Thursday, November 22, 2012

ဂိုးသွင်းကြသူများ


ယောက်ျားလေးတွေရဲ့ အချစ်အကြောင်းလို့ ပြောလိုက်ရင် အဲ့ဒီနောက်မှာ ကောင်မလေး တစ်ယောက်ရဲ့ အကြောင်း ကပ်ပါလာတတ်စမြဲ..။ယောက်ျားလေးတစ်ယောက်ရဲ့ အသက်အရွယ် အနုအရင့် နဲ့ အချစ် အပေါ်ပြောင်းလဲလာတတ်တဲ့ ခံစားမှု သဘောတရားကို ဒီလိုတမျိုး ပုံဖော်ကြည့်မိတယ်..(ရှင်းရှင်းပြောရမယ်ဆိုရင် ယောက်ျားလေးတစ်ယောက်ရဲ့ မိန်းမတွေ အပေါ်ထားတဲ့ သဘောတရားပေါ့ဗျာ)

ဆယ်ကျော်သက်...ငယ်ငယ်ရွယ်ရွယ် အတွေ့အကြုံမရှိခင်တော့ တဒိုင်းဒိုင်း ဂိုးပဲ သွင်းချင်နေတဲ့ အထောင်တိုက်စစ်မှူး ( Center Forward ) ဖြစ်ချင်တဲ့သူ တွေချည်းပါပဲ..။နာမည်လည်းမကြီး  ခြေစွမ်းလည်းမပြနိုင်တဲ့ မထင်မရှား တိုက်စစ်မှုးဘ၀ နဲ့ ဂိုးတွေ တဒိုင်းဒိုင်းသွင်းပြီး ရုတ်ချည်း နာမည်ကြီးသွားတဲ့ သူတွေဆိုပြီးသာ ကွဲပြားသွားပေမယ့် အားလုံးက အနည်းနဲ့ အများ ဂိုးသွင်းတဲ့ အတွေ့အကြုံတော့ ရလိုက်ကြတာချည်းပါပဲ..။ တခါတခါလည်း ဂိုးတွေ သွင်းနေရဲ့သားနဲ့ ဒဏ်ရာပြင်းထန်စွာ ရသွားတတ်ကြပြီး စောစောစီးစီး အနားယူလိုက်ရတာတွေလဲရှိပါရဲ့...။

၂၀ ကျော်မှာတော့ အတွေ့အကြုံ အတန်ငယ်ရင့်ကျက်လာပြီမို့  တကိုယ်တည်း ပင်ပင်ပန်းပန်း မရုန်းကန်တော့ပဲ... အဖော်ပေါင်းတွေနဲ့ team work ရဲ့ သဘောအရ အဖွဲ့လိုက် စုစည်း အားထုတ်တတ်လာပါပြီ..။ ကိုယ်တိုင်ဂိုးသွင်းဖို့တင်မဟုတ်ပါဘူး အခြား ကိုယ်လိုသူလို တိုက်စစ်မှူး တွေ ဂိုးသွင်းဖို့ ကိုလည်း ကူညီ ပံပိုးရင်းနဲ့ ကိုယ်လည်း ကြုံရင် ကြုံသလို အခွင့်အရေးအခြေအနေကို အသုံးချတတ်လာပါပြီ..။ Shadow Striker ဒါမှ မဟုတ် Wing Striker ဖြစ်မှန်းမသိဖြစ်လာပါပြီ...။

၃၀ နီးနီးမှာတော့ အတွေ့အကြုံ အတော်အတန် ရင့်ကျက်လာပြီဖြစ်သလို ခြေစွမ်းကလည်း အလွန်ပြနိုင်နေပြီ ဖြစ်ပေမယ့် ငယ်ငယ်ကလို ကိုယ်တိုင်ဂိုးသွင်းဖို့ချည်းပဲ အားမသန်တော့ပါဘူး..။  ကွင်းလယ်မှာ အတက်အဆင်းလုပ်ရင်းနဲ့  ကစားကွက် ဖန်တီးခြင်း (Player Maker ) ဘ၀ကို တစိုက်စိုက်မိုက်မိုက်ခံယူရင်း...အသင်းသား အားလုံး၏ လေးစားမှုကို ရယူရန်သာ အားထုတ်တော့သည်..။ ဖျက်သင့်တာဖျက် ..ဖြန့်သင့်တာဖြန့် ရင်း ..အခြေအနေပေးပါက Free Kick မှသော်လည်းကောင်း... အဝေးမှသော်လည်းကောင်း ကန်ချက်ပြင်းပြင်းဖြင့် အသင်းဖော်များ ရှိန်သွားအောင် ဂိုးသွင်းယူရင်း အောင်ပွဲခံတတ်သေးသည်..။

၄၀ နားကပ်သွားလျှင်တော့ သူတို့အားလုံးက ဂိုးတော်တော်များ များ သွင်းခံဖူးသူတွေဖြစ်လို့ လာသမျှ အကုန် ပုတ်ထုတ်ဖို့သာ စဉ်းစားနေတတ်ကြတဲ့ ဂိုးသမား ( Goal Keeper ) တွေ ဖြစ်ကုန်ကြပြီ..။ လက်စွမ်းပြပြီး အမိဖမ်းပြပြီးရင်းလည်း... သူတို့က ကြာကြာ ကိုင်ထားလိမ့်မယ်မထင်နဲ့ ချက်ခြင်း ကန်ထုတ်တတ်ကြတာကြီးပဲ..။ သူတို့ ပိုင်နက်ထဲမှာတော့ ဆရာသွားမလုပ်လေနဲ့ ဘောလုံးကို ခြေရော်လက်ရော်သုံးပြီး ကစားလို့ရတာ တသင်းလုံးမှာ သူတစ်ယောက်ပဲရှိတယ်..။သူ့ကို လည်း အထင်မသေးပါနဲ့... လိုအပ်ရင် Free Kick အပြင် ခေါင်းတိုက်ပြီးလဲ ဂိုးသွင်းတတ်သေးတယ်..။

နောက်တန်းကစားသမားအဖြစ် လာသမျှကို တဖုန်းဖုန်းကန်ထုတ်တတ်တဲ့ လူပျို ကိုကိုကြီးတွေကလည်း Conner  Kick ကတဆင့် ဂိုးတွေ သွင်းဖို့ကိုလည်း မနေးတတ်ပါဘူး..။ တခါခါ သူတို့လို့ ခံစစ်မှူးကြီးတွေက ရှေ့တန်းတိုက်စစ်မှူးတွေထက်တောင် ဈေးကွက်ကို ကိုင်လှုပ်နိုင်ပါသေးတယ်..။ကိုယ်တိုင် ဂိုးသွင်းခဲပေမယ့်  ဂိုးသွင်းမယ့်သူတို့ကို ဖြတ်တင်ဘောတွေ ... long ဘောတွေနဲ့ ...သူတို့လည်း ကူညီပေးနေပါကြောင်း....

ယေဘုယျပြောရရင်ဘောလုံးသမားဆိုတာ ဂိုးသွင်းဖို့ပဲ မဟုတ်လားဗျာ... :P


billy (12:52 AM )
23.3.2012

No comments:

Post a Comment