပြပုံ ကို မနှစ်သက်၍ ဆင်ခြင်ကြည့်ချင်ဖြစ်သည်..။

ဘ၀ နဲ့ နာကို တဆက်တည်း ဖတ်၍ ဘ၀နာ သို့မဟုတ်...ဒဏ်ရာအနာတရတွေနဲ့ ဘ၀ဟု အလွယ်တကူ ကောက်ချက်ဆွဲသော ဥာဏ်ကြီးရှင်များကိုလည်း လေးစားမိပါရဲ့....။ပိုဆိုးသည်က ထိုသို့ထင်သည့်  အတိုင်းကို ပြန်လည် တင်ပြ ဆုံးမခြင်းကိုက ... တက်လူတစ်ယောက် အတွေးဂေါက်သွားနိုင်လောက်သည်ကိုကော် စဉ်းစားမိပါလေစ...။

မူရင်း အဓိပါယ်ကို သေချာဆန်းဆစ်ကြည့်လိုက်တော့ ... ဘ၀နာဆိုသည်မှာ ဘ၀အကြောင်း ကောင်းကောင်းသိသည်..။ဘ၀ကို နားလည်သည်..။ဘ၀ကို ကျေညက်သည်...။ ဘ၀နဲ့ပတ်သတ်လျှင် အရာရာကို နားလည်နိုင်သည်..။ ...ဒီလို သဘောပေါက်နိုင်ဖို့ကို အချိန်နည်းနည်းပေး ခေါင်းအေးအေးလေးနဲ့ စဉ်းစားရင် ရနိုင်သည်..။

မည်သို့ဆိုစေ ကျွန်တော်သည်..ဘ၀မနာတတ်ပါ...။ရခဲလှတဲ့ လူဘ၀မှာ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရလျှင်ပင် တော်တော်ကျေနပ်စရာကောင်းလှပါပြီဟု ထင်မိသည်..။ဖွဲ့ဆိုချင်လျှင် ဖွဲ့ဆိုနိုင်သလောက် ကျယ်ပြန့်လှသော၊နက်နဲလှသော ဘ၀၏ သဘောတရားများကို အသက်ကြီးလေ အော်တိုငုတ်တုတ် ပို၍ပို၍ သိလာခဲ့ရသည်။လက်ရှိအချိန်တွင်ပင်လျှင် နာတာရှည် ရောဂါသည်တစ်ယောက်ကဲ့သို့ ချည့်နဲ့နေသော ဘ၀ကို ရထားပြီးပြီမို့ ကြံဖန်ပြီးတော့လည်း ဘ၀နာစရာ အကြောင်းမရှိတော့ပေ...။

စေ့စေ့တွေး ..၊ရေးရေးပေါ်ဆိုသလို တွေးကြည့်လိုက်လျှင်တော့ ဘ၀ အကြောင်းက ကောင်းတာနည်းနည်း အမှားသံသရာထဲမှာပဲ ၀ဲလည်နေမှန်းလည်း မသိမဟုတ်သိ၏..။ မကွေး မဆန့်ခင်..ထွက်သွားနိုင်တဲ့ အသက်တစ်ခု အတွက် ဘ၀ကို အရင်းပြု ရှင်သန်နေသော ထိုအစုထဲမှာ ကျွန်တော်လည်း ပါပါ၏..။

အချို့တွေက ဘ၀ညာကြသည်..။ (အထူးသဖြင့် အွန်လိုင်းမှာဖြစ်သည်)..ယောက်ျားက မိန်းမဖြစ်..၊ လူအိုက အပျိုဖြစ်..၊ ဆိုက္ကာသမားက ပွဲစားဖြစ် ၊သူခိုးက ပိုင်ရှင်ဖြစ်၊ ...ကိုယ့်ချစ်သူက သူများရည်းစားဖြစ်..၊ အဲ့လို..အဲ့လို

အချို့က ဘ၀အာကြသည်...။ တရာဖိုးရှိက..တစ်ထောင်ဖိုး..၊ တစ်ထောင်ဖိုးရှိက...တစ်သောင်းဖိုး ...၊

အချို့က ဘ၀ပြာကြသည်..။ အမြဲတမ်း ကတိုက်ကရိုက်နဲ့ ...ဘာမှန်း မသိ အလျှင်လိုနေကြတယ်..။အောင်မြင်ဖို့ အတွက် စိတ်ရှည်ရမယ်ဆိုတာ သူတို့ မေ့နေပုံပဲ...။

အချို့က ဘ၀သာကြတယ်။ မွေးကတည်းက ဒုက္ခဆိုဂျို နဲ့လားမေးရလောက်အောင်... ရပ်တည်မှုနဲ့ ရှင်သန်မှုမှာ ချိတ်ဆက်ကောင်းကောင်းရှိကြလေရဲ့...။

အချို့က ဘ၀ရှာကြတယ်..။ ဘ၀နေ၀င်ချိန် ရောက်နေတာတောင်မှ... ဘ၀ရဲ့ အနှစ်သာရ နဲ့ အစစ်အမှန်တွေကို မတွေ့နိုင်သေးဘူး...။ သူများတွေ ရဲ့ ယုံကြည်မှုနောက်ကိုလိုက်ရင်း အချိန်တွေကုန်နေတတ်တယ်..။

အချို့က ဘ၀ဆာကြသည်..။ သူတကာတို့ထပ် အသက်ပိုရှည်ချင်တယ်..။လောကကြီးမှာ အကြာကြီးရစ်မူးချင်ကြသည်..။ဘ၀ကွာလတီထက် ဘ၀ရဲ့ အလျားကို ပိုပြီးခုံမင်ကြတယ်..။

အချို့က ဘ၀ကြာကြတယ်...။ ဆင်းရဲငတ်မွတ်...လိုအင်ဆန္ဒမပြည့်ကြ...စိတ်ဓါတ်ကျစရာတွေ များကြလို့ စက္ကန့်တိုင်းက ပိုလိုကြာညောင်းကြတယ်..။

အချို့ကတော့ ဘ၀ဟာကြတယ်..။ ဘယ်လောက်ဖြည့်ဖြည့် မပြည့်နိုင်လို့ ၀မ်းအပြင် အိတ်ရှိသလားလို့တောင် သံသရ ၀င်မိတယ်..။ဘယ်နှစ်ဘ၀စာအတွက်များ...အားထုတ်နေပါလိမ့်..

အချို့က ဘ၀ချာကြတယ်...။လှော်ရင်းနစ်နေလို့ မလှော်တာ့လည်း မုန်းတိုင်းက ထန်ပါရော်...။ဒီကြားထဲ ပင်လယ်ထဲ ရေငတ်နေလို့ ..
တဲ့..

အချို့က ဘ၀မာကြတယ်...။ မာသမှ ဒေါင်ဒေါင်မြည်...။ တစ်သံသရာလုံးစာကို တဘ၀ထဲနဲ့ အပြီးအပိုင် ခံစားသွားကြရတယ်..။

ဘာပဲဖြစ်ဖြစ်...ကျွန်တော်တို့ အားလုံး ဘ၀ကွာ ကြပါတယ်...။

ကျွန်တော်ကတော့ ဘ၀ဂါ* ပါတယ်...။ သောက်သောက်စားစားလူမင်းသားဆိုတဲ့ထုံး နှလုံးမူလို့ လုပ်ချင်ရာလုပ်တုန်း...

အဖေသာ သိရင်ထပ်ပြောဦးမယ်...။ မင်းခုထိ ဘ၀မနာတတ်သေးဘူး ရယ်လို့.....


* ဂါ(ဂါခြင်း) ။              ။ အဆင်ပြေပြေ..မပြေပြေ ..အမြဲမူးနေတတ်သူ..၊ တစုံတခု အဆင်မပြေသူ...၊ အဆင်ပြေခြင်းမှ လွတ်ထွက်နေသူ....

billy (2.9.2011) PM 1:45

ရှပ်ထွေးခြင်း အနုပညာ



ရှင်းလင်းအောင်
ရေးတတ်ဖို့လိုလို့လား...
ငါရေးနေတာ စကားပြေမှ မဟုတ်တာ
ရှုပ်ထွေးလေ
လူကြိုက်များလေ..လေ
ခေတ်...
ဒါကြောင့် ဥာဏ်မမှီလေ
ပိုအထင်ကြီးလေ...လေ
ခက်လေ...ပိုကြိက်လေ...
ဥာဏ်မှီဖို့ ရေးရအောင်..
ငါက ဥာဏ်တိမ်နေလို့လား...
ဖန်တီးသမျှ င့ါမော်ဒါန်...
ဥာဏ်ကျယ်တွေ ...ဖတ်ဖို့ချည်း...
billy 23.10.2011

မလိုသည်များကို ဖြုတ်ပစ်ပါ


လူတိုင်း အမြဲမမှန်နိုင်ပါ။ .........ကျွန်တော်လည်း လူထဲက လူတစ်ယောက်ပါပဲ။ဒါကြောင့် ရံဖန်ရခါ၊ တစ်ခါတစ်ရံ ၊ မကြာခဏ ၊ အတော်အတန် ၊ အလျင်းသင့်သလို အကြိမ်ပေါင်းများစွာ၊ မှားယွင်းဘူးပါတယ်။လူတိုင်းလိုပဲ ကျွန်တော်မှာ ဆုံးဖြတ်မှု ၊ရွေးချယ်မှု ၊အစီအစဉ်မကျမှု ၊ နေသားတရကျမဖြစ်မှု..၊ တလွဲတချော်လုပ်မှု စသဖြင့် အခွင့်အရေး တော်တော်များများကို ပိုင်ဆိုင်ထားပါတယ်။ လိုအပ်ချက်အရ ဆက်လက်ကျင့်သုံးနေရသော အကျင့်ဆိုးတော်တော်များများဟာလည်း အသွေးအသားထဲကို ပျော်ဝင်နေသည် မှာ နှစ်ကာလ အတန်ကြာပြီမို့ ဖျောက်ဖျက်ရခက်နေခဲ့တာ ဆယ်စုနှစ်တစ်စုစာကျော်မျှပင်ဖြစ်နေရော့ မည်ထင်သည်..။

ဒါပေမယ့်လည်း ဒါတွေလောက် သစ္စာရှိပြီး ကောင်းတဲ့ အရာတွေ မတွေ့သေးလို့များ ဒီအရာတွေကို ညှိတွဲနေသလား စဉ်းစားဖူးပါတယ်။့  ဒီအရာတွေသာ ကျွန်တော့် အနားမှာ မရှိရင် ဘဝဆိုတာကြီးကတော် အဓိပ္ပါယ်ရှိပါ့မလား။ လိုအပ်ချက်ဆိုတာကလည်း လူတစ်ဦးနဲ့ တစ်ဦးမတူလေတော့ ညှိနှိုင်းရခက်မယ်ဆိုတာကိုလည်း သိပါရဲ့..။ လူသားတိုင်းအတွက် အကောင်းဆုံး ဘဝနေထိုင်နည်းတစ်ခုတော့ ရှိမယ်ဆိုတာကိုတော့ ဘယ်တုန်းကမှ သံသယမဖြစ်မိပါဘူး။ ဒါပေမဲ့ပေါ့လေ.. လူတစ်ဦးတိုင်းဆီမှာ သူ့ဘဝနဲ့ အဆင်ပြေမယ့် ဘဝနေထိုင်နည်း တစ်ခု ရှိတယ်ဆိုတာ ကျွန်တော် တော်တော်နောက်ကျမှ သိခွင့်ရခဲ့ပါတယ်..။

ကျွန်တော်သာ ဘီ-၆၀၀ လေး တစ်စီးပိုင်ဆိုင်ခဲ့ရင် ဖရားရီး ၊ လီမိုဂီနီ လိုမြန်အောင် မောင်းနိုင်မှာ မဟုတ်သလို ချက်ဗိုလက် လို အကြမ်းခံမှာလည်း မဟုတ်ပါဘူး။ဘီ-၆၀၀ ပိုင်တဲ့သူဟာ ဘီ-၆၀၀ ရဲ့ စံချိန်စံညွှန်းကို ကျော်လွှားပြီး အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။(အခုတော့ ကားပါးမစ်တွေ ချပေးမယ် ဆိုလို့ ဈေးတက်ကုန်ပါပြီ)  ကုန်ပိုတွေတင်ရင် ကားလေးဖင်ထောင်သွားမယ်။ အမြန်မောင်းရင် အင်ဂျင်လေးကွဲသွားမယ်။ဒီလို ဒီလို မလိုလားအပ်တဲ့ ဆိုးကျိုးတွေ အများကြီးဖြစ်နိုင်ပါတယ်..။ ဒါကြောင့် ကားလေးပေါ့ပေါ့ပါးပါးဖြစ်အောင်..ကျွန်တော့် ကားလေးကို ဝိတ်လျှော့ရမယ်။မဖြစ်နိုင်တာတွေကို မိုက်မိုက်မဲမဲ မလုပ်မိဖို့ ဆီချုပ်ရမယ်..။  မလိုတာတွေကိုဖြုတ်ပစ်ရမယ်။ဒါမှ လိုချင်တဲ့ ခရီးကို မြန်မြန်ရောက်မယ်။ ဘဝဆိုတာလဲ ဒီလိုပဲထင်တယ်..။မလိုတာလေးတွေကို ဖြုတ်ပစ်မှ လိုရာပန်းတိုင်ကိုပေါ့ပေါ့ပါးပါး မြန်မြန်ရောက်နိုင်မယ်မဟုတ်လား..။

့ လူတစ်ဦးစီမှာ မလိုတာလေးတွေ ကိုယ်ဆီရှိကျမှာပေါ့။ကျွန်တော်မှာဆိုရင် အများကြီးပဲ။လောကနီတိ ဖတ်တိုင်း ကိုယ်နဲ့လွတ်တာမရှိသလောက်အောင် လူမိုက်၊လူညံ စရိုက်အရမ်းများတယ်။ဒါတွေပြောပြီး ဒေါတွေပွနေရင် ပြီးတော့မှာ မဟုတ်လို့.. ပြောချင်တာလေး တစ်ခုပါ။(စေတနာသန့်သန့်လေးနဲ့) မလိုသည်များကို ဖြုတ်ပစ်ပါ။

billy (31.10.2011)

ဟိုးလွန်ခဲ့သော (၃) နှစ်နီးပါးလောက်က ရေးမိရေးရာ ...ရေးထားတဲ့ အတွေးတချို့ကို ပြန်လည်ဖြည့်စွက် ရေးသားထားပါသည်..။

ခေတ်ယောက်ျား Vs မော်ဒန်မိန်းမ


man     : လွမ်းစရာရှိမှ ချစ်တတ်သည်..။
woman : ချစ်စရာရှိသည်နှင့် တပြိုက်နက် လွမ်းတော့သည်..။

man     : အသက်ကြီးလေလေ ရည်းစားလိုချင်လေဖြစ်သည်..။
woman : အသက်ကြီးလေလေ အိမ်ထောင်ပြုချင်လေဖြစ်သည်..။

man     : အလိုပြည့်သွားလျှင် အချစ်ပေါ့သွားတတ်သည်..။
woman : အလိုပြည့်လေ ချစ်လေလေ ဖြစ်သည်..။

man     : အပြင်သွားရင်း ချစ်သူရှာတတ်သည်..။
woman : ချစ်သူရှိမှ အပြင်သွားလေ့ရှိသည်...။

man      : ချိန်းတွေ့ သူတိုင်းကို ရည်းစားလုပ်ချင်သည်...။
woman : ရည်းစားလုပ်ချင်သူကို မှ ချိန်းတွေ့သည်..။

man     : မိန်းကလေး အကြောင်းပြောလျှင် ခန္ဒာဗေဒ အကြောင်းပြောလေ့ရှိသည်..။
woman : ယောက်ျားကလေးများ အကြောင်းပြောလျှင် ရုပ်လက္ခဏာ အကြောင်းပြောလေ့ရှိသည်..။

man     : အရက်သောက်ချင်လျှင် show ပွဲသွားသည်..။
woman : ရည်းစားလိုချင်လျှင် show ပွဲသွားသည်..။

man     : အကြောင်းကိစ္စရှိမှ Shopping Center ရောက်သည်..။
woman : အပြင်သွားတိုင်း Shopping Center ရောက်သည်..။

man      : ရုပ်ရှင်ကြည့်လျှင် ပျင်းတတ်သည်..။
woman : အပျင်းပြေအောင် ရုပ်ရှင်ကြည့်တတ်သည်...။

man      : စားသောက်ဆိုင်ထိုင်မှ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်သည်...။
woman : သူငယ်ချင်းတွေနဲ့ ဆုံမှ စားသောက်ဆိုင်ထိုင်လေ့ရှိသည်..။

man     : ရည်းစားနဲ့ စားသောက်တိုင်း ဒကာခံလေ့ရှိသည်..။
woman : သူငယ်ချင်းတွေနဲ့ စားတိုင်း ဒကာခံလေ့ရှိသည်..။

man     : ရည်းစားနဲ့ သွားမှ Taxi စီးလေ့ရှိသည်..။
woman : နောက်ကျမှ Taxi စီးလေ့ရှိသည်..။

man     : သုံးစရာဖောဖောသီသီရှိလျှင် ရည်းစားရတတ်သည်..။
woman : ရည်းစားရှိလျှင်တော့ သုံးစရာ ဖောဖောသီသီဖြစ်သွားတတ်သည်..။

man     : ကိုယ့်ထက်လှသူ ဖြောင့်သူကို မြင်လျှင် ဖြတ်ရိုက်ချင်သည်..။
woman : ကိုယ့်ထက်ရုပ်ရည်ချောမောသိုကို မြင်လျှင် အပေါင်းအသင်း မိတ်ဆွေ ဖွဲ့ချင်သည်..။

man     : ယောက်ျားကလေး ငြိမ်ငြိမ်နေလျှင် သုံးစရာပြတ်၍ဖြစ်သည်..။
woman : မိန်းကလေး ငြိမ်ငြိမ်နေလျှင်တော့ အိမ်ကြောက်၍ ဖြစ်သည်..။

man     : မူးသွားလျှင် ပျော်ပါးချင်သည်..။
woman : ပျော်ပါးချင်လျှင် မူးချင်ယောင်ဆောင်လိုက်သည်..။

man     :အိမ်ထောင်ပြုလျှင် စေ့စေ့စပ်စပ် ကြည့်ပြီးယူသည်..။
woman : ဈေးဝယ်လျှင် စေ့စေ့စပ်စပ်ကြည့်ပြီးမှ ၀ယ်သည်..။

man      : အိမ်ထောင်သည် ဘ၀ရောက်မှ ရည်းစားအကြောင်းပြောလေ့ရှိသည်..။
woman : ရည်းစားဘ၀ကတည်းက အိမ်ထောင်သည် အကြောင်းပြောလေ့ရှိသည်..။

man      : ရည်းစားထပ်မရမှ အိမ်ထောင်ပြုသည်..။
woman : ရည်းစားရမှ အိမ်ထောင်ပြုသည်..။

man      : နောက်ဆုံးအချစ်ကို အချစ်ဆုံးဖြစ်သည်..။
woman : အဦးဆုံးသူကို အချစ်ဆုံးဖြစ်သည်..။

သင်လည်း ဒီထဲက တစ်ချက်ချက်နဲ့ ငြိရင် အော်တို ခေတ်မှီနိုင်ပါကြောင်း...

မောင် billy လက်ဆော့သည်...။

(9.9.2011) 9:50 AM

ချိုအီစိမ့်မွှေး


သကြားမပါလို့ ဆီးချိုသမားတွေ အတွက်သင့်လျှော်ပါတယ်...။
ဒါပေမယ့် ချိုမြလွန်းတယ်..။

အဆီမပါလို့ ၀မှာ မစိုးရိမ်ရပါဘူး...။
ဒါပေမယ့် အီလှပါတယ်...။

ဆားမပါလို့ သွေးတိုး ဖြစ်မှာ မကြောက်ရပါဘူး...။
ဒါပေမယ့် စိမ့်လှပါတယ်....။

ရနံမပြင်းလို့ နံမှာလည်း မပူရဘူး..။
ဒါပေမယ့် သင်းပျံ့ မွှေးလှပါတယ်...။

အဲ့ဒါ...
ချစ်သူ့အနမ်းပေါ့...။

ချိုအီစိမ့်မွှေး ........

(မှတ်ချက်။  ။နမ်းဖူးသူတိုင်း သိပါလိမ့်မယ်... :P )

billy လက်ဆော့သည်...။ (23.8.2011)

အလိုက်သမားရဲ့ အပြေး


ကျွန်တော် စာမရေးတာ အတော်ကြာပါပြီ..။ရေးစရာလည်း မယ်မယ်ရရ မရှိလို့ ထင်ပါတယ်..။တခါတရံ အရက်သောက်ချင် သည်ကလွဲရ်ျ ကျွန်တော့် အချိန် တော်တော်များများ နေသာထိုင်သာရှိသည်သာ...။ ကျွန်တော် ခေါင်းထဲတွင် မဲလုံး ၊ ၀ါဆိုဦး ၊ ဧပရယ် ၊ iPad ၊ 450Mhz ၊ တရုတ်ပစ္စည်း ၊ networking ၊ Facebook ၊ သင်္ဘောသီးသုပ် ၊ ၀က်သားတုတ်ထိုး ၊ ABC ၊ ကြက်ဂွေးတောက် ၊ ငါးကြင်းမြှီးကြွပ်ကြော် ၊ပဲခြမ်းသုပ် ၊ စင်္ကာပူ ၊ ထိုင်းနိုင်ငံရေး ၊ ပတ်စ်စပို့ ၊ discount ၊ စသည့်ဖြင့် အကြောင်းအရာ အတော်များများဖြင့် ပြည့်သိပ်နေသည်၊

ရံဖန်ရံခါ ကွန်ပြူတာရှေ့ ရောက်သော်လည်း ဘာရေးလို့ ရေးရမယ်မှန်းမသိ။ ကျွန်တော်ရေးသော စာအတော်များများသည် အတုယူစရာ ၊ သင်္ခန်းစာယူစရာ ၊တွေးတော်စရာ ကင်းမဲ့နေချည်းသာ။ ကျွန်တော့် ကိုယ်ရေးကိုယ်တာ ခံစားချက်သက်သက်များသာဖြစ်ရ်ျ စာဖတ်သူတို့အား တစုံတရာ ပေးနိုင်ရန် အားနည်းလျှက်ရှိသည်..။အကြိမ်ပေါင်းများစွာ အလဲလဲ အကွဲကွဲ ဖြစ်နေသော နှလုံးသားကို ဗဟိုပြုရ်ျ ဖွဲ့နွဲ့သီကုံးထားသော ငိုချင်းရှည်များသာ ဖြစ်သည်ဟု ကျွန်တော် ထင်ပါသည်။


ကြားခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိတယ်..။ " လိုက်ရင်ပြေးတယ်..ပြေးရင်လိုက်တယ်.. " ချစ်ရေးချစ်ရာနဲ့ ပတ်သတ်တဲ့ စကားတစ်ခွန်းပါ..။

အကြိမ်ပေါင်းများစွာ လိုက်တဲ့သူဖြစ်ခဲ့တဲ့ ကျွန်တော့်အတွက် ပြေးတယ် ဆိုတဲ့ ဝေါဟာရ ကို အဓိပ်ပါယ် မဖွင့်တတ်ပါ..။ဗမာ လူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာအရ ယောက်ျားလေး သည် အချစ်ရေးတွင် အလိုက်သမားသာဖြစ်သည်..။သို့အတွက်ကြောင့် မည့်သို့မည်ပုံ လိုက်ရမည်ကို မကျွမ်းကျင်လင့် ကစား ကျွန်တော်သည် သဘာဝ တရားက ဖန်ဆင်းထားသည့် အလိုက်သမားသာဖြစ်ခဲ့ရသည်..။

.သို့ဆိုသော်ငြားလည်း...ကျွန်တော်သည် တောကျွမ်းသော...၊ ပရိယာယ်ကြွယ်ဝသော ..၊ ရဲရင့်တက်ကြွသော တောလိုက်မုဆိုးတစ်ယောက်မဟုတ်သောကြောင့် သက်သက်လွတ်ဟင်းစားရသည့် ရက်တွေကဒုနဲ့ဒေး..။ရံခါ  မိမိ ညွှတ်ကွင်းအတွင်းသက်ဆင်းလာသော ..သားကောင်းတို့အပေါ်တွင်တောင်မှ အစားတလုတ်အတွက် ဘ၀တခုကို ရင်းစားမပြုဝံခဲ့...။ ထို့ကြောင့် ခပ်ချာချာ မုဆိုးရှော်ကြီးကျွန်တော်သည်လည်း သားရဲတောမှ လက်ချည်းဗလာ ၀မ်းဟာတာဖြင့် ပြန်ခဲ့ရခြင်းမှ အဆန်းတကြယ်မရှိလှ... ။

ကြာသော်...ကျွန်တော်သည်... မစားရတဲ့ ကလေး မငတ်ဘူးဆိုသကဲသို့ ....ငတ်ရကောင်းမှန်း မသိသော ...ကလေးတစ်ယောက်လို ဖြစ်မှန်းမသိ ဖြစ်လာလေ သလားပင်မသိ..။ နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်း မှန်သမျှကိုယ်နဲ့ မဆိုင်ဟု ထင်နေသော...ဆိုက်ကားသမား တစ်ယောက်လို ဘာသိဘာသာ နေခဲ့ မိလေသလား ကော်..မဝေခွဲတတ်..။ ချစ်ရေးချစ်ရာ ကိစ္စ ဆိုလျှင် လက်တွန့်နေတတ်သည်..။

သဘာဝအလျှောက် အချိန်တန်လူလားမြောက်လာလျှင် အဖော်ရှာစမြဲ ထုံးစံသာတည်း..။အရာရာတိုင်း တွင် နောက်ကျလေ့ရှိသော ကျွန်တော်သည်...ချစ်ရေးချစ်ရာ(၀ါ) အဖော်ရှာခြင်းကိစ္စတွင်လည်း နောက်ကျခဲ့ပြန်သည်..။သူငယ်ချင်း စုံတွဲပေါင်းစုံ၏ ပါရီဖြည့်ဘက်..(၀ါ) သူငယ်ချင်းများ၏ ချစ်နည်းလမ်းပွင့်ပေါင်းစုံ ကို နှစ်ပေါင်းများစွာ အနီးကပ် ပညာသင် ဘ၀ဖြင့် အချိန်အတော်ကြာနေခဲ့ရင်း...ညုနည်း..၊ အီနည်း..၊ ဖန်နည်း..၊ ပတ်နည်း ..ပေါင်းစုံကို သိခွင့်ရခဲ့ပြန်သည်...။

သို့တိုင်အောင် ကျွန်တော်သည်...မည်မျှ ကြိုးစားပင် ကြိုးစားသော်လည်း.. ဥာဏ်ရည်မမှီသော လူတစ်ယောက်လို လုပ်သမျှ အလွဲအလွဲ အချော်ချော်..၊ အယောင်ယောင်အမှားမှားနှင့် နောက်ဆုံးတွင် တစ်ယောက်တည်းသာ..။ အမြှီးမပေါက်သော ..မျောက်တစ်ကောင်၏ ခံစားချက်ကို...အမြှီး မပေါက်သော.(၀ါ) အမြှီးပြတ်ဘူးသော မျောက်များသာ ကိုယ်ချင်းစာနိုင်ပေလိမ့်မည်..။သူများတွေလို ဘုရားသွားလျှင် ဖိနပ်ကိုင်ပေးမည့်သူမရှိ..၊ ရုပ်ရှင်ကြည့်လျှင် နေကြာစေ့ခွာပေးပြီးခွံကျွေးရမည့်သူမရှိ...၊ ကော်ဖီသောက်လျှင် ဖျော်ပေးမည့်သူမရှိ..။ အားငယ်စရာကောင်းလှသည်..။အဆိုးဆုံးက  ယောက်ျား စစ်စစ် ဖြစ်ခွင့်မရခြင်းပင်...

ငယ်ငယ်တုန်းကတော့ ...မိန်းမတစ်ယောက်ကို ချစ်ရေးဆိုရခြင်းသည်... ကျိုက်ထီးရိုးဘုရားကို ခြေလျှင် လမ်းလျှောက်တတ်ရသည်နှင့်တူသည်..။ပင်တော့ပင်ပန်းသည်...ဒါပေမယ့် စရိတ်စက သိပ်မကုန်..။ အသက်အလက်ပိုင်းလောက်ကြတော့ ရသေ့တောင်မှ တဆင့်လမ်းနည်းနည်းလျှောက်ရုံဖြင့် လိုရာခရီးရောက်နိုင်သည်..။ ကားခ တ၀က် ၊ လူတစ်ဝက်..နည်းနည်းတော့ ပင်ပန်းသည်..။ အသက်ကြီးလာတော့ ဒီလိုမဟုတ်.. တောင်ထိပ်အထိ ကားလမ်းခရီးပေါက်သည်..ပင်ပင်ပန်းပန်းအားထုတ်ရန် မလိုတော့ ..။သို့သော်..စရိတ်ရှိရမည်...။ စရိတ်မရှိလျှင်တော့ .. စိတ်ကူယဉ်ဖို့ခက်သည်...။

ဒီလိုပါပဲ...။ အသက်ကလေးများ နည်းနည်းကြီးလားလို့ကတော့ ဘယ်ကိစ္စ ဖြင့်ဖြင့် လျော်စရာရှိမှ စားစရာရသည်..။ ကလေးဘ၀ကလို ညာတာပါတေး ..၊ အာရိုက်၍မရတော့...။ ချစ်တယ်ဟု ဆိုလျှင် ချစ်ကြောင်းကို သက်သေပြရသည်..။ထိုသက်သေပြဖို့ အတွက် ပါးစပ်တခုတည်းနှင့် မလုံလောက်တော့...။ရုပ်ခံ ကောင်းသူများပင်... ကိုးရီးယားကားထဲ ကလို ပြီတီတီ သွားလုပ်လျှင်... ရွံ့စရာကြီးဟု အထင်ခံရသည်..။အသက်အရွယ်ကြောင့်ဖြစ်သည်...။

ကျွန်တော်ဆိုရင်လည်း အရွယ်တော် အစိတ်ပိုင်းလို့ လူပျို ဟိုင်းကြီး အရွယ်ရောက်နေလို့ အရင်လို ကလေးကလားတွေ လုပ်ဖို့ခက်သည်...(မှတ်ချက် အသက်ရွယ်ကြောင့်ဖြစ်သည်) ။ ငယ်ငယ်တုန်းကလို လိုချင်တာကို လက်ညိုးထိုး ပူဆာရန်မလွယ်..။ဒါဆိုရင် ... ကျွန်တော်တို့က ချစ်သူကလည်း လိုချင်ပါ၏..လိုက်လည်း လိုက်ပါ၏ ..ဒါတောင်မှ အဆင်မပြေရင်..ပြေးများ ပြေးရင်ကော်..လိုက်လာမည်လား..။  အမဲဖျက်သလို ဖျက် မဲ့သူမရှိသဖြင့် စိတ်နာစရာကောင်းနေပေလိမ့်မည်..။

လိုက်၍ အလုပ်မဖြစ်ရင်တော့ ပြေးဖို့သာရှိသည်..။ သို့သော်.. မပြေးရဲ..ဝေးသွားမှာ စိုးသည်..။ပြီးတော့ ပြေးခဲ့ရင်တောင် ဒီရပ်ဝန်းမှာ ပတ်ပြေးနေတာပဲဖြစ်လိမ့်မည်..။ပတ်ပြေးလျှင် ခရီးမရောက်နိုင်တာကို သိပါသည်..။သို့သော် ကျွန်တော်ကတော့ ဒီအတိုင်းပဲပြေးတတ်သည်...။

ကျွန်တော်ပြေးနေသည်..။
မနက်ဖြန်လည်း ပြေးနေပါလိမ့်မည်..။

billy(28.8.2011)

စိတ်ဒဏ်ရာ


မြင်တိုင်းလည်း  မကြိုက်ခဲ့လို့......

ကြုံတိုင်းလည်း  မလိုက်ခဲ့ ပါဘူး။

ကြိုက်တိုင်းလည်း မလိုက်ခဲ့လို့.....

လိုက်တိုင်းလည်း မမေ့ခဲ့ပါဘူး...။

မမေ့တိုင်း သတိရခဲ့လို့

တွေ့တိုင်းလည်း ဆုံဆည်းခွင့်မရခဲ့ပါဘူး..။

မဆုံပဲလည်း ယုံခဲ့ရလို့ .....

ယုံတိုင်းလည်း ဆန္ဒတွေကို (အရင်လို) မပုံတော့ပါဘူး....။

ချန်ထားသူ ...မင်းတစ်ယောက်ကြောင့်

နောက်လူတွေ ....

ရန်မူမယ် ထင်လိမ့်နိုး........

billy Jan (23.8.2011)

သာမန် ထိုင်နေခြင်း


သေချင်တဲ့ ကျား တောပြောင်း.. ၊ ထိုင်နေလျှင်ကောင်းသား ထသွားမှ ကျိုးမှန်းသိ 
ဒီစကားပုံတွေကို ဗမာလူမျိုးတွေ နေ့စဉ် အသုံးပြုနေတဲ့ စကားလုံးတွေထဲမှာ ပါလေ့ရှိတဲ့ (၀ါ) အသုံးများတဲ့ စကားစု တစ်ခုပါ..။သေချင်တဲ့ ကျားတောပြောင်းဆိုတာကတော့ တနေရာကနေ တနေရာကို ကူးပြောင်းတဲ့ အချိန် မှာ အဆင်မပြေတာတွေ..စိတ်ပျက်စရာတွေ ..ကြုံတွေ့ခဲ့ရင်ဆိုတဲ့ အတွေးနဲ့အခြေအနေပျက်သွားတာကို ရည်ညွှန်းပြောဆိုကြတာပါ..။

ထိုင်နေလျှင် အကောင်းသား ထသွားမှ ကျိုးမှန်းသိကြတော့..နည်းနည်းကွာပါတယ်..။ ဆိုလိုတာက ထိုင်နေတုန်းက ကိုယ်ကျိုးတာကို သူများတွေကမသိပါဘူး..။ထလိုက်တော့မှ မသန်မစွမ်းကျိုးကန်းနေတာကို လူတွေသိကုန်တဲ့သဘောမျိုးပါ..။တနေရာကနေ တနေရာကို ကူးပြောင်းတဲ့ ကာလမှာ ကိုယ့်မှာ ရှိပြီးသားအားနည်းချက်ကို မပြုပြင်နိုင်ပဲ..အဆင်မပြေဖြစ်နေတာ မျိုးကိုပြောတာလို့ယူဆမိပါတယ်..။

နှစ်ခုစလုံးက အနည်းငယ်ကွဲပြားနေသလိုထင်ရပါတယ်..။ဘာပဲဖြစ်ဖြစ် တည်ငြိမ်တဲ့ အခြေအနေတစ်ခုတော့ ပျက်ယွင်းသွားတာပါပဲ..။ဒါပေမယ့်လည်း ကျွန်တော်က ထိုင်နေဖို့ ထမသွားဖို့ အားပေးတာမျိုးမဟုတ်ပါဘူး..။ မဖြစ်မနေထိုင်နေရတဲ့ ကျွန်တော့်ခေါင်းထဲမှာကော် ဘယ်လိုအတွေးတွေရှိမလဲ..။(အစီအစဉ်မကျပဲ ကဘောက်တိကဘောက်ချာ...အတွေးတွေ ထွက်ကျလာပါတော့တယ်)

ကျွန်တော်တို့ လူသားအားလုံး ထိုင်ခြင်းပုဒ်နဲ့ မကင်းကြပါဘူး..။သက်တောင့်သက်သာ အနေအထားမျိုးအတွက် ထိုင်ခြင်းက အသင့်တော်ဆုံးပါပဲ..။ ဒါပေမယ့် အခါများစွာ...ကျွန်တော်တို့တွေက ကိုယ့်ဘာသာ ကိုယ် ဒုက္ခ ကိုယ်ရှာသလို..ထိုင်နေရင်းဖြစ်သွားတတ်ကြပါတယ်..။ ထိုင်နေပေမယ့်လည်း..အထိုင်မတတ်ရင် ပြဿနာရှိပါတယ်..။ အနေအထိုင်မတတ်ဘူး ၊ နေတတ်ထိုင်တတ်တယ် ဆိုတဲ့ စကားလုံးတွေနဲ့ ဗမာလူမျိုးတွေ ရင်းနှီးကြပါတယ်..။ဒီစကား ဘယ်လောက်အထိတာသွားတယ်ဆိုတာ ကြုံဖူးသူတိုင်းသိပါလိမ့်မယ်..။

ကျွန်တော်ကတော့ နေတိုင်းကြုံနေရတာပါ..။ ပုံမှန်ဆို ကျွန်တော်က အလှုပ်သမား..။ငြိမ်ငြိမ်လေး တစ်နေရာရာမှာ ထိုင်နေဖို့ဆိုတာ စိတ်ကူးတောင်မျှ မယဉ်ခဲ့ဖူးပါဘူး..။ဒါပေမယ့်ဗျာ...ခက်တာက ကျွန်တော်လုပ်ရတဲ့ အလုပ်က ငြိမ်သမျှမကပဲ ..ကုတ်ပါနေရပါတယ်ဆိုသလိုဖြစ်လောက်အောင်ကို တနေကုန်တနေခန်း ငုတ်တုတ်လုပ်ရတဲ့အလုပ်...။ကဲ..အဲ့တော့ မခက်လား...။ ဒါပေမယ့်..ဂနာမငြိမ်တဲ့သူတွေရဲ့ အကျင့်အတိုင်း လူတော့ မလှုပ်ရရင်နေ....စိတ်ကိုတော့လှုပ်မယ်ဆိုတော့ အကြံနဲ့... တစ်နေ့တစ်နေ့ အွန်လိုင်းတက်...ဟိုလူ့ ပေါက်ကရလုပ်..ဒီလူ့ ချောက်တွန်း..ပြဿနာမရှိ ပြဿနာရှာ...စသဖြင့် စိတ်အလုပ်များ..မနားမနေဖြစ်ရမယ့် ကိစ္စပေါင်းစုံကို တီထွင်ကြံဆ လှုပ်ရှားပါတော့လေသည်..။ ဒါကြောင့် တနေ့တနေ့ ရှင်းလိုက်ရသည်..ဖြစ်ခြင်း...ဟိုလူက ဟိုဟာဖြစ်လို့..ဒီလူ့က ဒီဟာဖြစ်သည်နှင့်...မနေတတ်မထိုင်တတ်သူတို့ ၏ ထုံးစံအတိုင်း အရည်မရ အဖတ်မရတွေနဲ့ အချိန်ကုန်..လူပန်း..နောက်ဆုံးတော့ ခေါင်းရှုပ်တာပဲ..အဖတ်တင်ပါတယ်..။ အွန်လိုင်းဆိုတာကလည်း လူပေါင်းစုံတို့ ၏ စတည်းချရာ..၊ ပျော်မွေ့ရာ..၊နားခိုရာ ဖြစ်လာတဲ့ ယနေ့လို အချိန်အခါမျိုးမှာ...သူတို့ တွေရဲ့ ထင်မြင်ချက်..၊ယူဆချက်..၊ မှတ်ချက်..၊ ဆွေးနွေးချက်တွေကလည်း မနည်းမနော...။

အားလုံးအတွက် အစဉ်ပြေမယ့် နည်းလမ်းတစ်ခုကို အကြိမ်ပေါင်းများစွာ...စဉ်းစားတွေးခေါ်ရူးသွပ်ကြည့်ဖူးပါ၏.။ မည်သို့မျှ ဖြစ်နိုင်စရာအကြောင်း မရှိ..။အချို့က ငြိမ်းချမ်းချင်ကြသည်..။အချို့က ရန်လိုကြသည်..။အချို့က စကားများသည်..၊ပျော်တတ်သည်..။တချို့က စကားနည်းသည်..၊ အားနေ ထိုင်ပြီး စိတ်ညစ်နေတတ်သည်..။အားငယ်တတ်သူ..၊မောက်မာတတ်သူ..၊ပွင့်လင်းသူ..၊ လိမ်နေရမှ ကျေနပ်သူ.၊ကြွားဝါတတ်သူ..၊လျှိုတတ်သူ..၊ စပ်စုတတ်သူ..စသော..လူအမျိုးမျိုး..တို့၏ စိတ်နေသဘောထား ပြယုဂ်တွေကလည်း... အပြိုင်အဆိုင်..။တကယ့် လောက အစစ်လောက်နီးပါး..ဖြေရှင်းစရာ..ပြဿနာတွေက ပေါ်လွန်းလှသည်..။

ဘယ်သူ့မှ ဒါဟာ တကယ်မဟုတ်...ငါနဲ့ လားလားများ မဆိုင်းဟု..သဘောထားနိုင်သူ ရှားပါးလှသည်..။ လူတိုင်းနီးပါး ဒါကို တကယ့်အပြင်လောက နှင့် ထပ်တူထပ်မျှ ခံစား နိုင်စွမ်းရှိကြသည်..။ ပြဿနာကလည်း ..ရှာချင်ရင် ရှာသလောက်ရနိုင်သလို...ဖြေရှင်းချင်ကြသည့် လူတွေကလည်း ပေါမှပေါ..။
ငါသိ..ငါတတ်...ငါမှ မှန်တွေချည်းပဲ...။ဒီလို လူတွေနဲ့ နိစ္စဓူဝ ဆက်ဆံနေရသော ကျွန်တော်ပင် တော်တော်လေးကို တော်လာပြီဖြစ်သည်..။ ယခင်က လုံးဝမသိသော ကိစ္စများကို မသိဘူးဟု ဒုံးတိဖြေရာမှ..ယခုဆိုလျှင်..ငါသိထားတဲ့ အတိုင်းပြောရရင်..ဟု အစချီတက်နေလေပြီ..။ပေါကြွယ်ဝ လိုက်သည့် ပညာရပ်တွေ....စာတွေ့ ၊ရုပ်တွေ့ ၊သဘာတွေ့ ..၊အာတွေ့ စုံလွန်းလှသည်..။

ထိုင်နေရင်းနဲ့ ရတဲ့ အသိတရား ..အတွေ့အကြုံတွေက ..ထသွားပြီး သင်ယူစရာမလိုလောက်အောင်ကို ခေတ်ကြီးက မြန်ဆန်တိုးတက်နေပြီ..။အင်တာနက် ခေတ်ကြီးကိုး...။
ဒါကြောင့် သူငယ်ချင်းတို့ကို အွန်လိုင်းလောက ကနေ ကြိုဆိုပါတယ်...။ ထိုင်နေတာခြင်း အတူတူ အကျိုးများစေမယ့် နည်းလမ်းတွေ ဖြစ်တဲ့...ချက်တင်ထိုင်ခြင်း... လေပန်းခြင်း...comment ရေးခြင်း..ဂိမ်းဆော့ခြင်းများ အပြင်..အခုနောက်ထပ် ကောလဟာလ လွှင့်ခြင်း ဆိုတဲ့ ပေါ်ပြူလာ အဖြစ်ဆုံးနည်းလမ်းကိုပါ...ထပ်မံစမ်းသပ်နိုင်ပါကြောင်း အကြံပြုပါရစေ...။

ထိုင်နေရင်းနဲ့... အခြားသူများ၏ ကိစ္စကို ၀င်ရောက်စွက်ဖက်ခြင်း၊သမီးရည်းစား အချင်းချင်း အစဉ်မပြေအောင် ဂုံးတိုက်ခြင်း၊ အခြားသူတို့၏အားနည်းချက်ကိုထောက်ပြခြင်း..၊အားသာချက်ကို မသိချင်ယောင်ဆောင်ခြင်း၊လိုအပ်ရင်လိုအပ်သလို..အတင်းပြောခြင်း..၊အယူဝါဒအသစ်ထူထောင်ခြင်း.၊ခြောက်လှန့်ခြင်းများဖြင့် အကုသိုလ်ယူနိုင်ပါကြောင်း....

ဒီကိစ္စတွေအားလုံးက သာမန်ပါပဲ..။သာမန်လှုပ်ရှားသွားလှုပ်ရှားသွားလာနေတဲ့..သာမန်လူတွေရဲ့ အမူအကျင့်တွေပါပဲ..။ကျွန်တော်မှာလဲ ဒီလိုအကျင့်တွေ ရှိပါတယ်..။ဒီလို အကျင့်တွေနဲ့ နေသားကျနေတဲ့ သာမန်လူတစ်ယောက်ပါပဲ..။ဒီလိုသာမန်လူတွေကြားထဲ..သာမန်ထိုင်နေခြင်းဖြင့်......ကျွန်တော်ထိုင်နေသည်..။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ထိုင်နေရတာကိုတဖြေးဖြေး ချစ်တတ်လာလို့ ဖြစ်သည်..၊
တနေ့တခြား ဘော်ဒီဝိတ်တက်လာသော ကျွန်တော့်အဖို့ ထိုင်နေခြင်းလောက် ကောင်းတာမရှိ..။ အသက်အရွယ်ကလည်း ထောက်လာပြီဖြစ်သည့်အတွက်..အရင်လို့ ခဏခဏ ထလိုက်ထိုင်မကောင်းတော့..။
ဒါကြောင့်ကျွန်တော် အမြဲထိုင်နေကြ ထိုင်ခုံလေးကို သူများ တကာရသွားမှာစိုးရိမ်သည်..။
ထို့ကြောင့် ကျွန်တော့်ထိုင်ခုံလေးကို အကြောင်းကြောင်းကြောင့်ရသွားနိုင်သူတွေကို..ကျွန်တော် မျက်စောင်းထိုးမည်..။ စောင်းချိတ်မည်..။ငေါ့မည်..။
ကျွန်တော်ကိုတိုက်ခိုက်လာလျှင်..လက်တုံပြန်ဖို့ အသင့်ပြင်မည်..။မနိုင်လျှင်စကားစစ်ထိုးဖို့ ကျွန်တော်စာတွေ အများကြီးဖတ်မည်..။ထိုင်နေရင်းနှင့်ပင်..ကျွန်တော် ကြံ့ခိုင်ဖို့ကြိုးစားမည်..။ကျွန်တော့် အတ္တအတွက် နေရာကောင်းကောင်းတခုလိုသည်..။သက်တောင့်သက်သာလေးပေါ့ဗျာ..။ အခုထိကျွန်တော် ထိုင်နေခွင့်ရတုန်းပါ...။ဒီလို ထိုင်နေခွင့်ရဖို့ကိုလည်း ကျွန်တော်ကြိုးစားဦးမှာပါ...။

ပထဆုံးပြောခဲ့တဲ့ အချက်နှစ်ချက်က ကျွန်တော့်အတွက် နှစ်ခုလုံး အကျုံးဝင်ပါတယ်..။ကျွန်တော်မသေချင်သေးလို့ တောမပြောင်းပါဘူး...။ခေတ်က စိတ်မချရလောက်အာင် အရမ်းကို အပြောင်းအလဲမြန်ပါတယ်..။နောက်တစ်ခုက ကျွန်တော်ကျိုးတာကို..လူတွေသိမှာ အရမ်းစိုးပါတယ်..။ကျွန်တော်က အဲဗားကျိုးပါတယ်..။ အကြောင်းအမျိုးမျိုးနဲ့ပေါ့..။တစ်ခါတစ်လေ..ဇက်ပါကျိုးနေတတ်ပါတယ်...။အားနည်းချက်တွေက လည်း တပုံတပင်မို့...စိတ်ဓါတ်ကလည်း ကျိုးနေပါသေးတယ်..။

ကျွန်တော်ခုထိ သာမန်ထိုင်နေတုန်းပါ.....။                     ။

(ကွန်ပြူတာရှေ့အဲဗားထိုင်နေရတာကို...ပျင်းလာလို့)
ဘီလီ ... (၁၅.၆.၂၀၁၁)

သင်မှတပါး


 ဒီလမ်းလေးက ကျွန်တော်လျှောက်နေကျလမ်းလေ..။

ဒီလမ်းလေးပေါ်မှာ လူတွေအများကြီးနဲ့ မိတ်ဆွေ အများကြီးဖြစ်ခဲ့သည်..။မိတ်ဆွေတွေ အများကြီးနဲ့ လမ်းခွဲဖူးသည်..။စိတ်လှုပ်ရှားစရာတွေ တပုံတပင်..၊
ပျော်ရွှင်ချမ်းမြေ့ စရာတွေ ..၊သံဝေဂရ စရာတွေ...၊ နောက်ပြီး..မထင်မှတ်တဲ့ဖြစ်ရပ်တွေကလည်း ဒုနဲ့ဒေး
အကြိမ်ပေါင်းများစွာ စိတ်လှုပ်ရှားစွာဖြင့်..လျှောက်ခဲ့ဘူးသော..ယခုလည်း လျှောက်နေဆဲဖြစ်သော..လမ်းကလေး..။
ဒါပေမယ့် ကျွန်တော် အခုပြောချင်တာက လမ်းအကြောင်းမဟုတ်ဘူး..။ကျွန်တော်က စည်ပင်ဝန်ထမ်းမှ မဟုတ်တာ..။

ကျွန်တော်ပြောချင်တာက အဲ့ဒီကျွန်တော် သွားနေကြလမ်းလေးပေါ်မှာ...အသစ်ဖွင့်လိုက်တဲ့ ဖိနပ်ဆိုင်လေး..။
ဖိနပ်ကိုက်တဲ့..အဲ့လေ..ဖိနပ်ကြိုက်တဲ့ကျွန်တော်...(ဖိနပ်တွေကို စိတ်ဝင်စားတဲ့ ကျွန်တော်) အတွက်တော့..အနည်းဆုံး မျက်စိ အစာပြေစရာ နေရာတစ်ခုတိုးလာလို့ ဝမ်းသာမိပါရဲ့....။ ဆိုင်ကလေးရဲ့ အပြင်အဆင်ကလည်း လူတစ်ယောက် ရှိန်သွားလောက်အောင်...ဟိတ်ဟန်မကြီး..။သိုသိုသိပ်သိပ် သပ်သပ်ရပ်ရပ် အပြင်အဆင်လေးနဲ့..။ ဖိနပ်အမျိုးအစား အတော်စုံလင်အောင် တင်ထားသည့်အခြေအနေမျိုးကို ဆိုင်ပြင်မှ ကြည့်ရ်ျပင် သိသာနိုင်သည်..။

ဆိုင်မျက်နှာဝ တစ်ဘက်တွင်တော့ ဖိနပ်တစ်ချို့ကို ခင်းကျင်းထားသည်..။အားလုံးသောဖိနပ်တို့မှာ နာမည်ကြီး တံဆိပ်များဖြစ်နိုင်သည်..။ကျွန်တော်တို့နှင့် ရင်းနှီးကျွမ်းဝင်သော အမျိုးအစားများသာများသည်..ဟု။ဒီအထဲမှာ မျက်စိအမြင် စူးစရာ အရောင်ဆန်းဆန်း(ဒီခေတ်အခေါ် ခရေဇီ ကာလလို့ထင်ပါသည်) ဖိနပ် တစ်ရံ ကတော့ အခြားအရာများထက် ကျွန်တော့် မျက်လုံးထဲမှာ ထင်းနေသည်..။ဒီလိုဖိနပ်မျိုးကို အရူးသာ စီးလိမ့်မည်ဟု မှတ်ချက်ချမိသည်..။ဘာပဲ ဖြစ်ဖြစ် အခြားသော ဖိနပ်တွေကတော့ ကြည့်ရတာ အဆင်ပြေသည်..။သို့တိုင်အောင်..ကျွန်တော် ဆိုင်ထဲ ရံဖန်ရံခါတောင် မဝင်ဖြစ်ခဲ့...။(ဝယ်စရာမရှိတာလည်း ပါသည်)

ဖိနပ်တွေနဲ့ ပတ်သတ်လျှင် ကျွန်တော်က သိပ်ကံကောင်းလေ့မရှိ..။ဖိနပ်ကြိုက်သူဖြစ် ပါလျှက်နှင့် ဖိနပ်နဲ့ ပတ်သတ်လျှင် ကျွန်တော်က လေ့လာမှုအားနည်းသူ တစ်ယောက်ဖြစ်ခဲ့သည်..။ဟိုတလောကပင် ကျွန်တော် ကြိုစားပမ်းစား စုဆောင်းဝယ်ယူခဲ့သော တန်ဖိုးကြီး အမျိုးအစားမှန်ဟု ထင်မိသော ဖိနပ်တစ်ရံသည်...ပန်းဆိုးတန်းမှာ ပုံရောင်းနေသော ဖိနပ်ထက်ပင် ပိုရ်ျ ဆိုးရွားနေသည်..။ဝယ်စက မသိသာသော်လည်း...နောက်ပိုင်း ဖိနပ် ကဆိုးရွားစွာကျယ်လာသည်..အပေအရေလည်း မခံ..အရောင်က ဖြော့တော့လွန်းလှသည်..ပိုဆိုးသည်မှာ လူတိုင်းက ကြုံတိုင်းစွပ်နေကြသောကြောင့်ဖြစ်သည်..။ကိုယ်ပိုက်ဆံနဲ့ ကိုယ် စိတ်မချမ်းမသာဖြစ်ရသည်..။ကျွန်တော် စီးမည်ဆိုလျှင် အမြဲတမ်းခိုးလု ခုလုဖြစ်နေတတ်သည်..။စိတ်ပျက်လက်ပျက်နှင့် နှစ်ခါလောက် စောင့်နင်းလိုက်သောအခါ ကိစ္စချောလေ၏။
ဒါကြောင့်ဖိနပ်တွေနဲ့ ပတ်သတ်လျှင်..ကျွန်တော် သတိထားသည်..။ (ဆက်ပြောရရင်...ဒီလိုနဲ့ပေါ့ဗျာ)

ဒီလိုနဲ့ နေ့စဉ် ဒီဆိုင်လေးရှေ့ က ဖြတ်လျှောက်ရင်း...ဖိနပ်တွေကို ငေးငေးရင်းနဲ့ပေါ့လေ...ကျွန်တော်အမြင်မှာ ခရေဇီ ကာလာနဲ့ ဖိနပ်လေးက ကြည့်ကောင်းလာသည်..။ မြင်ပါများသဖြင့် မျက်စိယဉ်ပါလားသည်..။တခြား ဖိနပ်တွေကတော့ ရောင်းလိုက်တာလား ...နေရာပဲပြောင်းသွားတာလားတော့ မသိ..။ဒီဖိနပ်လေးက တော့ အမြဲတမ်းရှိနေသည်..။ ဖိနပ်လေးကို စိတ်ဝင်စားလာမှ သေချာကြည့်မိသည်..။ဖိနပ်လေးက အရောင်က လွဲရင် ကျန်တာတွေက ပြောစရာမရှိ..။ချုပ်ရိုးချုပ်သားကောင်းသည်..။ဒီဇိုင်းလေးက ခေတ်မှီသည်..ယဉ်သည်..။ အမျိုးအစားကလည်း ကောင်းသည်..။ဈေးကလည်း ကောင်းမယ့်ပုံ..။
စိတ်မှန်းကလေးနဲ့ ဝတ်ကြည့်တာတောင် အတော်ရင်ခုန်ဖို့ကောင်းသည်..။ လိုက်သည် မလိုက်သည်ထားဦးတော့ ...လိုချင်စိတ်က ငယ်ထိပ်ကို တက်ဆောင့်သည်..။
နောက်တော့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်...။ ဒီဖိနပ်လေးကို ဝယ်မည်ဟု...။ဒီလမ်းကလေးကို ဖြတ်လျှောက်ရတာ...အရင်နဲ့မတူ..ယခုတော့ အဓိပ်ပါယ်ရှိလာသည်..။အသွားကြည့်အပြန်ကြည့်..။ဒါကို ဆိုင်ရှင်ကလည်း သတိထားမိဟန်တူသည်..။

တနေ့ပေါ့ဗျာ...တနေ့ပေါ့..
အဲ့ဒီနေ့က အားလပ်ရက် တစ်ရက်ပေါ့ဗျာ..။video ထဲကလို မိုးတွေလည်းမရွာပါ..။စွေလည်း စွေမနေပါ..။မိုးကြိုးတွေလည်း မပစ်ပါ..။သို့တိုင်အောင် နွေခေါင်ခေါင်ကြီး မိုးကြိုးပစ်ခံခဲ့ရမယ်မှန်းကျွန်တော်မသိခဲ့ရိုး မှန်ပါ..။

ဒီနေ့တော့ ကျွန်တော့်ဖိနပ်ကလေးက အရင်နေ့တွေလိုပါပဲ...။ဖိနပ်စင်လေးပေါ်မှာ ဆန့်ဆန့်ရန့်ရန့်...
ဆိုင်ရှင်အမျိုး သမီးက ခပ်ပြုံးပြုံးဖြင့်ထွက်လာပြီး...
 အကယ်ရ်ျများပေါ့လေ..အကယ်ရ်ျများ...ရှင်ဒီဖိနပ်ကို ကြိုက်ခဲ့ရင်..ဝယ်ချင်တယ်ဆိုရင်...ဝယ်လို့မရဘူးဆိုတဲ့ အကြောင်းပြောပြချင်လို့တဲ့....
ကျွန်တော် ပါးစပ်အဟောင်းသားလေးနဲ့ ဘာပြောရမယ်မှန်းမသိ..။ကြေကွဲရုံမှ တပါး...ပြောစရာစကားတို့က စွံအနေသည်..။
စိတ်ထဲကတော့ ပြောချင်မိသည်..မရောင်းတဲ့ဖိနပ်ကို ဘာလို့များ..ဆိုင်မှာ တင်ထားပါလိမ့်..ဒါမှ မဟုတ် ကျွန်တော် မဝယ်နိုင်မှန်း သိရ်ျ..ဆိုင်နားကပ်တာမကြိုက်လို့ အနုနည်းနဲ့ နှင်ထုတ်တာများလား..ဒါမှ မဟုတ်..ဒါမှ မဟုတ်...ဒါမှမဟုတ်...

ကျွန်တော်ဝယ်မယ် တစ်ခွန်းမှ မပြောပဲ...ရှင့်ကိုတော့ မရောင်းနိုင်ဘူးဟု ပြောသွားသလိုမျိုး စိတ်ထဲမှာ နင့်နင့်နည်းနည်း ခံစားရသည်...။ တကယ်ဆို...ကျွန်တော်မပြောမချင်း..သူမဘက်က စကားစရန် အကြောင်းမရှိ..ခုတော့ ခံပြင်းဒေါသထွက်ရသည်..။ကျွန်တော် ဒေါသဖြင့် လှည့်အထွက်..တွယ်ချိတ်ဖြင့်တွယ်ထားသော ကတ္တီပါ ဖိနပ် တပတ်နွမ်းသည်...ချိတ်ပြုတ်သွားရသည်..။ ရှက်ရှက်ဖြင့်...ဖိနပ်ကို ကျွန်တော် ကန်ထုတ်ခဲ့သည်..။ဆိုင်ရှင် အမျိုးသမီးတော့ ရယ်ကျန်ခဲ့လိမ့်မည်..။

ဘေးမှ အတွဲတစ်တွဲ၏ အသံ...အကယ်ရ်ျများ ရှင်ချစ်ခဲ့ရင် ဒီထက်ပိုကြိုးစားသင့်တယ်..။

ကားစပယ်ရာ၏.အသံ....အကယ်ရ်ျများ...အကြွေမရှိလို့မအမ်းခဲ့နိုင်ခဲ့ရင် စိတ်မရှိပါနဲ့လို့..။

ရေခဲရေသည်၏ အသံ....အကယ်ရ်ျများ..ရေခဲဈေးတွေတက်လာခဲ့ရင် နောက်ဆို တစ်ခွက် ၁၀၀ နော်..။

ဖုန်းပြောနေသံ....အကယ်ရ်ျများ...ဖုန်းခတွေ ဈေးပေါသွားရင် ဒီထက်ကြာကြာပိုပြောနိုင်မှာပေါ့..။

ခွေးဟောင်သံ...အကယ်ရ်ျများ..အကယ်ရ်ျများ...

ကားတာယာပွတ်သံ ...အကယ်ရ်ျများ..အကယ်ရ်ျများ...

ဟွမ်းသံ....အကယ်ရ်ျများ..တီ..အကယ်ရ်ျများ..တီ

30.12.2010


ကျွန်တော်သယ်ရင်း လေး ပြောင်းပေးတဲ့ခေါင်းစဉ်ကပိုကောင်းမယ်ထင်ပါတယ်..။ကျွန်တော် ပေးဖို့စဉ်းစားတာက အကယ်ရ်ျများ..ရောင်းရန်မဟုတ်..သင့်အတွက်မဟုတ်.. သူပေးတဲ့ နာမည်လေးက ပိုကောင်းပါတယ်..။

ဈေးဆစ်သူများ


ကျွန်တော် ငယ်ငယ်က ကြုံဘူးတယ်..။
သူမကပြောတယ်...
လူကြီးတွေကို ဂလန်ကဆန် မလုပ်ပါနဲ့..
ဖုန်းဆက်ရင် နင့်နာမည် မပြောပါနဲ့....
ဆံပင်ရှည်ကြီးမထားပါနဲ့..
တီဗွီဂိမ်းတွေ မဆော့ပါနဲ့..
.GTC သွားမတက်ပါနဲ့.
.နောက်တော့
နင် ငါ့ကို မဆက်သွယ်ပါနဲ့တဲ့..

ကျွန်တော် GTC တက်တော့ ကြုံဘူးတယ်..။
သူမကပြောတယ်...
အရက်တွေ အများကြီးမသောက်ပါနဲ့..
.လောင်းကစားမလုပ်ပါနဲ့..
.ကျောင်းမပျက်ပါနဲ့..
.ဆေးလိပ်တွေ မသောက်ပါနဲ့...
ရန်မဖြစ်ပါနဲ့...
အပေါင်းအသင်း အရမ်းမမင်ပါ
နဲ့...နောက်တော့
နင့်ငါ့အနားကို ထပ်မလာပါနဲ့တဲ့...

ကျွန်တော် အင်တာနက်သုံးတော့ ကြုံဘူးတယ်..။
သူမကပြောတယ်..
အွန်လိုင်းမှာအရမ်းမကြူပါနဲ့..
အလုပ်ကိုချည်းပဲဖိလုပ်မနေပါနဲ့...
ဖုန်းဆက်ဖို့ မပျက်ကွက်ပါနဲ့...
သူမကို လွမ်းဖို့မမေ့ပါနဲ့.
.လျှောက်သွားဖို့ အချိန်မပေးပဲ မနေပါနဲ့..
.နောက်တော့ ..
အချိန်မပေးနိုင်ရင် ရည်းစားမထားပါနဲ့တဲ့...

