Thursday, November 22, 2012

ချစ်သူမကောင်းကြောင်း တစေ့တစောင်း


ချစ်သူမကောင်းပါ
ပြောသမျှစကားတိုင်းကို ဂရုတစိုက် မှတ်သား နားထောင်လေ့ရှိတဲ့ ချစ်သူကြောင့် အခြားသူတို့နဲ့ တိုင်ပင်နှီးနှော်ချင်စိတ်တို့ ကုန်ခမ်းရသည်..
ချစ်သူမကောင်းပါ
အလျော့ပေးလွန်းသော ချစ်သူကြောင့် အခြားသူတို့နဲ့ ပြိုင်တိုင်း ကိုယ်သာ နိုင်ချင်စိတ်တို့ အမြစ်တွယ်ကုန်သည်..
ချစ်သူမကောင်းပါ
အလိုက်သိလွန်းသော ချစ်သူကြောင့် အခြားသူတွေ အလိုက်မသိတဲ့အခါတိုင်း ဒေါသထွက်ရသည်..
ချစ်သူမကောင်းပါ
အမြဲဆုံးမတတ်တဲ့ ချစ်သူကြောင့် သူမနဲ့ ကင်းကွာတိုင်း ဆိုးသွမ်းချင်စိတ်တို့ ကိန်းအောင်းလာရသည်..
ချစ်သူမကောင်းပါ
ဟန်ဆောင်ကင်းတဲ့ အသံချိုချိုနဲ့ စကားပြောတတ်တဲ့ ချစ်သူကြောင့် ကြမ်းကြမ်းတမ်းတမ်း ကြားရတိုင်း ထိတ်လန့်တုန်လှုပ်တတ်လာရသည်…
ချစ်သူမကောင်းပါ
အချိန်ပေးလွန်းတဲ့ ချစ်သူကြောင့်… အချိန်မရတဲ့ အခါတိုင်း စိတ်ဆိုးတတ်လာရသည်..
ချစ်သူမကောင်းပါ
အရိပ်တကြည့်ကြည့် နဲ့ ချစ်တတ်သော ချစ်သူကြောင့် ဥပက္ခာ ပြုခံရတိုင်း သောကရောက်ရသည်..။
ချစ်သူမကောင်းပါ
အမှန်တိုင်း အရိုးခံဆက်ဆံတတ်တဲ့ ချစ်သူကြောင့် နေ့စဉ်နေ့တိုင်း ကိုယ့်လိပ်ပြာကိုယ်လုံဖို့ ကြိုးစားရတာ ပင်ပန်းလှသည်..
ချစ်သူမကောင်းပါ
ဟင်းချက်ကောင်းတဲ့ ချစ်သူကြောင့် ဖြစ်သလိုနေပြီး ဖြစ်သလိုမစားတတ်တော့ပဲ လောကကြီးနဲ့ အံမ၀င်ဖြစ်လာရသည်..
ချစ်သူမကောင်းပါ
တနေ့တခြား ပိုပိုလှလာသော ချစ်သူကြောင့် သ၀န်တိုစိတ်တို့ ဖိစီးလာတတ်ပြီဖြစ်သည်..
ချစ်သူမကောင်းပါ
ဆွဲဆောင်မှုကောင်းတဲ့ အပြုအမှုလေးတွေရှိတဲ့ ချစ်သူကြောင့် တနေ့တခြား ပိုပိုလွမ်းရသည်…
ချစ်သူမကောင်းပါ…
ချစ်သူမကောင်းပါ..
ချစ်…သူ….မ….ကောင်း….
ချစ်….သူ….မ
ချစ်…သူ..
ချစ်…မ
ချစ်..
ချစ်

Billy 24.9.2012
2:22 PM

No comments:

Post a Comment