Thursday, November 22, 2012

ဧည့်မျှော်ကြသူများ


ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဧည့်ဝတ်ကျေပုံများ... ပြောပြရင် အောချလောက်ပါရဲ့..။ ဒါပေမယ့် ဒီလိုအောချလောက်ရအောင် ဧည့်ဝတ်ကျေတာလေးရဲ့ နောက်ကွယ်က အကြောင်းကလေးတွေလဲ ကိုယ်စီရှိလိမ့်မှာပေါ့..။ဒီထဲက အကြောင်းတခုကတော့...

တမြန်နှစ်က မောင်ရိုးတို့ ရွှေစက်တော်ဘုရားကို အသွား မင်းဘူးက အသိတွေဆီ ၀င်လည်တုန်းကပေါ့..။ဂရုစိုက်ချက် မနေတတ်မထိုင်တတ်အောင်ပါပဲ ။ စားဖို့မကျွေး... ဘီယာကို ဖာ လိုက် ပေးလို့ သူတို့လဲပျော် ကိုယ်တွေလဲပျော်...။ နေ့လာနေ့ရဲ့..ညလားညရဲ့..သောက်ချက်...တရက်မနား...နေ့တိုင်းချရဲ့။ ကောင်းရှာပါတယ်... သူတို့ခင်မျာ... ကိုယ်တွေကို အဖော်လုပ်ပြီး ကိုယ်တွေကြိုက်တာကို လိုက်လုပ်နေရရှာတာကိုး...။ အလုပ်ပျက် အကိုင်ပျက်နဲ့ မောင်ရိုးတို့ အုပ်စုကို ဟိုပို့ရ ဒီပို့ရနဲ့ ... အားနာစရာ..။

 ဒါတင်မကသေး...သူတို့ အရပ်မှ ရှာပါးပေ့ဆိုတဲ့ ကာရာအိုကေဆိုင်လားပို့ရဲ့..။ မာဆတ်ဆိုလဲ မညူဆူ...။ဒါတွေကို သူတို့တတွေက မညဉ်းမညူးရှာကြ..။ တော်ရုံသူတွေဆို စိတ်ပျက်သွားမှာပေါ့..။ သူတို့ မှာလဲ လူပျိုလူလွတ်တွေ မဟုတ်ရှာကြ အိမ်သူသက်ထား တွေက မျက်နှာညိုမှာပြီး ကတောက်ကဆဖြစ်မှာကိုတောင် စိုးရိမ်းမိသေး...။အလွန်ကျေးဇူးတင်ဖို့ကောင်းလေစွ..။

အော်... တောသူတောင်သားတွေများ ချမ်းသာကြွယ်ဝအဆင်ပြေပြေ ဆိုင်ကယ်လေးတွေနဲ့နေရတာတောင် မြို့ကြီးသားတွေလို ဂိုက်နဲ့ စိုက်နဲ့ နေတတ်ကြသူတွေ မဟုတ်။ အစစအရာ..၊ ဧည့်သည်တွေကို သိပ်ဦးစားပေးရှာကြတာကိုး..။သြော်..စေတနာဖြူစင်ချက် ..ရိုးသားချက်... ကိုယ်ကိုယ့်ကိုယ်တောင် မလုံမလဲဖြစ်မိပါတယ်...။ ကိုယ်တွေဆီသာ လာလည်ရင်..ဒီလိုမျိုးမှ ဧည့်ဝတ်ကျေနိုင်ပါစ..။ အချိန်ပေးနိုင်ပါစ..။

ဒါကြောင့် မောင်ရိုး လဲ ပြန်ခါနီး ကားဂိတ်ကို လိုက်ပို့တဲ့ အခါမှာတော့.. မနေနိုင်မထိုင်နိုင် လောကွတ်စကား ပြောမိတာပေါ့...

"မင်းတို့ ရန်ကုန်လာလည်လို့ မင်းတို့ လောက် ဧည့်ဝတ်မကျေမှာ စိုးရိမ်မိတယ်ကွာ "ဆိုတော့...

မင်းဘူးသားတွေ စကားကြားမှပဲ ...အားလုံးကရှင်းသွားတော့တယ်..။

"ဘာမှ စိတ်ထဲမထားပါနဲ့ကွာ...ငါတို့ကလဲ မင်းတို့ကို အကြောင်းပြပြီး ငါတို့လုပ်ချင်တာ လုပ်ခွင့်ရတာကွာ...မင်းတို့ရောက်နေတော့ ငါတို့ မိန်းမတွေကလဲ ငါတို့ ဘာလုပ်လုပ် ကွိုင်မရှာတော့ဘူးပေါ့...။ နောက်လဲ မကြာမကြာလာဦးကွာ... မင်းတို့လာမှ ငါတို့က လွတ်လွတ်လပ်လပ်ကဲရတာ..အဟီး..ဟီး"

အကြံပိုင်လိုက်တဲ့ မင်းဘူးသားတွေ...ရန်ကုန်သားတွေ ဒီတခါတော့ ခံချည်းဦးတော့..။ မင်းဘူးသားတွေကိုလဲ ရန်ကုန်ကို ဖိတ်ခဲ့ပါသေးတယ်...။ ဒီကောင်တွေကို လက်စားချေချင်လို့...လေ..

14.10.12(2:47)PM
billy

No comments:

Post a Comment