ကျွန်တော် နိုင်ငံခြားရောက်တော့ ကြုံဘူးတယ်..။
သူမကပြောတယ်....
သူမကိုလှတယ်မထင်ပါနဲ့...
အပျော်မယ်တွေဆီမသွားပါနဲ့...
ဖုန်းကို silent လုပ်လုပ်မထားပါနဲ့...
ဘီယာတွေ တအားမသောက်ပါနဲ့..
.နောက်တော့...
နင်ငါ့ကို သူငယ်ချင်းထက် မပိုပါနဲ့တဲ့..

ကျွန်တော် Cyber-staff လုပ်တော့ ကြုံဘူးတယ်...။
သူမကပြောတယ်...
ကျန်းမာရေးကို လစ်လျှူမရှု့ပါနဲ့...တစ်ခြားသူတွေနဲ့ မရှုပ်ပါနဲ့..
.ကော်ဖီအေးအေးတိုက်ဖို့ မမေ့ပါနဲ့ ...
ဝက်သားသုပ်ရင် အဆီမထည့်ပါနဲ့...
ယိုးဒယားသင်္ဘောသီးသုပ်ကို အစပ်မလျှော့ပါနဲ့...
လိုင်းကားစီးရင် မကျပ်ပါစေနဲ့...
ဆံပင် တိုတိုကြီးမညှပ်ပါနဲ့...
ဖုန်းမှန်မှန်ခေါ်ဖို့ မမေ့ပါနဲ့....
တစ်သက်လုံးမချစ်နိုင်ရင် မချစ်ပါနဲ့.
နောက်တော့..
နင့်ကို ဒုက္ခပေးခဲ့တဲ့ မထင်ပါနဲ့တဲ့...

ကျွန်တော်အရွယ်ရောက်တော့ကြုံရတယ်..။
သူမကပြောတယ်..
.ဒေါသမကြီးပါနဲ့..
ချိန်းရင်နောက်မကျပါစေနဲ့...
ဖုန်းဆက်ရင် ပျောက်ပျောက်မသွားပါနဲ့...
.ပြန်ရင် လျှောက်မဝေ့ပါနဲ့.....
အလုပ်တွေ အရမ်းမလုပ်ပါနဲ့...
.နောက်တော့ 
လမ်းခွဲခဲ့ရပေမယ့် မလွမ်းဘူးမထင်ပါနဲ့တဲ့..
နောက်တစ်ခါ ဈေးမဆစ်ပါနဲ့ ..နဲ့
နဲ့..
နဲ့

bilycan (14.7.2011)

ကျွန်တော်နဲ့ အတည်လွဲများ

   လောကကြီးမှာ...လူတိုင်း အလွဲလေးတွေနဲ့ ကြုံဖူးကြမယ်ထင်ပါတယ်..။ မိသားစုအလွဲ...အချစ်လွဲ...အမုန်းလွဲ..အယုံလွဲ...စကားလွဲ...ဘော်ဒါလွဲ..စသည့်ဖြင့် တမျိုး မျိုးတော့ ကြုံဖူးကြမှာပဲ..။
ကျွန်တော်လည်း နှစ်ပေါင်း နှစ်ဆယ်ကျော် ၃၀ နီးပါး...လူလောကကြီးကို မွှေနှောက် လျှောက်သွားရင်းနဲ့... အလွဲ အမှတ်တရတွေ ဒုနဲ့ဒေး..။ ဒီထဲကနေပြီး..တွေးကြည့်လိုက်တိုင်း...တချို့ အဖြစ်အပျက်တွေက နှုတ်ခမ်းလေး တွန့်ရုံပြုံးရတယ်..။ တချို့ကတော့..ဗိုက်တွေ နာအောင်ရယ်ရတယ်..။ ဘာပဲဖြစ်ဖြစ် မှတ်မှတ်ရရလေးတွေ မို့ သူငယ်ချင်းတွေ မျှဝေခံစားလို့ရအောင် ..အနီးစပ်ဆုံးသဘောပေါက်အောင်... ကြိုးစား တင်ဆက်ပေးလိုက်တယ်..။ ...အားနားပါနား ဖတ်ရှူကြပေရော့.... ^^

(၁)ဘောက်ထော်(၄)လမ်း..
      ဘိုဖြူလို့ခေါ်လိုက်ရင်...ကမ္ဘာအေးရဲ့ အမှတ်တံဆိပ်လိုဖြစ်နေတဲ့ ကျွန်တော်ရဲ့ကျောင်းနေဘက်သူငယ်ချင်း..၊ စကားပြောရင်း
အိပ်ပျော်တတ်သူ..၊ ပျော်ပျော်နေတတ်သူဆိုတာ..ဘော်ဒါတွေ အားလုံးသိပါတယ်..။ စီးပွားရေးဘက်မှာ အသက်အရွယ်နဲ့ မလိုက်အောင်
ဂျင်လိုလည်ပေမယ့်...၊ သူ့ခမျာ...အထွေထွေ ဗဟုသုတ (ဘာမှ သောက်သုံးမကျ ..အာရိုက်ရန်အတွက်သက်သက်သာသာ )မှာ အလွန်အားနည်းရှာပါတယ်..။ အခါများစွာ၌ နေလည်နေခင်း အပြင်ထွက်ခဲသလို...၊ ရန်ကုန်မြို့က နေရာတွေကို ညဘက်မှာ သာမှတ်မိတတ်တဲ့ ..သူ့အကျင့်ကြောက် နေ့လည်နေ့ခင်း..ထွက်ရင် ပြဿနာ က တက်နေကျ...။ခက်တာက လည်း ဒီကောင်က သိသလိုတတ်သလိုနဲ့...ပြောချင်ရာပြော လုပ်ချင်ရာလုပ်...မှားသွားမှ သာ မျက်နှာငယ်လေးနဲ့ သနားစရာ....xxxxxx

ဒီလိုနဲ့ တနေ့ပေါ့ဗျာ...
ပျင်းပျင်းရှိတာနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ဖို့ ဘိုဖြူအိမ် သွားတဲ့အခါ...။
အိမ်ရှေ့အရောက်မှာပဲ...
ပိုက်ဆံထုပ်ကလေးကိုင်လို့.."သားကြီး ..ဖုန်းရုံးသွားမလို့ အဖော်လိုက်ခဲ့ပါလား" တဲ့..
"မင်းသိရဲ့လား....သွားတတ်လို့လား"လို့မေးတော့..
"ဟေ့ကောင် ...ပါးစပ်ပါရွာရောက်တယ်..။ပိုက်ဆံရှိတယ်..ကားငှားသွားမှာပေါ့...ရူးနေလား?.."
ကျွန်တော်ပင် ရုတ်တရက် ဘာပြောရမယ်မှန်းမသိ..။
ပြောပြီး..ကော့တော့ကော့တော့...ဆရာကြီး ဟန်အပြည့်နဲ့ ထွက်သွားရော်...။
ကျွန်တော်လည်း ဇက်ကလေးပုလို့ နောက်ကနေ ..ခပ်ရို့ရို့လေးလိုက်ရင်း မြို့ထဲရောက်ရင် ... ဘာကျွေးမွေး ပြုစုခိုင်းရင်းကောင်းမလဲ စဉ်းစားရင် ပါသွားတာပေါ့ဗျာ..။
ကားလမ်းမပေါ်ရောက်တော့....တက္ကစီ တစ်စီးကို လှမ်းအတား...ငါးခူပြုံးလေး ပြုံးရင် သူပြောလိုက်တာက...
" အစ်ကို ...ကျွန်တော် ဘောက်ထော်(၄)လမ်းသွားမလို့ ..ဘယ်လောက်လဲ ? "
ကျွန်တော်ရော်... တက္ကစီ ဒရိုက်ဘာ ပါ..နှစ်ယောက်သား ကြောင်သွားသည်...။
ဒရိုက်ဘာ..က "အစ်ကိုလေး ဘော်ထော်လေးလမ်းက ဘယ်နားမှာလဲ အစ်ကိုလေး..."
သကောင့်သား က စိတ်မရှည်ဟန်ဖြင့် ..." ခင်ဗျား ဗျာ...ကားမောင်းစားပြီး ဒါလေးတောင် မသိဘူးလား...ဆူးလေးဘုရားနားက ဖုန်းရုံးရှိတဲ့ လမ်းလေဗျာ...ကျွတ်ပဲ "
ပထမ ...တက္ကစီ ...ဒရိုက်ဘာ မျက်လုံးကြီး ပြူးပြီး ကျွတ်ထွက်မတွက် စိမ်းစိမ်းကြီးကြည့်နေသည်..။
ကျွန်တော် သောက်နေသော်..ဆေးလိပ်သီးသွားသည်..။
နောက် ...ဒရိုက်ဘာ၏ မျက်နှာ ပြုံးရောင်သမ်းသွားသည်..။ကျွန်တော်ကတော့ ခွက်ထိုးခွက်လန်ရယ်သည်..။
ဘိုဖြူကတော့ ကျွန်တော့်ကို အရူးလိုကြည့်သည်..။ နောက် ရော်ယောင်လိုက်ရယ်သည်..။
ဒရိုက်ဘာလည်း မအောင့်နိုင်တော့...ရယ်ချင်ပက်ကျိဖြစ်နေလေ၏...။
ကျွန်တော် ကော်..ဒရိုက်ဘာကော်...ပြိုင်တူပြောလိုက်သည်...။

အဲ့ဒါ မောင်ထော်လေးလမ်းပါကွာ..။

ဘိုဖြူ မျက်နှာရဲခနဲ့ ဖြစ်သွားသည်..။
ကွမ်းချေးတက်နေသော သွားကို ဖြဲရင်...ပြောသည်..
"အမေပြောတော့..ငါကြားတာ ဘော်ထော် (၄)လမ်းပါကွာ.."
...............
ကျွန်တော် ကို သူပြောသည်..။
"အပြန်ဘီယာသောက်ရအောင်ကွာ...အေးဆေးပဲလား"တဲ့
ကျွန်တော်က... "ငါ ကိုယ်တွေလက်တွေလည်း နည်းနည်းနာနေတယ်.."
မချို မချဉ် မျက်နှာပေးကို သဘောပေါက်သော..ဘိုဖြူ က " မင်းပါးစပ်လေးကိုသာ ပိတ်ထားလိုက်..."
ဖုန်းနံပါတ်တွေ ပေါ် ဘိုဖြူလက်တွေ ခုန်ပေါက်သွားသည်...။
နောက် ...စကားသံတချို့...
အဲ့ဒီနေ့က ... ညဉ့်နက်မှ အိမ်ပြန်ရောက်သည်..။

25.5.2011
ရိုးထက် (billy)

အရက်သမား စီးချင်း


နားထဲမှာ လေတိုးသံလို တဝီဝီမြည်နေသည်။ ဦးခေါင်းသည် တဆစ်ဆစ်နဲ့ ကိုက်ခဲနေသည်။ ကိုယ်ခန္ဒာ တစ်ခုလုံး ကိုင်ရိုက်ထားသလို တစ်ဆစ်ဆစ် နာကျင်နေသည်။ ကီးဘုတ်ပေါ်တွင် တင်ထားသော လက်အစုံသည် တဆတ်ဆတ်တုန်နေသည်ကို ဘာသာသိ၏။

"ဟေ့..ဂူးဂဲလ်...ဟေ့လူ"

ဂျားဂျားခေါ်နေသည်မှာ မည်မျှကြာသည်မသိ...ပခုံးကို လာပုတ်မှ အသိစိတ်တို့ ဝင်လာသည်။

" ဟေ...ဘာလဲကွာ"

"ခင်ဗျား ဘာဖြစ်နေတာလဲ..ဒီနေ့သွားကစ်ပြီးပြီလား...ကောင်းနေပြီထင်တယ်.."

ခေါင်းကို သူဖြေညှင်းစွာ ခါလိုက်သည်..။ပြီးမှ..

"ငါဒီနေ့မကစ်တော့ဘူးကွာ...ထပ်မသောက်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်...။ဒါပေမယ့်နေရတာတယ်မကောင်း
ချင်ဘူး...။ခေါင်းတွေလည်း အရမ်းကိုက်နေတယ်...ဒီလိုမျိုး ငါတစ်ခါမှ မကြုံဖူးဘူး...။ဆေးလိပ်ဖြတ်တုန်းကလည်း
ဒီလိုပဲ..နားထဲကလေတွေထွက်နေတယ်..ညဘက်အိပ်ရင် ဂယောင်ဂတမ်းဖြစ်တတ်တယ်...အခုကပိုဆိုးတယ်..
ကိုယ်တွေလက်တွေပါ ကိုက်နေတာကွ...ငါတော့ သွားပြီထင်တယ်ကွာ ဖြတ်လို့မှ ရပါတော့မလားမသိဘူး.."

သူ့အသံက စိုးရိမ်သံပါသွားသည်။

ဂျားဂျားက...

"ခင်ဗျားကို ပြောသားပဲ လျှော့သောက်ပါလို့...ခင်ဗျားကနေ့တိုင်းသောက်နေတာကိုး...။ပြီးတော့ သောက်တိုင်းလဲ အများကြီးပဲ..။နည်းနည်းပါးပါးလည်းမဟုတ်ဘူး...နေ့ရော်..ညရော်ဆိုတော့ ..အခု မသောက်တော့ သွေးတောင်းနေ
ပြီပေါ့...။အရက်ဖြတ်ချင်ရင် အဲ့ဒီလိုဖြတ်လို့ မရဘူး...။နည်းနည်းဆီ မျင်းပြီးဖြတ်ရတယ်.. ခက်တာပဲ ခင်ဗျားတစ်
ယောက်လဲ..."

ပြစ်တင်သံပါနေသော်လည်း..စေတနာစွက်နေသော အသံကို ကျွန်တော် ခွန်းတုံမပြန်နိုင်...။
တကယ်တမ်းလည်း ဒီတစ်လလုံးနီးပါး မူးယစ်ရင်း အချိန်ကုန်သော ကျွန်တော်အတွက် သူပြောတာတွေက မှားသည်
ဟု မဆိုနိုင်..။
တစ်လနီးပါး မျှ အသွေးအသားကို မူးယစ်ဆေးဝါးဖြင့် အကျင့်လုပ်မိသော ကျွန်တော် အဖို့ ဒီအချိန်ကျမှ ရုတ်တရက်
ကြီး ဖြတ်လိုက်သောအခါ အသွေးအသားတို့က ယဉ်ပါးစပြုနေသော...မူးယစ်သေစာကို အချိန်တန်လျှင် တောင်းတ
နေတတ်ပြီဖြစ်သည်။...

"အေးကွာ...အခုတော့ ယင်းထနေတာထင်တယ်... မတတ်နိုင်ဘူး..ဖြတ်ရမှာပဲ..။နိုမဟုတ်ရင် ငါရှေ့လျှောက်ဖြတ်
နိုင်လိမ့်မယ်မထင်ဘူး..နုတုန်း ဖြတ်လိုက်တာကောင်းမယ်ထင်တယ်...။ဒါပေမယ့် အခုလိုကြီး ခံစားနေရတာကိုလည်း
ငါမကြိုက်ဘူး..ဒီလိုသာ ကိုက်ခဲနေရင် ငါညကျရင် အိပ်ပျော်မယ်မထင်ဘူး..."

"ဒါဆိုလည်း အခုခင်ဗျား..ဘီယာ ၂ ဗူးလောက်ဆွဲလိုက် ..နောက်ညကျရင်တော့ ၁ ဗူးလောက်ပဲသောက်..။
ရုတ်တရက်ဆို ဒီလိုပဲ..ကျွန်တော်တို့တုန်းကလည်း ဒီလိုပဲ"

ဂျားဂျားက ကိုယ်ချင်းစာသံဖြင့် ပြောသည်။
သူအံဆွဲထဲမှာ ငွေ ၂ ထောင်ယူပြီး ထလိုက်သည်..။ဂျားဂျားက အလိုက်သိစွာဖြင့်..

"နေ..နေ..ခင်ဗျားသွားမဝယ်နဲ့ ..ကျွန်တော်ပဲသွားဝယ်ပေးမယ်..ဒါပေမယ့်တစ်ခုတော့ ပြောမယ်ဗျာ..ခင်ဗျား နောက်
ရက်တွေကျရင် တတ်နိုင်ရင်လျှော့သောက်ပါ.."

ပြောပြောဆိုဆိုနှင့် ဂျားဂျားထွက်သွားသည်..။

မနေ့က သူတော်တော်မူးသွားသည်...။သတိလက်လွတ်ဖြင့် ဆိုင်မှ တောက်တိုမယ်ရခိုင်းလေ့ရှိသော လူတစ်ယောက်ကို သူထိုးကြိတ်လွှတ်လိုက်သည်...။ထိုးခံရသူမှာလည်း မိမိကို မည်သို့မျှ လက်တုံပြန်နိုင်သော အနေ
အထားတွင်မရှိ....။ကိုယ်ပေးတာယူ ကျွေးတာစားနေရသောဘဝ..။ဆိုင်မှာ လိုအပ်တာလေ ခိုင်းပြီး ငါးရာရ တစ်ထောင်ရ ဘဝကိုပျော်နေသောသူ...။ဘာမှ စဉ်းစားဥာဏ်မရှိ...။ပြောချင်ရာပြော လုပ်ချင်ရာလုပ်နေတတ်သော
ဇိုးသမား သာသာ ..ခိုင်းဘက်လေးတစ်ယောက်သာ..။ကျွန်တော် စိတ်လိုလက်ရရှိလျှင် ခေါ်ပြောလေ့ရှိသောလည်း..စိတ်မကြည်သာလျှင် ကျွန်တော် အော်ငေါက်သည်ကို ခံနေရသောသူမျိုး...။ကျွန်တော့်
ထက် အသက် ငါးနှစ်ခန့်ကြီးသော်လည်း.... လက်ကြောမတင်းရ်ျ ..ဆိုင်မှာ ဟိုခိုင်းဒီခိုင်းနှင့် နေနေရသော ဘဝမျိုးသာ..။သူတစ်ပါး၏ လေးစားခံရဖို့ထက် အခါများစွာ အချိုးမပြေသဖြင့် အကြိမ်းအမောင်းခံနေရသူ..။

သို့သော်လည်း ဇိုးသမားသာသာ သူ့ဘဝလေး ရပ်တည်ဖို့ အတွက် လူတွေဆီမှာ လက်မဖြန့်ရုံတမယ်... ရသော ငွေကလေးဖြင့်
မရမက လောက စည်းစိမ်ကို ခံစားံနေရသူဖြစ်သည်။စာရိတ္တကလည်း စိတ်မချရသဖြင့်..မည်သူတစ်ဦး တစ်ယောက်ကမျှ အယုံအကြည်မရှိ..။ခိုင်းဖက်ဆိုသော်လည်း သူများမလုပ်ချင်သော အလုပ်ကိုသာ လုပ်ရသူဖြစ်
သည်။ မည်မျှ အော်ငေါက်လွှတ်သည် ဖြစ်စေ နောက်တစ်နေ့ တွင် သူဘာမှ မသိခဲ့သလို မျက်နှာချို သွေးရင် ရောက်
လာတတ်သူဖြစ်သည်..။ကျွန်တော် တို့ အတွက်တော့ ကွမ်းဝယ်ခိုင်း ဆေးလိပ်ဝယ်ခိုင်းနှင့်...လိုအပ်လျှင် အရက်ဖိုးလေး နှစ်ရာလောက်ပေးလိုက်လျှင် နာရီဝက်မျှ အနှိပ်ခိုင်းရ်ျ ရသေးသည်...။

ဒီလိုလူမျိုးကိုမှ သူရက်ရက်စက်စက်ထိုးလွှတ်လိုက်သည်။အမှန်က ဘီယာကို ခေါင်းမဖော်တမ်း သောက်လာသော ခပ်ထွေထွေဖြစ်နေသောကျွန်တော့်ကို.... အရက်သောက်ဖို့ငွေ နှစ်ရာလာတောင်းသော သူ့လုပ်ရပ်
သည်...ရဲရဲတောက်နေသော ဒေါသမီးတောက်ကို ဓါတ်ဆီလောင်းလိုက် သလို...ဖြစ်သွားခဲ့သည်ထင်သည်။
ပါးစပ်မှ ဆဲရေမြည်တမ်းရင်း ကျွန်တော်သူ့ကို ခပ်ဆတ်ဆတ်ဆောင့်တွန်းလိုက်သည်...။ဒါတောင် သူက အပြုံးမပျက်သေးပဲ ယခင်လို စနောက်နေသည်ဟု ထင်မြဲဖြစ်ဟန်တူသည်..။ ထပ်တောင်းသည်..။နောက်တော့ ကျွန်တော် သူ့မျက်နှာကို နှစ်ချက်ဆင့်ဖြတ်ရိုက်လိုက်သည်..။သူအံသြဟန်ဖြင့် ကျွန်တော့်ကို ကြည့်သည်။ အံတွေ ပြတ်ထွက်လုမတတ် ကြိတ်နေမှန်း သူ့မေးရိုးကို ကြည့်ရင်း မှကျွန်တော်သိသည်။ အုတ်နီခဲ တစ်လုံးကို ပြေးကောက်ပြီးနောက်မှ
တစုံတခုကို သတိရဟန်ဖြင့် ...သူလွှတ်ချပြီး...လှည့်ထွက်သွားခဲ့သည်...။မီးပျက်နေသော ညမှောင်မှောင် မဲမဲတွင်
ခေါင်းကလေး ငိုက်စိုက်ငိုက်စိုက်နှင့် ထွက်သွားသောသူ့ကို ကြည့်ရင်း...ကျွန်တော် နည်းနည်းစိုးရိမ်သွားသည်..။သူ့
ဆွေမျိုးတွေကို များသွားခေါ်လေသလား..? ရုံးများ သွားတိုင်တာလား?

