Tuesday, January 8, 2013
ခေတ်ယောက်ျား Vs မော်ဒန်မိန်းမ
man : လွမ်းစရာရှိမှ ချစ်တတ်သည်..။
woman : ချစ်စရာရှိသည်နှင့် တပြိုက်နက် လွမ်းတော့သည်..။
man : အသက်ကြီးလေလေ ရည်းစားလိုချင်လေဖြစ်သည်..။
woman : အသက်ကြီးလေလေ အိမ်ထောင်ပြုချင်လေဖြစ်သည်..။
man : အလိုပြည့်သွားလျှင် အချစ်ပေါ့သွားတတ်သည်..။
woman : အလိုပြည့်လေ ချစ်လေလေ ဖြစ်သည်..။
man : အပြင်သွားရင်း ချစ်သူရှာတတ်သည်..။
woman : ချစ်သူရှိမှ အပြင်သွားလေ့ရှိသည်...။
man : ချိန်းတွေ့ သူတိုင်းကို ရည်းစားလုပ်ချင်သည်...။
woman : ရည်းစားလုပ်ချင်သူကို မှ ချိန်းတွေ့သည်..။
man : မိန်းကလေး အကြောင်းပြောလျှင် ခန္ဒာဗေဒ အကြောင်းပြောလေ့ရှိသည်..။
woman : ယောက်ျားကလေးများ အကြောင်းပြောလျှင် ရုပ်လက္ခဏာ အကြောင်းပြောလေ့ရှိသည်..။
man : အရက်သောက်ချင်လျှင် show ပွဲသွားသည်..။
woman : ရည်းစားလိုချင်လျှင် show ပွဲသွားသည်..။
man : အကြောင်းကိစ္စရှိမှ Shopping Center ရောက်သည်..။
woman : အပြင်သွားတိုင်း Shopping Center ရောက်သည်..။
man : ရုပ်ရှင်ကြည့်လျှင် ပျင်းတတ်သည်..။
woman : အပျင်းပြေအောင် ရုပ်ရှင်ကြည့်တတ်သည်...။
man : စားသောက်ဆိုင်ထိုင်မှ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်သည်...။
woman : သူငယ်ချင်းတွေနဲ့ ဆုံမှ စားသောက်ဆိုင်ထိုင်လေ့ရှိသည်..။
man : ရည်းစားနဲ့ စားသောက်တိုင်း ဒကာခံလေ့ရှိသည်..။
woman : သူငယ်ချင်းတွေနဲ့ စားတိုင်း ဒကာခံလေ့ရှိသည်..။
man : ရည်းစားနဲ့ သွားမှ Taxi စီးလေ့ရှိသည်..။
woman : နောက်ကျမှ Taxi စီးလေ့ရှိသည်..။
man : သုံးစရာဖောဖောသီသီရှိလျှင် ရည်းစားရတတ်သည်..။
woman : ရည်းစားရှိလျှင်တော့ သုံးစရာ ဖောဖောသီသီဖြစ်သွားတတ်သည်..။
man : ကိုယ့်ထက်လှသူ ဖြောင့်သူကို မြင်လျှင် ဖြတ်ရိုက်ချင်သည်..။
woman : ကိုယ့်ထက်ရုပ်ရည်ချောမောသိုကို မြင်လျှင် အပေါင်းအသင်း မိတ်ဆွေ ဖွဲ့ချင်သည်..။
man : ယောက်ျားကလေး ငြိမ်ငြိမ်နေလျှင် သုံးစရာပြတ်၍ဖြစ်သည်..။
woman : မိန်းကလေး ငြိမ်ငြိမ်နေလျှင်တော့ အိမ်ကြောက်၍ ဖြစ်သည်..။
man : မူးသွားလျှင် ပျော်ပါးချင်သည်..။
woman : ပျော်ပါးချင်လျှင် မူးချင်ယောင်ဆောင်လိုက်သည်..။
man :အိမ်ထောင်ပြုလျှင် စေ့စေ့စပ်စပ် ကြည့်ပြီးယူသည်..။
woman : ဈေးဝယ်လျှင် စေ့စေ့စပ်စပ်ကြည့်ပြီးမှ ၀ယ်သည်..။
man : အိမ်ထောင်သည် ဘ၀ရောက်မှ ရည်းစားအကြောင်းပြောလေ့ရှိသည်..။
woman : ရည်းစားဘ၀ကတည်းက အိမ်ထောင်သည် အကြောင်းပြောလေ့ရှိသည်..။
man : ရည်းစားထပ်မရမှ အိမ်ထောင်ပြုသည်..။
woman : ရည်းစားရမှ အိမ်ထောင်ပြုသည်..။
man : နောက်ဆုံးအချစ်ကို အချစ်ဆုံးဖြစ်သည်..။
woman : အဦးဆုံးသူကို အချစ်ဆုံးဖြစ်သည်..။
သင်လည်း ဒီထဲက တစ်ချက်ချက်နဲ့ ငြိရင် အော်တို ခေတ်မှီနိုင်ပါကြောင်း...
မောင် billy လက်ဆော့သည်...။
(9.9.2011) 9:50 AM
Labels:
သရော်စာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment