Thursday, November 22, 2012

ပိုချစ်ခြင်း ပြဿနာ


အလကားရတဲ့ အရာတခုနဲ့ ကိုယ်ကိုယ့်ကို နှိုင်းယှဉ်ခဲ့ခြင်းသည်..
ကိုယ်က မချစ်၍ ဖြစ်သည်..။
သူကအရင်ထွက်သွားပြီး...ကိုယ်က နောက်မှ ထွက်သွားခြင်းသည်..
ကိုယ်က မချစ်၍ဖြစ်သည်..။
ကိုယ်မကျူးလွန်မိသော ကိစ္စအတွက် ၀န်မခံခြင်းသည်...
ကိုယ်က မချစ်၍ဖြစ်သည်..။
တရက်လျှင် ၂၄ နာရီလုံး အချိန်မပေးခြင်းသည်..
ကိုယ်က မချစ်၍ဖြစ်သည်..။

နောက်ဆုံးတော့
ပိုချစ်ရသူ ကိုယ်သာဖြစ်ပါစေ ဟူသော အဓိပ္ပါယ်တွင်
ဝစီကံနှင့် ကာယကံ များစွာ ကွာခြားခြင်းရှိကြောင်း
သိခဲ့ရသည်..။

ရိုးထက် (billy)12.6.2002
5:55 AM

No comments:

Post a Comment