အချိန်အတော်ကြာသည် အထိ သူပေါ်မလာ..နောက် ကျွန်တော်လည်းမူးမူးနှင့် အိပ်ပျော်သွားသည်..။
နိုးလာသော အခါ အရာအားလုံးသည် ပုံမှန် အတိုင်း လည်ပတ်လှုပ်ရှားလျှက်ရှိသည်...။ကျွန်တော် တစ်နေကုန် ဆိုင်တွင် ရှိနေသော်လည်း သူပေါ်မလာ။ အရင်ကဆိုရင် ဆိုင်ဖွင့်ပြီး နာရီဝက်လောက်ဆိုလျှင်ရောက်လာပြီး..။
အခုတော့ ည၉ နာရီလောက်အထိ ပျောက်ချက်သားကောင်းနေသည်။ ကျွန်တော်လုပ်ရပ်သည် လူပီသသော လူတစ်ယောက်၏ လုပ်ရပ်မဟုတ်မှန်း မိမိကိုယ်ကို သိသည်..။ကျွန်တော်အဖြစ်က ကုလားမနိုင် ရခိုင်မဲ ဆိုသလို..
ဒေါသဖြစ်အောင် လုပ်ရက်သူကို မတုန့်ပြန်နိုင်သဖြင့် မိမိနိုင်သောသူကို စိတ်အစာဖြေ လုပ်လိုက်ချင်သာဖြစ်သည်
ပိုဆိုးသည်က ပြန်မတုံပြိုင်နိုင်သော သူ့ကိုမှ ရက်ရက်စက်စက် နှိပ်စက်မိသလိုဖြစ်သွားသည်..။

ပုံမှန် အခြေ အနေတွင် ကျွန်တော်သည် အသက် အပုတ်ကို စိတ်မဝင်စားသလို..သူတစ်ပါးကိုလည်း ရန်ရှာလိုစိတ်မရှိပေ။....
ဒေါသကို အားပေးသော အရက်ကို ကျွန်တော် နည်းနည်းထိတ်လန့်သွားသည်။...ကျွန်တော်သာ တရားလွန်မသောက်ခဲ့လျှင် ကျွန်တော့် ဝမ်းနည်းဒေါသသည် လူတစ်ယောက်ကို မြေဇာပင် သဖွယ် သဘောထား နှိပ်စက်ကလူ ပြုမူမိမည်မဟုတ်ပေ။...နောင်တဆိုသော် အသိသည်..ခေါင်းထဲသို့ပြေးဝင်လာသော
အချိန်တွင် သူ့အတွက် ကျွန်တော် စာနာမိသည်။တကယ်လို့များ ...သူပြန်လာခဲ့လျှင်..ကျွန်တော် သူ့ကို အရက်ဖိုး
ကောင်းကောင်းပေးလိုက်မည်ဟု.......

"ဂူးဂဲလ်....ရော့ဒီမှာ...ဘာတွေတွေးနေတာလဲ ခေါ်မကြား အော်မကြားနဲ့.."

ဂျားဂျားက မျက်နှာရှုံ့ရင်းမှ... "ကြည့်ရတာ..ရှက်ကီးကြောင် ..ကြောင်နေပြီထင်တယ်... "

ကျွန်တော် ပြုံးရင်း... ဘီယာတစ်ဘူးကို ဖောက်လိုက်သည်..။

"မဟုတ်ပါဘူးကွာ..မနေ့က ဟိုကောင့်ကို ငါသနားလို့ ..ဒီကောင် ပလိန်းကြီး မြေဇာပင်ဖြစ်သွားတယ်..ငါကလည်း..
တော်တော်ပေါက်လာတာ ..မင်းသိတဲ့အတိုင်းပဲ.."

ဂျားဂျားက အားလူးကြော်တစ်ဖတ်ကို ပါးစပ်ထဲပစ်ထဲ့ရင်း...

"နေပါဗျာ...အချိန်တန်ရင် စပ်ဖြီးဖြီးနဲ့ပြန်ရောက်လာလိမ့်မယ်...။ဘာမှ သောက်မှတ်သည်းခြေရှိတဲ့ကောင်မဟုတ်
ဘူး...။ဒီကောင်က အရေထူနေပြီ..။"

"ဟော ..ဟိုမှာကြည့် ပြောရင်းဆိုရင်းရောက်လာပြီ"

ဟုတ်ပါတယ်...။မနေ့က သူဘာမှ မဖြစ်ခဲ့သလိုမျက်နှာလေးနှင့် ကျွန်တော့်ကို လာနှုတ်ဆက်သည်..။ပြီးတော့ ဆေးလိပ်တစ်လိပ်တောင်းပြီး ပြန်ထွက်သွားသည်..။ဂျားဂျားကပခုံးတွန့်ရင်းကြည့်သည်။ သူမပြောဘူးလားဆိုသည့် သဘော...။ကျွန်တော် ရယ်ချင်ပတ်ကျိဖြစ်သွားသည်...။တကယ်ဆို ကျွန်တော်က တောင်းပန်ရမယ့်သူ..။ဒါတောင်မှ
သူ ကကျွန်တော်ကို စိတ်မဆိုးဟန်ဖြင့် ပြုံးပြသွားသည်..။ဂျားဂျားပြောသလို ..အမှတ်မရှိတာပဲလား.. ဒါမျိုးတွေ ကြုံနေကျမို့လို အရေထူသွားတာလား...?။ဒါဆိုရင် သူ့အဖြစ်က ...သနားစရာ သိပ်မကောင်းတော့ချေ။သေချာတာက
တော့သူ ကျွန်တော့်ကို မလွန်ဆန်နိုင်..။

ကျွန်တော်ကကော်.... ဒါဆိုဘာလဲ..။အကြိမ်ပေါင်းများစွာ နှိပ်စက်ခံနေရသော နှလုံးသားကိုမှ အားမနာ ..အချိန်တန်လျှင် သူမအပါး ရောက်ရောက်သွားသည်..။ ကိုယ်က မမှားယွင်းပါလျှက်နှင့်ပင်...အမှားလုပ်မိသူ တစ်ယောက်လို စိုးတထိတ်ထိတ် အရိပ်တကြည့်ကြည့်နဲ့ပင် နေနေရသည်..။ကျွန်တော်နဲ့ ထို ဇိုးသမားလေးသည်
မည်သို့မျှမခြားနားတော့...။လူတိုင်းက အမှတ်မှမရှိတာ နည်းတောင် နည်းသေးသည်ဟု...မှတ်ချက်ပေးမည်မှာ
အသေအချာပင်ဖြစ်သည်....။ဒါဆို ကျွန်တော့်လုပ်ရပ်တွေသည်.....အား!!!!! တွေးနေရင်းမှ ရှက်ရွံ့စိတ်သည်...
သွေးကြောထဲတွင်...တဒိတ်ဒိတ်နှင့်....လျှင်မြန်စွာရုန်းကြွလာသည်..။မှန်တစ်ချပ်ရှေ့မှာ ရပ်လိုက်သလိုပင်..ထင်ခဲလင်းခဲနဲ....။ဘီယာကို တစ်ကြိုက်မော့ရင်း...

"တောက်"

ဂျားဂျား မျက်ခုံးပင့်ရင်းမေးသည်...။

"ဘာထဖြစ်တာလဲ..."

ကျွန်တော်ပြောသည်..." ငါဒီလိုဆက်မဖြစ်ချင်တော့ဘူး...။

မင်းငါ့ကို ပြောပြစမ်းကွာ...မင်းကောင်မလေးတွေကို ဘယ်လိုလိုက်လဲ..?"

ပြုံးရင်း ကြည့်နေသောဂျားဂျားက လက်တစ်ဘက်ကို မြှောက်ရင်းမှ..

"ခင်ဗျား မဆိုးဘူး...ဒီလိုမှပေါ့.."

ကျွန်တော် ဂျားဂျားလက်ကို ဖြောင်းကနဲ နေအောင်လှမ်းရိုက်လိုက်သည်...။

"ဒီလိုရှိတယ်ဗျ...ခင်ဗျားနေတာထိုင်တာမှ မဟုတ်တာ...။ဒီဆော်ကို ချစ်တယ်ဆိုရင်လည်း ကိုယ်က လိုက်ပြီးဖြည့်ဆည်းပေးရုံနဲ့မပြီးဘူး...။အဲ့ဒါ ဘယ်ဆော်ပဲဖြစ်ဖြစ်ဒီအတိုင်းကြီးပဲ..။မိန်းကလေးဆိုတာ အလှအပ..အရမ်းကြိုက်တာ..။ဘယ်လိုပြောမလဲ ပုံတုန်းကြီးဆို ခင်ဗျားကျန်ခဲ့မှာပေါ့..အခုတောင် ခင်ဗျားကျန်ခဲ့ပြီ..ဒီဇိုင်းကလန်းနေဖို့လိုတယ်..။အိပ်ထဲပိုက်ပိုက်ရှိတာမရှိတာက သိတာမှ မဟုတ်တာ..ပေါက်လား?
စိတ်ဓါတ်ကောင်းတာတွေ မကောင်းတာတွေကို ဘေးချိတ်ထားဦး..သိတာမှ မဟုတ်တာ။အဲ့တော့ ခင်ဗျား ဆော်လိုက်မယ်ဆိုရင်.. ဘယ်ကစပြင် ရမလဲဆိုတော့... !@#$%^&*()__)(*&^%$ ......."

အဲ့ဒီညက ဂျားဂျားနဲ့ ကျွန်တော် စကားတွေ အများကြီးပြောဖြစ်သည်...။

(2.6.2010) အမှတ်တရ
(4.6.2010) 1:07 am
 ရိုးထက်( billy)

အမြဲတမ်းမွှေးတဲ့ပါး


မိုးတွေအပြင်မှာ တဖွဲဖွဲရွာနေသည်...။
"ဟေ့ကောင်...ရောက်ပြီလေ" မင်းမင်းက ကားကို ဆတ်ကနဲ ဘရိတ်အုပ်ရင်းမှ ပြောသည်...။သူတော်တော်ဟန်ချက်ပျက်သွားပြီး......မင်းမင်းကို ဆဲရင်းမှ ကားတံခါးကိုဖွင့်လိုက်သည်။ ဒီကောင်မူးရင် ဒီလိုပဲ ... ကားမောင်းကလည်း ကြမ်းမှကြမ်း....
မိုးစက်တို့ သူမျက်နှာကို ခပ်ပြင်းပြင်းရိုက်ခတ်လာမှ... သူ ထီးကို သတိရသည်..။
မင်းမင်းကားကို မောင်းထွက်သွားတာ ခပ်လှမ်းလှမ်းရောက်နေပြီ...။တဝေါဝေါရွာနေသော မိုးထဲတွင်သူခေါ်လည်း ထူးမည်မဟုတ်. ။သူပြုံးရင်းမှ..ခပ်လှမ်းလှမ်းရှိ ကွမ်းယာဆိုင်သို့ သူပြေးဝင်လိုက်သည်..။ခြေလှမ်းတွေက မမှန်ချင်...။သူတော်တော် ရေချိန်ကိုက်နေပြီ.......။ဆေးလိပ်တစ်လိပ်ကို မီးတို့ပြီး သူခဏ မိုးခိုနေလိုက်သည်..။
လက်မှ နာရီကိုကြည့်တော့ ၁၂ နာရီထိုးလုပြီ..။
သူဒီလို မူးနေပုံနဲ့ အိမ်ကို ဘယ်လိုပြန်ဝင်ရမလဲ စဉ်းစားရင် သက်ပြင်းချမိသည်..။ဒီအချိန်ဆိုရင်တော့ အမေအိပ်နေလောက်ပါပြီ...။
အိမ်ရှေ့ကိုရောက်တော့ မီးမှိတ်ထားလို့ သူနည်းနည်း စိတ်အေးသွားရသည်....။သေချာပြီ အမေအိပ်သွားလောက်ပြီ..။သော့ကို ခပ်ဖြေးဖြေးလေး ဖွင့်ပြီး ကိုယ်ဖော့ကာ နောက်ဖေးခန်းဆီသို့ တန်းဝင်ကာ.... စိုရွှဲနေသော အဝတ်အစားတွေကို ချွတ်လိုက်သည်....ပြီးတော့ ခေါင်းကို သုတ်ရင်း...ရေခဲသေတ္တာ..ကိုဖွင့်လိုက်သည်..။
"သား...ပြန်ရောက်ပြီလား"
အမေ ဘယ်အချိန် အိပ်ရာထဲက ထလာတာလဲမသိ...။
"သား..ဘာတွေလုပ်နေတာလဲ...ဘာတွေစိတ်ညစ်စရာရှိလို့လဲ...ကောင်မလေးနဲ့ အဆင်မပြေဘူးလား... "
ဘာမှ မဟုတ်ပါဘူး... ဒီနေ့ သူငယ်ချင်းတွေစုံသွားလို့ပါဟု..သူုဆင်ခြင်ပေးချင်သည်..။သို့သော်..သူ့ပါးစပ်က ဘာမှ ထွက်မလာ...။အမေက နင့်ကိုငါမွေးထားတာပါ..သားရယ်...ဆိုသော အကြည့်မျိုးနဲ့ကြည့်သည်..။
ပြီးမှ..."သားကို အမေ ဘယ်လောက်အားကိုးတယ်ဆိုတာ သားသိတယ်နော်..ကိုယ့်ကိုယ်ကိုယ် ဒုက္ခမခံချင်ပါနဲ့သားရယ်.."
အမေကို သူပြန်ပြောစရာစကားမရှိသလိုဖြစ်သွားသည်...။တကယ်တော့လည်း ...သူ ၆ လလောက် ဆိုးနေတာကို အမေဘာတစ်ခွန်းမှ မပြောသလို...အခုလည်း တစ်လကျော်အိမ်ပြန်မလာတာကိုလည်း ယောင်လို့တောင် မဆူ..။အမေ သူစိတ်ညစ်နေမှန်းသိနေရ်ျသာ..နေပါစေ သဘောမျိုးနှင့်.....မသိသလိုနေခဲ့ခြင်းဖြစ်နိုင်သည်..။
အခုတော့ အမေသည် သူ့ကို အပြုံးလေးနဲ့ပြောနေခြင်းဖြစ်ရ်ျ သူနေရထိုင်ရပိုခက်လာသည်...။ယိုင်နဲ့နဲ့ ကိုယ်ကို မသိမသာထိန်းရင်းမှ ..သူ့အမေကို ..
"သားအခုတလော စိတ်ညစ်နေတာကတော့ အမှန်ပဲ အမေ...။သားမကောင်းမှန်းလည်း သားကိုယ်သားသိပါတယ်...အိမ်ကို လှည့်မကြည့်နိုင်လောက်အောင်ကို... သားစိတ်ခံစားချက်ကို ရှေ့တန်းတင်မိတာပါ..။ဒါပေမယ့် အခု အဲ့ဒါတွေအားလုံး အကုန်မြောင်းထဲရောက်ကုန်ပြီ အမေရာ...သားဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး... "
သူ့အသံတွေ လိုအပ်တာထက်ပိုတုန်နေသည် ဟုထင်မိသည်..။
ဟန်ဆောင်နိုင်စွမ်း နည်းပါလှချည်းလားလို့ အားမလိုအားမရဖြစ်မိသည်။
"င့ါသား ဘာမှ စိတ်ညစ်စရာ အကြောင်းမရှိဘူး...အမေတစ်ယောက်လုံးရှိတာပဲ.....အမေသားကို အားကိုးသလိုမျိုး...သားလဲ အမေ့ကို အားကိုးပေါ့..အမေ အရင်လို အစွမ်းပေမဲ့... ကျန်းမာပါသေးတယ်သားရဲ့.."
အားပေးသူကို အားနာမိသည်...ကိုယ်ကိုယ်တိုင်က ပျော့ညံလွန်းရ်ျသာ ဒီလိုဖြစ်ရခြင်းဖြစ်သည်...။
နောက်တော့ အမေစကားစဖြတ်သည်..။
ညဉ့်နက်အောင် မနေရန်နှင့်... ကြောင်အိမ်ထဲမှာ ထမင်းရှိသေးကြောင်းပြောပြီး....အိပ်ရာဝင်သွားသည်..။
ကျွန်တော် အမေခင်းပေးထားသောအိပ်ရာမှာ...တုံးလုံးလှဲပြီး သီချင်းနားထောင်ရင်း မှေးကနည်းဖြစ်သွားသည်..။
မနက်မိုးလင်းတော့ ကျွန်တော့် ခေါင်းတွေ တော်တော်ကြည်ကြည်လင်လင်ပင်...ဖြစ်နေသည်..။အတော်လေး စောနေသေးသလို..ပင်။ ထူးထူးခြားခြား ဒီလို ခပ်စောစောမနိုးတာ လအတန်ကြာပြီဖြစ်ရ်ျ စိတ်ထဲမှာ လန်းဆန်းနေသည်...။
တစ်ညလုံးမိုးရွာထားရ်ျ နေရာတိုင်းတွင်း စိမ်းလန်းသန့်ရှင်းနေသည်..။မြေသင်းနံတို့လည်း ကောင်းကောင်းကြီးသင်းပျံနေသည်..။
ပြုံးနေသော ကျွန်တော့်ကို လမ်းလျှောက်ရာမှ ပြန်လာသောအမေက...
"မျက်နှာမြန်မြန်သစ်လိုက်..အပြုံးတို့ဆိုင်ကို သွားရအောင်...။"
(လွန်ခဲ့သော ၁၀ နှစ်ခန့်မှ ယခုတိုင်အောင် အမေနဲ့ ကျွန်တော် အတူသွားစားနေကျ မုန့်ဟင်းခါးဆိုင်ဖြစ်သည်..)
သူ့ကမန်းကတမ်း မျက်နှာသစ်..အဝတ်အစားလဲရ်ျ...အမေ့လက်ကို တွဲရ်ျလျှောက်လာခဲ့သည်..။လမ်းထိပ်မှ လူတစ်ချို့
ပြုံးစိစိနဲ့ ကြည့်သည်..။တစ်ချို့က လှမ်းနောက်သည်..။
"ဟေ့..ပါးပါးလှီး(အမေသူ့ကို ကလေးဘဝကတည်းကခေါ်သော နာမည်ပြောင်) ပြန်ရောက်ပြီလား"
သူစကားမပြန်ပဲ...စပ်ဖြဲဖြဲလေး နေလိုက်သည်...။မပြုံးတို့ ဆိုင်ရောက်တော့လည်း...
"ကဲ ..ကိုလူပျို ...မိန်းမရသွားပြီမှတ်တယ်...နင့်အမေကတော့ တစ်ချိန်လုံး နင့်အကြောင်းချည်းပဲပြောနေတာ.... ဘာလည်း အခုပြန်လာပြီး ချွဲတာလား...ကြည့်ရတာ သုံးစရာမရှိတော့ဘူးထင်တယ်... "
သူဒီလောက်တောင် ရပ်ကွက်ထဲမှာ နာမည်ကြီးနေပြီပဲ....။ဘာပဲပြောပြော..အားလုံးက စကြနောက်ကြနဲ့...ဒီလိုဆိုတော့လည်း လောကကြီးက နေပျော်စရာကြီးပဲဟု...တွေးလျှင် သူ မမှားဟုထင်မိသည်..။
မနေ့က စိတ်နောက်စရာ ကိစ္စတွေ အဝေးသို့ လွှင့်စင်သွားသည် ဟု ထင်ရသည်...။
အပြန်လမ်းမှာ အမေက သူ့ကို တိုးတိုးလေးပြောသည်...။ နောက်တစ်ခါ ဒီလိုမနေနဲ့..လိုတာရှိရင် အမေ့ကို ပြော ဟု ပြောသည်..။သူ စိတ်ထဲမှ အမေ့ကို တောင်းပန်မိသည်...။သားဆိုးကို ဒီတစ်ခါ ထပ်ခွင့်လွှတ်ပါဦးလို့..
အမေ့အပြုံးက ကျွန်တော့် ကို ခွင့်လွှတ်ပါတယ် လို့ပြောနေသလိုပင်.....
ကျွန်တော် အမေ့ပါးကို ကြူကြူမွှေးလိုက်သည်...။ ဒီတစ်ခါ အမွှေးဆုံးဟု ကျွန်တော်ထင်သည်..။


