Thursday, November 22, 2012

ကျွန်တော့်ရဲ့သူမ


ကမ္ဘာပတ်ပြီးရှာရင် မောသွားမယ်..။
ဘယ်လို အရာမျိုးနဲ့မှ ထပ်တူမကျဘူး...။
ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရဘူး..။

ကမ္ဘာပတ်ပြီးရှာရင် မောသွားမယ်..။
ဘယ်လို အချစ်မျိုးနဲ့မှ ပုံစံမတူဘူး..။
ဘယ်တုန်းကမှ မတွန့်တိုတတ်ခဲ့ဘူး..။

ကမ္ဘာပတ်ပြီး ရှာရင်မောသွားမယ်..။
ဘယ်တော့မှ ပြုံးပြဖို့ မမေ့တတ်ခဲ့ဘူး...။
ဘာကြောင့်ဖြစ်ဖြစ် စိတ်မဆိုးတတ်ခဲ့ဘူး..။

ကမ္ဘာပတ်ပြီး ရှာရင်မောသွားမယ်..။
ဘယ်လိုဖြစ်ဖြစ် ဂရုစိုက်ဖို့ မမေ့လျော့ခဲ့ဘူး..။
ဘာတွေလုပ်လုပ် မမေးရက်ခဲ့ဘူး...။

ကမ္ဘာပတ်ပြီး ရှာရင်မောသွားမယ်..။
ဘယ်လောက်ကြမ်းတမ်း...မထားရက်ခဲ့ဘူး..။
ဘယ်လောက်လွမ်းလွမ်း...(ဖွင့်ပြောဖို့)အရမ်း ရှက်တဲ့သူ...
သူဟာ ကျွန်တော့်ရဲ့သူ....

ကမ္ဘာပတ်ပြီးရှာရင် မောသွားမယ်...
မော.....သွား....မယ်..
မော.....သွား....မယ်..

ရိုးထက်( billy)
26.8.2012
6:48 AM

No comments:

Post a Comment