ရိုးထက် (billy)
11.6.2010(အမှတ်တရ)
10:36 pm

အကောင်းဆုံး အရှုံးသမား


ကျွန်တော်ငယ်ငယ်က အိမ်ရှေ့မှာ တိုလိုမိုလီကုန်ပစ္စည်းများနှင့်စားစရာမုန့်ဆိုင် လေးတစ်ခု ကို အနားမနေတတ်သော အမေက တည်ထားသည်။အခြားကလေးများကဲ့သို့ ရပ်ကွက်အတွင်းရှိ ကလေးများနှင့် ဆော့ကစားလေ့မရှိသော ကျွန်တော်(ကိုယ်တိုင်ကလည်း ကစားခုန်စားဖက်တွင် စိတ်များစွာ မပါလှချေ။)သည် အိမ်ဆိုင်ကလေးတွင် ရံဖန်ရံခါ လူစောင့်အနေနှင့် နေပေးလေ့ရှိသည်။ ..ကျောင်းပိတ်ရက် တော်တော်များများတွင် ကျွန်တော်သည် အိမ်ဆိုင်လေးတွင် ပန်းချီကာတွန်းပုံများကိုဆွဲရင် အချိန်ဖြုန်းလေ့ရှိသည်။

အခြားကလေးများကဲ့သို့ လည်လည်ဝယ်ဝယ် မရှိလင့်ကစား အိမ်တွင်းတွင်တော့ အလွန်ကဲသော ကလေးငယ်တစ်ဦးဖြစ်သည်။အိမ်တွင်းကစားနည်း မျိုးစုံကို တီထွင်ကြံစရင် တစ်ဦးတည်း အချိန်ဖြုန်းနေမြဲဖြစ်သည်။ အိမ်တွင် ကျွန်တော့်အဖေ၏ ဂျပန်လုပ် 543 ဒက်ဒ် (အဖေ့အခေါ်) panasonic အမျိုးအစား မိုနိုကတ်ဆက်ကလေးသည် အိမ်၏ တစ်ခုတည်းသော ဖျော်ဖြေရေး ဇိမ်ခံပစ္စည်းဖြစ်သည်။

အချိန်တော်တော်များများ ကျွန်တော်သည် ထိုကတ်ဆက်ကလေးနှင့် တစ်ဦးတည်း ခွေပေါင်းစုံ ဖွင့်ရင်း လိုက်လံအော်ဟစ် ညည်းဆိုလေ့ရှိမြဲ။ အိမ်မှာ ရှိသော ကတ်ဆက်ခွေတော်တော်များမှာ  အမေနားထောင်လေ့ရှိသော တရားခွေများ..၊ အဖေ့အကြိုက် စတူရီယိုခေတ်ဟောင်းမှ အဆိုတော်များဖြစ်သော တွံတေးသိန်းတန်၊ ဟင်္သာတ ထွန်းရင် ၊မောင်မောင်ကြီး ၊ ကိုတင်လှိုင်၊ကိုမြကြီး စသည်တို့၏ အခွေ များနှင့် ကျွန်တော် ပူဆာ၍ အဖေဝယ်ပေးသော မိုက်ကယ်ဂျက်ဆင် ခွေတစ်ခွေသာ ရှိသည်။

ထိုမိုက်ကယ်ဂျက်ဆင်ခွေကလေးကို အချိန်ရှိတိုင်းဖွင့်၍ ခုန်ပေါက်ကာ တစ်ကိုယ်တည်း အပျော်ရှာလေ့ရှိသည်။ထိုမှ တဖန်မောလာလျှင် အိမ်ရှိခွေပေါင်းစုံကို နားထောင်သည် ဖြစ်စေ နားမထောင်စေ အသံအကျယ်ကြီး ဖွင့်ထားမြဲဖြစ်သည်။အဖေ့ သီချင်းခွေများထဲတွင် ဟင်္သာတ ထွန်းရင် ကို ကျွန်တော်အကြိုက်ဆုံးဖြစ်သည်။ မိသားစု အကြောင်း အဖေအမေ အကြောင်းရေးစပ်ထားသော သီချင်းများ ဖြစ်သဖြင့် နားတည့်ဟန်တူသည်။ သို့သော် ကျွန်တော် နားမလည်သော သီချင်းတစ်ပုဒ်မှာ "အကောင်းဆုံး အရှုံးသမား" ဆိုသော နွားအကြောင်းကို ဖွဲ့ဆိုထားသော သီချင်းဖြစ်သည်။

တစ်နေ့ အဖေရုံးပိတ်ရက်တွင် ကျွန်တော် သိချင်သော ထို သီချင်းအကြောင်းကို သားနာမလည်ဘူး ရှင်းပြပါလားဟု အဖေ့ကို ပြောသောအခါ အဖေက ပြုံးပြီးကြည့်ရင်း ရှင်းပြသည်။ အဖေရှင်းပြပြီးနောက် သီချင်းကို နားထောင်ကြည့်သည့် အခါ ကျွန်တော့်မှာ မျက်ရည်လည်လာပြီး နောက်ဆုံး မထိန်းနိုင်ပဲ တစ်ရှုံရှုံ ငိုရလေသည်။ ကျွန်တော့် အဖြစ်ကို ကြည့်ပြီး အဖေကပြုံးရ်ျမေးသည်။သားဘာဖြစ်လို့ ငိုတာလဲတဲ့…။ကျွန်တော်က အဲ့ဒီ နွားလေးကို သနားလို့ဖြစ်ကြောင်းပြောသည်။သူ့ခမျာ သန်စွမ်းတုန်းကလည်း သခင်ကို အလုပ်အကြွေးပြုရသည်။အိုကြီးအိုမဖြစ်တော့လည်း သခင်က သားသတ်ရုံ သို့ပို့သည်။ သူ့တစ်ဘဝလုံး သည် သခင်အတွက်ပေးဆပ်နေသော်လည်း…သခင်သည် သနားညှာတာခြင်းမရှိ သူ့အတွက်သာသူကြည့်သည်။ မိမိအတွက် အလွန်အကျိုးပြုသော နွားလေးကို မညှာတာ…၍ဟု ပြန်ပြောသည်။ ထိုအခါအဖေက ကျွန်တော့်အား နွားလေးကို တစ်ကယ်သနားလား ဟုမေးသောအခါ…ကျွန်တော်မဆိုင်းမတွ ခေါင်းညိတ်ခဲ့မိသည်။ဒါဆို အဲ့ဒီလို သခင်မျိုးမဖြစ်အောင်နေပေါ့သားရဲ့ ဟု အဖေက ဆုံးမသည်။အဲဒီ့တုန်းက ကျွန်တော် တတိယတန်းသာ ရှိသေးသည်။

အဲ့ဒီနောက်ပိုင်း ကျွန်တော်သည် မိမိထက် အသိဥာဏ်ချို့တဲ့သော သတ္တဝါတို့ကို နှိပ်စက်ခြင်းအမှုကို တတ်နိုင်သမျှရှောင်ကျဉ်ခဲ့သည်။ယုတ်စွအဆုံး ခြင်ရိုက်ခြင်း အမှုကိုပင် မပြုတော့…။

အရွယ်ရောက်တော့ ကျွန်တော့်မှာ ချစ်ရလွန်းသူ တစ်ယောက်ပေါ်လာသည်။
သူမသည် ကျွန်တော့်ကို အချိန်ပြည့်လွှမ်းမိုးနေသော ကျွန်တော့်သခင် ဖြစ်သည်။ ဘာပဲလုပ်လုပ် အရုပ်တစ်ရုပ်၏ နေထိုင်မှုမျိုးဖြင့် ကျွန်တော်သည် သူမကို မြတ်မြတ်နိုးနိုးချစ်သည်။သူမ မတိုင်ခင်က ကျွန်တော်မှာ သူချစ်ကိုယ်ချစ် ရည်းစား နှစ်ယောက်ရှိခဲ့ဘူးသည်..။ပထမရည်းစားသည် ကျွန်တော်ကို ခေါင်းမာသည် ပြောစကား နားမထောင်ဟု ဆိုကာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့သည်။ ဒုတိယ ရည်းစားကတော့ ကျွန်တော် သည် ဆိုးသွမ်းသူ.၊ ရမ်းကားသူ ၊ အမြဲရန်လိုနေတတ်သူ ၊ မူးရူးနေတတ်သူဟု ဆိုကာ ပြတ်စဲခဲ့ပြန်သည်။

သူမကိုတွေ့တော့ ကျွန်တော်သည် အတော်အတန် လူ့လောက သဘာဝ ကို နားလည်လာသည့် အလျှောက် အရင်ရည်းစားများနှင့် ပတ်သတ်စဉ်က အားနည်းချက်များကို ပြင်ဆင်ဖြည့်စွက်ပြီး တတ်စွမ်းသမျှ မိမိဘက် ကအနေအထိုင် မှန်အောင် ကြိုးစားခဲ့သည်။ ချစ်တယ် ဟု အချိန်ပြည့် မပြောတတ်သော အကျင့်ကြောင့် အပြုအမှုဖြင့် ချစ်ပြခဲ့သည်။ နောက်ပိုင်း ကျွန်တော်သူ့ကို စွဲလန်းလာသည်…ဘာမဆို သူမသည်သာ ကျွန်တော့် ၏ ပထမဦးစားပေးဖြစ်သည်။သူမကို လွမ်းနေရသည်ကို ကျွန်တော် နှစ်ခြိုက်လာသည်။

သူမ အသံ၊ သူမအပြုအမှု၊ သူမပုံရိပ်တို့သည် ကျွန်တော်ဦးနှောက်၏ ၉၀ ရာခိုင်နှုန်းခန့်ကို ချုပ်ကိုင်ထားသည်။တဖြည်းဖြည်း သူမသည် ကျွန်တော် ရည်မှန်းချက်တို့၏ ဦးဆောင်ရာ ၊ အသိစိတ်တို့၏ အလယ်ဗဟိုကို တည့်တည့်ရောက်လာပြီး အရာရာသူ့စိတ်ဖြစ်လာသည်။ ကျွန်တော်ပိုင်ဆိုင်မှု့ ဆိုရ်ျ ဘာတစ်ခုမှ မရှိတော့။ရည်ရွယ်ချက်တို့၏ ပန်းတိုင်သည်လည်း သူမသာလျှင် ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။
ဒီလိုဖြစ်လာတာကိုလည်း ကျွန်တော်ကိုယ်တိုင်က ကျေနပ်သည်။

အခြားအစိတ်အပိုင်းများဖြစ်သော လူမှုရေး၊ မိသားစုရေး၊ပညာရေး၊ပရဟိတ စသည့် များတွင် အားနည်းလာသလောက် သူမနှင့် ပတ်သတ်လျှင်တော့ ပြည့်စုံအောင် ကျွန်တော် အမြဲကြိုးစားနေခဲ့သည်။တစ်ချိန်က တစ်ကျော့ပြန်အံသြလောက်အောင် လိမ္မာလွန်းခဲ့သူဟု အိမ်က အသိအမှတ်ပြုထားသည်ကို ပြန်လည် ရုပ်သိမ်းခံခဲ့လောက်အောင် ကျွန်တော် မိသားစုရေးတွင် အားနည်းခဲ့သည်။ပညာရေးတွင်လည်း ကျောင်းကိစ္စအားလုံးကို လစ်လျှူ ရှု့ခဲ့ပြီး ပေါင်းသင်းဆက်ဆံရေးတွင်လည်း အချိန်သိပ်မပေးတော့ပေ။သို့တိုင်အောင် ကျွန်တော် သူမကို ယစ်မူးခုံမင်နေဆဲပင်။

အခါများစွာ သူငယ်ချင်းများ၏ သတိပေးစကားတို့သည် ကျွန်တော့်အတွက် ရယ်စရာ ဟာသတစ်ခုလိုသဘောထားမြဲဖြစ်ခဲ့သည်။ဒီလိုနဲ့ ကျွန်တော့် ပျော်စရာနေ့တွေ ကုန်ဆုံးရမည့် နေ့သို့ ရောက်မှန်းမသိရောက်ခဲ့သည်။ လူတွင် ပျော်ရွှင်ချိန်ကို ရယူရန် အခွင့်အရေး ၂ ခုရှိသည်။ ဘဝ၏ အစောပိုင်းတွင်ပျော်မလား၊ ဘဝ၏ နောက်ပိုင်းတွင် ပျော်မလား။ ကျွန်တော်ကတော့ အစောပိုင်းတွင် ပျော်ရွှင်ဖို့ နှစ်နှစ်ခြိုက်ခြိုက်ရွေးချယ်ခဲ့သည်။သူမကို ပျော်စေချင်သည်။စိတ်ချမ်းသာစေချင်သည်။သူမပျော်လျှင် ကျွန်တော်ပျော်သည်။

မည်သို့ဖြစ်စေ လူဆိုသော သတ္တဝါသည် မိမိကိုယ်ကိုသာ ဗဟိုပြုရ်ျ ရပ်တည် စဉ်းစားတတ်သောကြောင့် အတ္တမကင်းပေ။မိမိစိတ်ချမ်းသာမှုနှင့် ယှဉ်လျှင် အခြားသူတို့၏ ဒုက္ခသည် ပါးမွှားသာဖြစ်သည်။ကျွန်တော်သူမကို ဖြည့်စွမ်းပေးဖို့ ကြိုးစားသလောက် ကျွန်တော့်အိမ်၏ ပြဿနာသည် ခေါင်းထဲမှာ နေရာများများမယူနိုင်ရှာတော့ပေ။ ဒီလိုပဲ သူမကို မည်မျှချစ်ချစ် သူမ၏ ပျော်ရွှင်မှုကို ထိခိုက်လာသော အခါတွင် သူမသည် ကျွန်တော့်ကို ရက်ရက်စက်စက် တုံပြန်တိုက်ခိုက်လာလေသည်။

အဲ့ဒီနေ့က ကျွန်တော် မယုံနိုင်လောက်အောင် သူမသည် အချိန်အတော်များများလှည့်စားခဲ့ သူဖြစ်ကြောင်း သိရသည်နှင့် တုန်လှုပ်နာကျင်မှုသည် ရင်ဘတ်မှ တဆင့် မျက်ဝန်းများဆီ သို့ အလျှင်အမြန်ကူးစက်သွားသည်။ကျွန်တော် ဒေါသတို့သည် လက်များမှ တဆင့် နံရံပေါ်သို့ အကြိမ်ပေါင်းများစွာ ပြိုကျ ပေါက်ကွဲကုန်သည်။

ရက်စက်သူဟု အပြစ်မတင်ရက်…။တကယ်ဆို သူမလို ကြွကြွရွရွလှလှကလေးသည် ကျွန်တော်လို မနေတတ်မထိုင်တတ် ဖြစ်သလိုနေတတ်သူ တစ်ယောက်နှင့် ယှဉ်တွဲသွားလျှင် သူမ အလှတို့ မှေးမှိန်ကုန်မှာကို ကျွန်တော်ကိုယ်တိုင်က အထိတ်တလန့် စိုးရိမ်ခဲ့ဘူးပါသည်။ လူရာမဝင်သူဟု မိမိကိုယ်ကို မထင်သော်လည်း သူမ အတွက် ဂုဏ်ယူလောက်အောင် စမတ်ကျသူမဟုတ်ကြောင်း..၊ကျွန်တော် ပုံစံဖွဲ့စည်း တည်ဆောက်ပုံကို ဘာသာနားလည် သောကြောင့်သာ စေလိုရာစေ ဘဝမျိုးနှင့်ပင် မိမိကိုယ် မိမိနှစ်သိမ့်တတ်လာသည်။

ကျွန်တော်၏ ပိုင်ဆိုင်သော ခွန်အား၊ စိတ်ဓါတ်၊ အချစ်စိတ်တို့ နှင့်ပင် သူမကို ပြည့်စုံအောင် ဖန်တီးဖို့ ကြိုးစားခြင်းသည် လက်တွေ့တွင် အလုပ်မဖြစ်ကြောင်း အချိန်နှောင်းမှ ကျွန်တော် သိခဲ့ရသည်။ တောက်တောက်ပြောင်ပြောင် ဝတ်ပြီး သုံးစရာမရှိ စားစရာမရှိသော ဘဝမျိုးကို ကျွန်တော်ရွံ့မုန်းသည်။ အဓိကနှင့် သာမညကို ကောင်းစွာနားလည်သူဟု မိမိကိုယ်ကို ဂုဏ်ယူခဲ့သည်။ ဒီလိုကောင်မျိုးတွေ ကျွန်တော့်ဆီမှာ အကြိမ်များစွာ လာရောက် စားသောက်ဖူးသည်။ ထိုကြောင့် ကျွန်တော်မှန်သည်ဟုသာ ထင်ခဲ့သည်။

သို့သော် အပြင်ပန်းအလှသည် လတ်တလော လူကို အဆုံးအဖြတ်ပေးတတ်သော အရာဖြစ်ကြောင်း ကိုယ်ကိုယ်တိုင် လက်ခံမိသော အခါမှာ တစ်သက်လုံးစွဲကိုင်လာသော အယူအဆသည် နေရာတိုင်းတွင် အသုံးမဝင်တော့ ကြောင်း စိတ်ပျက်ဝမ်းနည်းစွာ သိံခဲ့ရသည်။အတွင်းစိတ်သည် တခဏနှင့် ဆုံးဖြတ်ရ်ျ မရသော်လည်း လူတို့သည် လက်ရှိ အခြေအနေကို မူတည်ရ်ျ ထည့်သွင်း စဉ်းစားတတ်ကြောင်း ကြားနာခွင့်ရခဲ့သည်။

ခွန်အားသုံးဖို့ ကြိုးစားခြင်းသည် အသိဥာဏ် မရှိသော သတ္တဝါတို့ ၏ အပြုအမူသာဖြစ်သည် ဟု အကြိမ်များစွာ မှတ်သားခဲ့ရသော်လည်း… ဒီပုံစံအတိုင်းသာနေခဲ့သော မိမိကိုယ်ကို ရှက်မိသည်။ချစ်စိတ်တစ်ခုတည်းနှင့်လည်း အရာအားလုံးကို တည်ဆောက်ဖို့ ခက်ခဲကြောင်းနားလည်လာသည်။

ကြိုးစားလျှင် မဖြစ်နိုင်တာမရှိဟု ဆိုသော်လည်း ချွင်းချက်ရှိသည်ကို ကျွန်တော် သဘောပေါက်စပြုလာသည်။ကျွန်တော်တို့ မည်မျှပင် ကြိုးစားသည် ဖြစ်စေ..ဖြစ်ချိန်မတန်လျှင် ဖြစ်ခွင့်မရှိဟု လက်ခံခဲ့ရသည်။ သူမအတွက် အရာရာကို ပေးဆပ်ဖို့ ကြိုစားခဲ့သော်လည်း အသုံးမဝင် အရာမရောက်ခဲ့သောကြောင့် ဒေါသထွက်ရသည်။စိတ်ပျက်ရသည်။ ဒါတွေကပင် ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ နှိပ်စက်လေသည်။

သူမက ကျွန်တော့်ကို အကောင်းဆုံးပါဟု တစ်ချိန်က ပြောခဲ့ဘူးသည်။ဒါပေမယ့် အခုချိန်မှာတော့ အကောင်းဆုံးဆိုသော်လည်း ကျွန်တော်သည် အရှုံးသမားသာဖြစ်သည်။ ပရိတ်သတ် အသနားခံရမှု အနည်းဆုံး အရှုံးသမား၊ ကျွန်တော့် ပျက်ကွပ်မှုများအတွက် ဒဏ်ခတ်ခံနေရသူ တစ်ယောက်သာဖြစ်ခဲ့ပါသည်။ အဖေ့ကို ဒီအချိန်သာ နွားလေးက သူ့သခင်အပေါ်ဒီလောက်ကောင်းရဲ့သားနဲ့ ဘာလို့သားသတ်ကုန်းကို ပို့လိုက်တာလဲ ဟုကျွန်တော်ကမေးလျှင် …

“ကံတရားပေါ့သားရယ် “

လို့အဖေဖြေမယ်ထင်ပါတယ်။


1.6.210 (bily)

ကျွန်တော်နဲ့ ဖေ့ဘုတ်


Facebook ကို ဒီဘက်ခေတ် အင်တာနက်သုံးစွဲတဲ့သူ (အထူးသဖြင့်) ဆယ်ကျော်သက်တွေ သိပြီးသားပါ။အထူးရှင်းပြစရာမလိုပါဘူး..။ နာမည်ကြီးလွန်းလို့ ရုပ်ရှင် ရိုက်တာ..လူကြိုက်များခဲ့တဲ့အပြင်..၊ အော်စကာဆု စကာတင်မှာစာရင်းဝင် တဲ့ အထိ အောင်မြင်မှုရခဲ့ပါတယ်..။ကမ္ဘာပေါ်မှာ ဖေ့ဘုတ်သုံးစွဲတဲ့လူဦးရေသန်းပေါင်း (၅၀၀) တောင်ရှိသတဲ့..။ ကမ္ဘာ လူဦးရေ အချိုးနဲ့ ၁၁း၁ လောက်ရှိပါတယ်..။

လူတွေ ဘာကြောင့် Facebook ကို ဒီလောက် နှစ်သက်သလဲ ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်..။ Facebook  ဆိုတဲ့ လူမှုရေး ကွန်ယက် တစ်ခု ဖြစ်တည်လာပုံ သက်ဝင်လာ ပုံအကြောင်းကို Social Network ဆိုတဲ့ရုပ်ရှင်ကားကို ကြည့်ဖူးသူတိုင်းသိကြပါလိမ့်မယ်..။ ဟိုးယခင် ကတည်းက လူမှုရေး ကွန်ယက် တော်တော်များများ..အင်တာနက်ပေါ်မှာ ရှိပြီးသားပါ..။ Facebook နဲ့ ယှဉ်လိုက်ရင် သက်တမ်းရင့်ပြီးသား နောင်တော် လူမှုရေး ကွန်ယက်တွေ အင်တာနက်ပေါ်မှာ လူကြိုက်များနေတုန်း...။ Friendster , Zorpia , Hi5 , Net-log , Person ( web-chat ) အစရှိတဲ့ website တွေကို လူသိများပါတယ်..။ ကွာခြားချက်တစ်ခုက Facebook က စတင်ပေါ်ပေါက် စဉ်ကတည်းက အရမ်းရိုးရှင်းပါတယ်..။

ကျွန်တော်တို့ စတင် အသုံးပြုစဉ် ၂၀၀၇ တုန်းက အရမ်းကို ပျင်းစရာကောင်းတဲ့ Network တစ်ခုသာထင်မိခဲ့ပါတယ်..။ သူရဲ့ အသုံးပြုပုံက အရမ်းကို လွယ်ပါတယ်...။ background ကို လည်း သူ သတ်မှတ်ထားတဲ့ standard frame နဲ့သာ သုံးလို့ရပါတယ်..။အဲ့ဒီတုန်းက အခုလို App တွေကို ဖောဖောသီသီ မသုံးနိုင်သေးတာကြောင့် စိတ်ဝင်စားစရာ မကောင်းလှပါဘူး..။ နောက်ပြီး ..web page အတွက် playback song တွေကို လည်း upload လုပ်လို့မရပါဘူး..။ ကျွန်တော်လို ကိုယ် web page ကို အချိန်တိုင်း သ နေတဲ့ လူတစ်ယောက်အတွက်တော့ စိတ်ဝင်စားစရာမကောင်းလှပါဘူး..။ ဘယ်နေရာကို ကြည့်ကြည့် အဖြုရောင်နဲ့ အပြာရင့်ရင့် အရောင်ပဲမြင်နေရတာက ..မျက်စိပသာဒ လည်း မဖြစ်လှပါဘူး..။

Facebook account ကို ၂၀၀၇ ခုနှစ်ကတည်းကလုပ်ထားပေမယ့်..ကျွန်တော် တကယ်တမ်း သေသေချာချာသုံးဖြစ်တာက ၂၀၀၉ မှပါ..။ ထူးခြားချက်တစ်ခုက သူ့မှာ ပါလာတဲ့ feature  တခုက Wall ဆိုတာပါပဲ…..။ ကျွန်တော်နားလည် သလောက်ကတော့... ကိုယ့်နဲ့ ချိတ်ဆက်ထားတဲ့ သူငယ်ချင်းအားလုံးရဲ့ update information တွေကို အချိန်နဲ့ တစ်ပြေးညီ အသိပေးတဲ့ စနစ်တခုလို ထင်ပါတယ်..။ ဒါဟာ Facebook ရဲ့ အားသာချက်တွေထဲ့ က တစ်ခုပါပဲ..။ ဘယ် Network မှာမှ မရှိသေးတဲ့ (ရှိကောင်းလဲရှိပါလိမ့်မယ်) စနစ်တခုပါပဲ...။ အချိန်ကို အလုအယက် သုံးစွဲနေရတဲ့ ဒီနေ့လိုခေတ်ကြီးမှာ လူတိုင်းရဲ့ webpage တစ်ခုချင်းဆီကိုလိုက်ကြည့်ဖို့ ဆိုတာမလွယ်လှပါဘူး..။ဒါကို Facebook က အကွက်ကျကျ ဖြေရှင်းပေးလိုက်တာပါ...။အဲ့ဒီစနစ်ကိုအခုချိန်မှာ Social Network အတော်များများက လေ့လာအတုယူနေရပါပြီ..။

နောက်တစ်ခုက သူရဲ့ frame ပါ..။သူ့ကွန်ယက်ထဲကို ၀င်လိုက်တာနဲ့ ဘယ်နေရာကိုပဲ click နှိပ်နှိပ် မိုးပြာရောင် ရင့်ရင့် ကိုပဲမြင်နေရတာက စိတ်ကိုငြိမ်းချမ်းမှုနဲ့ အတူ လူတိုင်းဟာ ငါနဲ့ တသားတည်းပါလာဆိုတဲ့ အထင်ကို ရောက်စေပါတယ်..။ ( personal profile page မှာတော့ design လှလှလေးတွေ ပြောင်းပေးနိုင်တဲ့ App တွေရှိပါတယ်..။ တစ်ခြားသူတွေတော့ မြင်နိုင်မှာ မဟုတ်ပါ) ဒါဟာ
လူတိုင်းလူတိုင်းမှာ .. ရရှိတဲ့ အခွင့်အရေးကို သတ်မှတ်ထားတဲ့ ဘောင်တစ်ခုတည်းမှာ စနစ်တကျ လုပ်ဆောင်သင့်တယ် ဆိုတဲ့ အမြင်ကိုထင်သာစေပါတယ်..။

ဒီအချက်နှစ်ချက်က Facebook ကို ကမ္ဘာပေါ်မှာ လူကြိုက် အများဆုံးဖြစ်စေတာလို့ထင်ပါတယ်..။လူတွေက သာတူညီမျှမှုနဲ့ ... စနစ်ကျတာကို လူတိုင်းကြိုက်ပါတယ်..။အနည်းဆုံး ကိုယ်မလုပ်နိုင်ရင်တောင်မှပဲ လုပ်နိုင်တဲ့သူတွေကိုတော့ အားကျလေးစားကြတာပါပဲ...။

 ဒါပေမယ့်လည်း ဘယ်အရာမှ ပြည့်စုံတယ်ရယ် မရှိတာ လောက သဘာဝပဲမို့...Facebook မှာလည်း ချို့ယွင်းချက်အချို့ရှိပါတယ်..။ Facebook က ဂိမ်းတွေကို လူကြိုက်များတာ လူတိုင်းအသိပါ..။ တကယ်လည်း ကြိုက်ချင်စရာကောင်းလောက်အောင်...ဂိမ်းတွေက ဆွဲဆောင်မှုရှိလှပါတယ်..။ Fame Villa ,City Villa, Mafia War, It Gal , စသဖြင့်ဂိမ်းမျိုးစုံလှပါတယ်..။ အချို့ ဂိမ်းတွေဆိုရင် Credit ပေးပြီးဆော့ရတဲ့အထိ လူကြိုက်များလှပါတယ်..။ ဒါကတော့ ကိုယ်ကြိုက်ရင့် ဆော့ မကြိုက်ရင်ဆော့ ဆိုပေမယ့် ...အလွယ်တကူဆော့နိုင်အောင် စီစဉ်ပေးထားတာကို သိပ်သဘောမတွေ့လှပါဘူး..။လူဆိုတာ က အလကားရရင် အချိန်ဘယ်လောက်ကုန်ကုန်...စိတ်အပန်းဖြေဆိုပြီး ခေါင်းစဉ်တပ်ရင်း နစ်မျောသွားတတ်တာမျိုးကိုး...။

ဂိမ်းဆိုတာက အပန်းဖြေဖို့ရယ်...သက်သက်ပါ..။ဟိုတုန်းကတော့ ကလေးအများစုအတွက်ရည်ရွယ်ပြီးထုတ်လုပ်ခဲ့တဲ့ ဂိမ်းဟာ အခုတော့ လူကြီးတွေပါနှစ်နှစ်ခြိုက်ခြိုက် ကစားနေကြပါပြီ..။ ခက်တာက Facebook က ဂိမ်းအတော်များများဟာ...ကလေးတစ်ယောက် အနေနဲ့ တော့ဆော့ဖို့ အမှန်တကယ်မလွယ်ကူလှပါဘူး..။ နောက်ကစားသူရဲ့  Clone အဖြစ်ဝင်ရောက်လှုပ်ရှားနေတဲ့ Virtual Character ...အတွက် အချိန်ပေးရပါတယ်..။တဖြည်းဖြည်းနဲ့ အချိန်ကုန်မှန်မသိကုန် နေတဲ့အဖြစ်ပါ...။ဂိမ်းထဲက အလုပ်တွေကို နေ့စဉ် မှန်မှန် ဆောင်ရွက်နေပေမယ့်..တကယ့်အပြင်မှာ တာဝန်ဝတ္တရား ပျက်ကွက်နေတဲ့သူတွေ တပုံတပင်..။ ..ဒီအချက်ကို ကျွန်တော်မကြိုက်ပါဘူး..။ဒါကလည်း ကျွန်တော့် ရဲ့ ထင်မြင်တွေးတောချက်သက်သက်မျှသာဖြစ်ပါတယ်..။

နောက်တစ်ခုက App တွေ တော်တော်များများကို တစ်နေရာထဲမှာ စုစုစဉ်းစဉ်းရနိုင်တာဟာ... လူတစ်ယောက်ရဲ့ ကိုယ်ပိုင် Creation ကို ဖန်တီးရာမှာ အားနည်းစေတယ်လို့ထင်ပါတယ်..။အလွယ်တကူရတဲ့ အတုတွေ တွေကို အစစ်လို့ ထင်သွားမှာ စိုးရိမ်ပါတယ်..။နောက်...Facebook က Screen Time အရမ်းပေးရပါတယ်..။ အချိန်အရမ်းကုန်ပါတယ်..။ App တစ်ခုချင်းစီးတိုင်းကို create လုပ်ဖို့ အချိန်ပေးရပါတယ်..။ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရတဲ့ အတွက် အရမ်းပျော်စရာကောင်းပါတယ်..။ ဒါပေမယ့် ပေါ့လေ....
ဒါဟာ ... Virtual Life တစ်ခု မှာ သာယာတာပဲဖြစ်ပါလိမ့်မယ်..။ဘာမှ အကျိုးများစရာအကြောင်းမရှိပါဘူး...။ဒါလည်းပဲ ထင်မြင်ယူဆချက်သက်သက်ပါ..။

ကဲဗျာ... ဒါက Facebook အကြောင်း ကျွန်တော်သိသလောက် အကျဉ်းချုပ်နဲ့ ထင်မြင်ချက်တွေပေါ့..။ဒါပေမယ့် ကျွန်တော် ပြောချင်တာက ကျွန်တော်နဲ့ Facebook နဲ့ ပတ်သတ်မှုပါ..။Facebook ကို ၂၀၀၉ ခုနှစ် မှ ကောင်းကောင်းစသုံးဖြစ်တဲ့ ကျွန်တော် မှာ online friend ရှားပါးလှပါတယ်..။ ကျွန်တော်ဘာကြောင့် Facebook သုံးဖြစ်သလဲဆိုရင်...အဖြေကရှင်းပါတယ်.။ ကောင်မလေး လှလှလေးပုံတွေကြည့်မယ်..။နောက် အဆင်ပြေရင် Date မယ်..။ ဒီလောက်ပါပဲ..။

ကျွမ်းကျွမ်းကျင်ကျင်နဲ့ သုံးရတာ အဆင်ပြေတဲ့ အခါမှာ... ကျွန်တော် ရည်းစားတဖြစ်လဲ ..ကျွန်တော် သူငယ်ချင်းမလေးကို သုံးကြည့်ပါလားလို့ အကြံပေးမိတာပေါ့..။ သူမသိသေးတာ ကိုယ်ကသိရင် ကိုယ်ကိုများ အထင်ကြီးမလားပေါ့..။ တကယ်လည်း အထင်ကြီးခဲ့ပါတယ်..။ ကျွန်တော်ပဲ သူ့အကောင့် တစ်ခုလုံးကို Create လုပ်ပေး..နောက် ပုံလှလှလေးတွေတင်ပေး ...ဂိမ်းဆော့ပေး..ပေါ့..။ သာယာနေတာ..။ chat box ဆိုတာ ပေါ်လာတော့မှ ကွိုင်ကစတက်တော့တာပဲ..။comment ရေးတာလောက်မှာ သည်းခံနိုင်တယ်..ယောက်ျားလေး သဘာဝကို..နားလည်တယ်..အဆင်ပြေတယ်ဆိုပေမယ့်.. chat box မှာ အမျိုးမျိုးသော ယောက်ျားထု၏ ကြိုးပမ်းအားထုတ်မှုကို ကျွန်တော့် ရည်းစားလေး ခမျာ ကြံကြံခံနိုင်ဟန်မတူပါဘူး..။အားသာချက်တွေ ဖြစ်တဲ့ ဓါတ်ပုံလှလှတွေကို တ၀ကြီးကြည့်ပြီးမှ နီးစပ်ဖို့အားထုတ်ခြင်းအလို့ငှာကြောင့်... သူ့အကောင့်ကို တောင် ကျွန်တော့်ကို မပေးသုံးတော့ပါဘူး..။ privacy ကို မစပ်စုပါနဲ့ ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့ဗျာ..။ နောက် မကြာပါဘူး... ကိုရီးယား စတိုင်...ခေါင်းက ဆံပင် အချွန်အတက်တွေနဲ့ ကောင်လေးတစ်ယောက်နဲ့ လူငယ်ချင်း မေတ္တာမျှကြလေသတဲ့..။

အဲ့ဒီမှာတင် ကျွန်တော်လည်း ပေါက်ကွဲ အော်ဟစ်..ငိုကြီးချက်မ..မြည်တွန်းတောက်တီး..ညီးတွား..စိတ်မကောင်း..ဒေါသထွက်..ယူကြုံးမရ..ကြေကွဲ.. မေတ္တာငတ်..အစုံခံစားရတာပေါ့ဗျာ..။အမှန်က သူ့ဘာသာနေတာကို ကိုယ်က သွားစပ်ဆော့မိတာကိုး..။မတတ်နိုင်ဘူးဗျာ..။ဒါပေမယ့် ကိုယ်အတတ်နဲ့ ကိုယ်စူးတာဆိုတော့..သူများကို ရင်ဖွင့်ရမှာလဲ ရှက်ပါရဲ့..။ ဒါကြောင့် ခံစားရသမျှတွေကို စာတွေချရေးချရေးရင်နဲ့ ...ကိုယ်ခံစားရတာတွေကို သူများတွေကို သိအောင် ဖော်ထုတ်ချင်လာတယ်..။ကိုယ့်ကိုယ်မျှဝေ ခံစားပေးမယ့် သူတွေကို လိုချင်လာတယ်..။ စဉ်းစားရင်း...နဲ့ Facebook က Note ရေးတဲ့ နေရာကို သတိရပြီး..ကျွန်တော်ဖတ်စေချင်တဲ့သူ (၀ါ) ကျွန်တော်ကြောင်ချင်တဲ့ သူတွေကို ပေးဖတ်တော့တာပဲ..။အဲ့ဒီကစလို့ note ရေးတဲ့ ၀ါသနာနဲ့... tag လုပ်တဲ့ ၀ါသနာဟာ ဒွန်တွဲလို့ ဖျောက်မရတော့ပါဘူး..။

Facebook သည် ကျွန်တော်၏ ရင်ဖွင့်ရာ ရပ်ဝန်း.....ကျွန်တော်ခံစားရသမျှတို့၏ တံခါးပေါက်..ကျွန်တော်အနုပညာတို့၏ ပြပွဲ...ဒါကြောင့် ကျွန်တော် Facebook ကိုချစ်သည်..။ Facebook ထဲက ဘော်ဒါတွေကိုချစ်သည်..။ချစ်စရာမှန်သမျှ အကုန်ချစ်သည်..။အခုလည်း ချစ်သည်..နောင်လည်းချစ်သည်..။ အချစ်ကို အလိုရှိသည်..။အချစ်ကို တအားချစ်သည်... ^^ Facebook ကိုပြောတာ....

(၀န်ခံချက်..။ ။ ကျွန်တော်ရေးချင်ရာ လျှောက်ရေးထားတာပါ..။ ဘယ်သူ့အာဘော်မှ မပါပါဘူး...)



ဘီလီ ( ၉.၅.၂၀၁၁) ၁၂း၃၅


အတွေ့အကြုံနဲ့ စွမ်းရည်


ကျွန်တော် ..ငယ်ငယ်က အမြဲတမ်း ဆင်ခြေပေးတတ်တဲ့ စကားတွေထဲမှာ အတွေ့အကြုံ မရှိလို့ ဆိုတဲ့ စကားတစ်ခွန်းကို နေ့တိုင်းနီးပါးပြောဖြစ်ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့..ကျွန်တော့်အမှားတွေ ကို ဒီစကားတစ်ခွန်းက ကောင်းကောင်းကာကွယ်ပေးနိုင်တယ်ထင်လို့ပါ..။

လုပ်ငန်းခွင်ထဲမှာလည်း တစ်ခုခုမှားသွားတိုင်း ကျွန်တော့်ကိုယ် ကျွန်တော် အတွေ့အကြုံမရှိလို့ ပါဆိုတဲ့ စကားကိုလက်ကိုင်ထားလို့ ကျွန်တော့်တွင် အပြစ်မရှိကြောင်း ..၊အတွေ့အကြုံကြောင့်သာ ဒီလိုအမှားမျိုး မှားမိကြောင်း...အမြဲပြောလေ့ရှိခဲ့ပါတယ်..။ပြောချင်တာက ကျွန်တော် စွမ်းရည်..နှင့်အရည်အချင်း နိမ့်ကျ၍ မဟုတ်ပဲ အတွေ့အကြုံ အားနည်း၍သာ မှားယွင်းခဲ့ခြင်းဖြစ်သည်..ဟု အပြစ်ပေါ့အောင်..ပြောဆိုခြင်းဖြစ်မှန်း မိမိကိုယ်ကိုသိသည်..။

အတွေ့အကြုံ ပိုများလာရင်ကော်..စွမ်းရည်နှင့် အရည်အချင်းက မြင့်တက်လာမည်လား..တော်လာမည်လား။ ဒီမှာ မေးစရာရှိလာပြီ..။
ဆိုကြပါစို့...ကျွန်တော် က ကွန်ပြူတာပိုင်းဖြင့် အသက်မွေးသည်..ရပ်တည်သည်..။၅ နှစ်တာမျှ ကာလအတွင်း ကျွန်တော် အဆင့်သည် တာဝန်ခံအဆင့်မှာပင် ရပ်တန့်နေသည်..။ ကျွန်တော်နောက်မှ လုပ်ငန်းခွင်သို့ရောက်လာသူ အချို့ နိုင်ငံခြားတွင် အလုပ်လုပ်နေကြသည်မှာ(၂ )နှစ် (၃)နှစ်မျှ ပင်ရှိရော့ထင်သည်..။ ကျွန်တော်သင်ပေးလိုက်သော ..တပည့်အချို့ ကိုယ်ပိုင်ဆိုင်ဖွင့်နေကြလေပြီ..။ဒါကြောင့် အတွေ့အကြုံနှင့် စွမ်းရည် တိုးတက်မှုမှာ ..တိုက်ရိုက် အချိုးမကျကြောင်း ကျွန်တော် ကိုယ် ကျွန်တော် သက်သေထူလို့ ရပြီဖြစ်သည်..။

ချစ်ရေးချစ်ရာတွင်လည်း ကျွန်တော် စမ်းသပ်ဖူးသည်..။ဒါက စိတ်ခံစားမှုနှင့် ဆိုင်သော်လည်း..ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် လက်မခံ နိုင်ပေ..။ များများပတ်သတ် ဆက်နွယ်ခြင်းဖြင့်...အချစ်၏ သဘောတရား...၊ အထာ ၊ စိတ်ခံစားမှု ...နောက် ဖန်တီးမှုပိုင်း..
ဒါတွေ မြင့်မားလာမည်ဟု ထင်သည်..။ မိန်းကလေးတော်တော်များများ နှင့် ပတ်သက်ခဲ့သော်လည်း ကျွန်တော့်၏ စိတ်ခံစားမှုပိုင်းတွင် ရင့်ကျက်မလာခဲ့..၊၊ တိုးတက်၍လည်း မလာခဲ့ပေ...။ အဆိုးဆုံးက ကြာလာလျှင် စိတ်ရှုပ်လာတတ်ခြင်းပင်..။ အတွေ့အကြုံ များလာခြင်း ကြောင့်သာ ပြောရဲဆိုရဲရှိလာသည်ဟုဆိုရုံမျှသာ..။ကျွန်တော် ၏ စွမ်းရည်က ချစ်ရေးချစ်ရာတွင် အားရစရာ ကောင်းလောက်အောင် မြင့်မားလာခြင်းမရှိခဲ့...ဟုဆိုရမည်ဖြစ်သည်။

တခါတရံ ကျွန်တော်တွေးမိသည်..တစ်ခုမှာ...ဘာကြောင့်များ..ကျွန်တော့်လောက်တောင်မျှ ပင် အရည်အချင်းမရှိသူ...၊ ကိုယ့်ကိုယ်ကိုယ်ပင် ရပ်တည်နိုင်စွမ်းမရှိသူ ..၊ ဆိုးသွမ်းသူ..၊ ယုတ်စွ အဆုံး မသန်မစွမ်းသူများပင်..ချစ်သူ ကိုယ်စီရှိနေကြသည်..။ဒါကိုပဲ ကျွန်တော်စဉ်းစားမရ...။ ဘာကြောင့် ဒီလိုလူတွေမှာ ချစ်သူတွေ ရှိနေပြီး... ကျွန်တော်တွင် ချစ်သူရည်စား မရှိခြင်းက အရည်အချင်း မရှိလို့လား...သိုမဟုတ် သူတို့လောက် မတော်လို့လား..။ ဒီလူတွေကို အားကျရမည်လား..၊ အတုယူရမည်လားလဲ မဝေခွဲတတ်တော့ပေ..။ ပြီးတော့ ကျွန်တော့်အရည်အချင်းကကော် ဘာလဲ..ငွေရှာနိုင်လို့လား..။ စိတ်သဘောထား သင့်တင့်မျှတ၍လား..မိသားစု အခြေခိုင်လို့လား..စသည်ဖြင့် ...။အမှန်တော့..
ဒီလို သုံးသပ်ပုံက ပင်...ကျွန်တော်၏ အမှားဖြစ်သည်..ကို နောင်တစ်ချိန်မှ သိခဲ့ရခြင်းပင်..။ မတူညီသော ..အတွေ့အကြုံ တွေ နှင့် စွမ်းရည်တွေကို ကျွန်တော်က ထပ်တူထပ်မျှ လိုက်သုံးသပ်နေခြင်း ကိုပင် မှား၍မှားမှန်း မသိခဲပေ..။

နောက်ထပ် ကိုးကားစရာတွေကို ပြောရရင်...တရုတ်လူငယ် အယောက် သန်း(၂၀၀) လောက် ခင်ဗျား မပြောတတ်တဲ့ တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ကြတယ်..။ဒါဆို သူတို့က ခင်ဗျားထက်ပိုတော်နေပြီလား..။ခင်ဗျားလောက် ပုဆိုးကို အချိုးကျကျ မ၀တ်တတ်တဲ့ကမ္ဘာကျော်ပညာရှင်ကြီးတွေက ကော်...ခင်ဗျားထက် ညံ့သွားကြပြီလား..။

ဘာပဲဖြစ်ဖြစ် အခု ရေးထားတဲ့ post ကို ဖတ်နိုင်သေးသော် ခင်ဗျားက Facebook က Note အကြောင်းကိုကောင်းကောင်းသိ၍သော်၎င်း..၊ ကွန်ပြူတာကို အသုံးပြုနိုင် ၍သော်၎င်း..၊ ၀င့်ကြွားနေဖို့ လိုပါသလား..။ကျွန်တော်ဆိုင်ပိုင်ရှင်သည်.. Facebook သုံးတတ်ဖို့ ဝေးစွ ..၊ ကွန်ပြူတာအကြောင်းပင် တီးမိခေါက်မိ မရှိပါ..။ ဆိုင်ပိုင်ရှင်က ဘယ်တုန်းကမှ Facebook မသုံးတတ်ရလေခြင်းဆိုပြီး ၀မ်းနည်းစိတ်မကောင်းမဖြစ်...။သို့သော် ကျွန်တော်တို့ ကောင်းစွာသုံးစွဲနိုင်သည်ကိုတော့ သူဝမ်းသာသည်..။ ကျွန်တော်တို့ သိလေတတ်လေ..customer တွေကို service ကောင်းကောင်းပေးနိုင်လေဖြစ်သည်..။ဆိုလိုရင်းက ဒီမှာ အဖြေပေါ်နေလေပြီ..။

ဆရာဝန်တစ်ယောက် ဆေးပညာဆိုင်ရာ ဝေါဟာရတွေကို ကရားရေလွှတ်သလိုလို တတွတ်တွတ် ပြောနိုင်တာကို ခင်ဗျား အံသြကောင်း အံ့သြလိမ့်မယ်..။ သိပ်ထူးချွန်တာပဲ...သိပ်တော်တာပဲဟု.တွေးကောင်းတွေးလိမ့်မယ်..။ ဒါပေမယ့် ခင်ဗျား နောက်ထပ် ဆရာဝန်အဖြစ် (၁၅)နှစ်လောက် အသက်မွေးဝမ်းကျောင်းဖြစ်ခဲ့ရင် ဒီအခေါ်အဝေါ်တွေကို ခင်ဗျားလည်းနားလည်နိုင်တာပါပဲ..။

ကျွန်တော့်အတွေ့အကြုံအရပြောရရင်...အသိမိတ်ဆွေတစ်ယောက်...ဖဲ ပညာ၌ တဖက်ကမ်းခတ်ကျွမ်းကျင်လွန်းလှသည်..။ ဖဲကို ကျွန်တော့်စိတ်ကြိုက် လိုသလိုမွှေနောက် ချိုးစေပြီးနောက်... သူ့လိုအပ်သည့်ဖဲကိုမှောက်လျှက်အနေအထားမျိုးဖြင့် ပြန်လည်ယူပြနိုင်စွမ်းရှိသည်..။တကယ်လည်း ဖဲဘုရင်ဟု ဆိုရလောက်အောင်ကို ဖဲကိုကျွမ်းကျင်စွာကိုင်တွယ်နိုင်သော်လည်း..ခြေသလုံးအိမ်တိုင်ဘ၀မှာသာ သောင်တင်နေသည်..။
ကျွန်တော်ကပိုတော်ခြင်းမဟုတ်သလို...သူက ညံ့ဖျင်းလွန်းခြင်းလည်း မဖြစ်နိုင်ပေ။သူက ကျွန်တော့်ထက် ပိုတော်နေလို့လား..။ အရည်အချင်းရှိလို့လား..။ ဒီလိုဆိုရင်တော့ ပိုတောင် ဝေးသွားနိုင်သေးသည်...။ သက်ဆိုင်ရာ..ဘာသာရပ်တွင် အတွေ့အကြုံကြောင့် လူတိုင်းလူတိုင်း ကျွမ်းကျင်နိုင်စွမ်းရှိကြသည်..။အတွေ့အကြုံ မတူခြင်းကြောင့်သာ ကွဲပြားသွားသည်ဟု ပြောလျှင် လွန်မည်မထင်..။

ခင်ဗျားမလုပ်နိုင်သည့် ကိစ္စများအတွက် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မနေပဲ...သူတစ်ပါးမလုပ်နိုင်သော..ခင်ဗျားလုပ်နိုင်သော ကိစ္စများပေါ်တွင်သာ အာရုံထားသင့်ပါတယ်..။ အခြားသူများ၏  စွမ်းဆောင်ရည်များကို ချီးကျူးရင်း...မိမိမှာရှိသော ကိုင်ပိုင် စွမ်းရည်များပေါ်တွင် အချိန် ပေးအားထုတ်ခြင်းဖြင့်သာ..မိမိဘ၀တိုးတက်လာနိုင်သည်ကို မမေ့ပါနဲ့...။

လူတစ်ယောက်နှင့် တစ်ယောက် မတူညီသည်..မှာ အတွေ့အကြုံသာ..

(၀န်ခံချက်..။   ။ Zig Ziglar ၏ See You At The Top ကို မှီးငြမ်း ရေးသားပါသည်.. )

ဘီလီ ( ၁၆.၆.၂၀၁၁)

ရင်ကိုအေးမြခဲ့ဘူးသည်


မပြုံးသော်လည်း ပြုံးနေသလို...။နှုတ်ခမ်း အဟသည် ပွင့်အာကာစ နှင်းဆီဖူးသို့...
ဘာတစ်ခွန်းမှ ပြောချင်စိတ်မရှိ... ထိုနှုတ်ခမ်းတို့ကို သာ အသာအယာ ကိုင်ကြည့်ချင်စိတ်တို့ဖြစ်ရသည်..။

 (၁)

ကျွန်တော့်လက်တွေတုန်နေသည်။ ။
ရင်ဘတ်မှ စူးကနဲ့ တစ်ချက်အောင့်သွားသည်။  ။
ဖုန်းခွက်ကို ချလိုက်မိပြီးမှ ကျွန်တော် လုပ်တာ ခပ်ကြောင်ကြောင်ဖြစ်နေမှန်း ဘာသာသိလိုက်သည်..။PCO ဖုန်းဆိုင်မှ ကောင်မလေးက မျက်လုံးပြူးလေးနှင့်ကြည့်နေသည်ကို မသိကျိုးကျွန်ပြုပြီး.. ကြားချင်လွန်းသော အသံရှင်ဆီသို့ ရော်ရမ်းမှန်းစကြည့်မိသည်။သူမ ဒီအချိန်လောက်ဆို အားလောက်ပါရဲ့..။အချိန်တန်လျှင် ချည်တိုင် ကိုပြန်ချင်သောခွေးတစ်ကောင်လို သူ့မရုံးနားဘက်သို့ ဦးလှည့်နေသော ခြေလှမ်းတို့ကို အနိုင်နိုင်ထိန်းရင်း… သက်ြပင်းမောကို ချမိသည်။ ။
သူမဆီကို သွားမည်ဟု ရည်ရွယ်ပြီးအိမ်က စောစောထွက်လာမိကာမှ ငါသွားရင် သူအားနာပြီးထွက်လာဦးမယ် ဆိုသောအတွေး…မဟုတ်ပါဘူး..သူ မကောင်းတတ်လို့ ထွက်လာဦးမယ်.. ဘာပဲဖြစ်ဖြစ် ငါမသွားတော့ဘူးဆိုသော အတွေးဖြင့် ၈ မိုင်လမ်းဆုံဆီသို့ ဦးတည်မိသည်။ ။ ထိုင်နေကျ အရူးမ ကော်ဖီဆိုင် ရောက်တော့ သူငယ်ချင်းများ တစ်ယောက်မှ မတွေ့။
ခဏနေတော့…
ကျွန်တော်နဲ့ မျက်မှန်းတမ်းမိသော ခပ်ရွယ်ရွယ်ကောင်လေး တစ်ယောက်ရောက်လာပြီး...
“အစ်ကို ..ဘယ်လာတာလဲ”
“ဒီလိုပါပဲကွာ.. နည်းနည်းစောနေတာနဲ့.. ဟိုကောင်တွေ တွေ့မလားဆိုပြီး ထိုင်နေတာ”
“မင်းကော် ဘာလုပ်နေလဲ..”
“ကျွန်တော်လား ..သီချင်းတွေလုပ်နေတာနဲ့ ဒီမှာပဲ သောင်တင်နေတာ”
ဘာဆက်ပြောရမယ်မှန်းမသိ..ကိုယ်နဲ့က လည်း အဆက် အစပ်မဲ့လွန်းနေသော အလုပ်...ပြောစရာစကားရှာရင်းမှ..
“အေး.. ကောင်းပါတယ်ကွ.. ပေါက်ပေါက်မြောက်..မြောက်……………”
ကျွန်တော် စကားကို ကောင်လေး ကောင်းစွာကြားဟန်မတူ..။ကောင်လေးမျက်လုံးတွေက ကားလမ်းမ ကြားမှ အုတ်အလယ်မြောင်းလေးပေါ်မှာ..။ ။
ကျွန်တော် ကြည့်လိုက်တော့ ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက် ဒီဘက်ကားလမ်းမ ဘက်သို့လမ်းကူး ဟန်ပြင်နေသည်။ ကောင်လေးဆီက စကားသံတစ်ချို့ထွက်လာသည်။
“အရမ်းအေးချမ်းလိုက်တာအစ်ကိုရာ..သူ့ကို ကြည့်ပါဦး..လှတာမဟုတ်ဘူးနော်..တွေ့လိုက်ရင် ရင်ထဲက အေးသွားတာမျိုး..”
ကျွန်တော် ဖွာနေသော စီးကရက် သီးမလိုဖြစ်သွားသည်။..
ဒီစကားမျိုးကို လွန်ခဲ့သော ၃ နှစ်နှစ်ခန့်က ဒီနေရာနားမှာပဲ ကျွန်တော် ကိုယ်တိုင်ပြောခဲ့ဖူးသော စကားမျိုး…
တွေးလိုက်တိုင်း ကြည့်နူးချမ်းမြေ့ခဲ့ရသော… ကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားစွာ သူမကို အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးသော..ဒီစကားလုံးကို အထိတ်တလန့်ဖြစ်မိသော ကိုယ့်ကိုယ်ကိုယ်အံသြမိသည်။ ။



အစ(၁)




သူ စို့နေသော ချွေးကို လက်ခုံဖြင့်သုတ်လိုက်သည်..။ air con ဖွင့်ထားသောလည်း အေးနေသည် ဟု သူမခံစားရ။အလုပ်နဲ့ လက်နဲ့မပြတ်အောင် အလုပ်များနေသည့်ကြားက customer များကို သူပြုံးပြရင် လိုအပ်သည် များကို လုပ်ပေးနေမိသည်။ သူဒီ internet ဆိုင်ကလေးကိုရောက်လာတာ ၃ လ ကျော်မျှနဲ့ ပင် လူတော်တော်များများသူ့ကို သိနေပြီ။
ကိုယ်တိုင်က ဝါသနာပါသောအလုပ်ဖြစ်ရ်ျ ထင်သည်…ပင်ပန်းသည်ဟု စိုးစဉ်းမျှမတွေးမိ။
လူပေါင်းစုံတို့၏ ပြဿနာ ပေါင်းစုံကို နေ့စဉ်ဖြေရှင်းပေးနေရ ရ်ျ…internet service ဆိုလျှင် သူအတွက်မဆန်းတော့..။
ဒီနေ့လည်း စနေနေ့…
ထုံးစံအတိုင်း လူတွေ ဆိုင်မှာ ပြွတ်သိပ်နေသည်။ ပေနှစ်ဆယ် ပေ သုံးဆယ် ပတ်လည်မျှရှိသော သူတို့ internet ဆိုင်ကလေးမှာလည်း အသုံးပြုသူ ..သုံးရန်စောင့်ဆိုင်းသူ..သူ့လို service ပေးသူ..များနှင့် စည်ကားနေသည်။လူကလည်း တော်တော်နှင့် မရှင်းသေး ..။မွန်းလွဲခဲ့ပြီမှာ တော်တော်ကြာပြီမို့ ..ဗိုက်က တော်တော်ဆာလှပြီ
“ကို အယ်ရာ ..ကျွန်တော်ထမင်းစားတော့မယ်”
ပြောပြီး လှည့်အထွက်..
“ဟေ့ကောင် ခဏ…………………………×××××××××××××××”
သူဘာမှ မကြားရတော့ဘူးထင်...လေဟာနယ်ထဲမှာ လွင့်သွားသလိုမျိုးပင်...

စောင့်ဆိုင်းနေသူများကြားထဲမှ တစ်ခြားသူတွေနဲ့ မတူ..ပြုံးနေသော မျက်နှာလေးတစ်ခု.. သူမ အပြုံးလေးက ပြုံးပြုံးလေး.. (ဘယ်လိုပြောမလဲ … သူ့အပြုံးလေးက ကလေးတစ်ယောက်ကို သူအရမ်းကြိုက်တဲ့ မုန့်ကလေး ကို ကျွေးခါနီး ပြုံးပြတဲ့ အပြုံးမျိုး…သူမအပြုံးက အဲ့ဒီလောက်အထိ ဖြူစင်တယ်..)သူမ တစ်စုံတစ်ခုကို တွေးမိပြီး ပြုံးတာဖြစ်နိုင်ပါတယ်.. ။ဒါပေမယ့် ဒီလောက် ဖြူစင်ပြီး အေးချမ်းတဲ့ အပြုံးမျိုးကို ဘယ်တော့မှ တွေ့ရလိမ့်မယ်လို့ မထင်ခဲ့ပါ..။လောကကြီးမှာ….မှာ….
အတွေးစလေးပြတ်သွားသည်..
“ဟေ့ကောင် ငါလည်းစားမယ်”
စိတ်ထဲမှ ကိုအယ်ရာကို ကျိန်ဆဲမိသည်..။admin ဆိုပြီး အရမ်းအနိုင့်ကျင့်တာပဲ..။ငပျင်းကြီး ကိုယ့်ဘာသာကိုယ် ခူးမစားချင်ဘူး...။စိတ်ကူးလို့ကောင်းတုန်းရှိသေးတယ်...
“စားမယ်ဗျာ ..ဒါဆိုလည်း”
“စားမယ်…စားမယ် ..လောကကြီးမှာ ချစ်ဖို့ထက် ဗိုက်ပြည့်ဖို့က အရေးကြီးတယ် ဒီတော့..”
အစပ်အဆက်မရှိသော ကိုအယ့်ရာ သီချင်းက သူ့ကို စောင်းဆိုနေသလိုပင်…
“ဟုတ်တယ်..စားမယ်..စားမယ်”
သူလည်း ရော်ယောင်ဆိုရ်ျ … အားရပါးရစားမိသည်..။တကယ် စားမယ့်စားတော့လည်း.. တော်တော်နှင့်မပြီး…။အစား အသောက်စားလျှင် ဇိမ်နဲ့ စားတတ်သော ငယ်ကျင့်က ဖျောက်လို့ မရသေး..။အခုလည်း ကြည့် သူစားလို့မှ တဝက်မကျိုးသေး ကိုအယ်ရာ က ပြီးသွားပြီ။ဆေးလိပ်တစ်လိပ်ဖွာပြီးရ်ျ ကိုအယ်ရာ ဆိုင်ထဲဝင်သွားသည် အထိ သူ ပန်းကန်က ထမင်း မကုန်ချင်သေး။ မြန်မြန်လက်စ သတ်ရ်ျ ဆေးလိပ်တစ်လိပ် ကမန်းကတမ်း ဖွာပြီး .. ဆိုင်ထဲဝင်လိုက်သည်…။
အပြုံးပိုင်ရှင်လေးက သုံးပြီးလို့ ငွေတောင် ရှင်းနေပြီ..။ သူနောက်ဆုံးလုပ်နိုင်တာ တစ်ခုကို သူလုပ်ရန်ဆုံးဖြတ်လိုက်သည်..။အဲ့ဒါက တော့ အပြုံးပိုင်ရှင်လေးကို မှတ်မိအောင် ခပ်ကြာကြာ ကြည့်ဖို့ ဆုံးဖြတ်လိုက်မိပြီး ငွေရှင်းကောင်တာနား အရောက်မှာတော့.. ချာကနဲ လှည့်ထွက်သွားသော ကောင်မလေးရဲ့ နောက်ကျော လှလှလေးမှ တစ်ပါး သူ့အတွက် မှတ်မှတ်သားသားဘာတစ်ခုမှ မကျန်ခဲ့ပါ..။ကားလမ်းကူးသွားသော သူမနောက်ကျောကို ကြည့်ရ်ျ သူ သက်ပြင်းရှည်ကြီး တစ်ချက်ချမိသည်..။
“ဟေ့ကောင် သိပ်မကြည့်နဲ့ ကာမပိုင်ကြီးနဲ့လားမသိဘူး..”
“ မဟုတ်လောက်ပါဘူးဗျာ..”
“စင်္ကာပူကို ဖုန်းခေါ်တာလား ဘာလားမသိဘူး … သေချာတယ်ဟေ့ကောင် ..စင်္ကာပူဆိုရင်တော့”
“မဟုတ်ပါဘူးဗျာ.. သူ့မျက်နှာလေးက အေးချမ်းလို့ပါ..လှတာမဟုတ်ဘူးနော်.. မြင်လိုက်ရင် ..ရင်ထဲကိုအေးသွားတာ ..”
အဲ့ဒီ ညက သူအိပ်ပျော်ပါတယ်။အပြုံးပိုင်ရှင်လေး အကြောင်းကိုလည်း မစဉ်းစားပါ...။လွမ်းလည်း မလွမ်းပါ..။


 billy(ရိုးထက်)
ကိုယ်တိုင်copy(၃၀.၁၁.၂၀၁၀)

ကိုယ်ပေါင်ကိုယ်လှန် ထောင်းလျှင် အလွန်နာကြောင်း လူတိုင်းသိပါ၏..။ကျွန်တော်လည်း တတ်နိုင်လျှင် မထောင်းချင်ပါ..ဒီပို့စ်ကို ဘယ်တော့မှ မတင်ဖို့ ဆုံးဖြတ်ထားပြီးကာ မှ မတင်လျှင် မဖြစ်သော အကြောင်းတစ်ချို့က ရုတ်တရက်ပေါ်လာပြန်တော့ ...ဟမ်။
လမ်းလွဲတွေ အရောက်မှာ မှားမှားတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ယုံမှ တပါး................................