Thursday, November 22, 2012

အရွယ်လွန်၏ သံသယ


မတောင်းပဲတောင် ပေးခဲ့ဘူးတယ်
အခုတော့တောင်းလာတဲ့ အခါ ပေးစရာမရှိဖြစ်ရတယ်

မခေါ်ပဲတောင် သွားခဲ့ဘူးခဲ့တယ်..
အခုတော့ ခေါ်တာတောင်မှ မသွားရဲဖြစ်ရတယ်

မကျွေးပဲတောင် စားခဲ့ဘူးတယ်
အခုတော့ ကျွေးနေတာတောင် မစားနိုင်ဖြစ်ရတယ်..

မမေးပဲလည်း ပြောခဲ့ဘူးပါတယ်
အခုတော့ မေးလာခဲ့တာတောင် ဖြေစရာမရှိဖြစ်ရတယ်..

မပေးပဲတောင် ယူခဲ့ဘူးပါတယ်..
အခုတော့ ပေးနေတာတောင် မယူရဲဖြစ်ရတယ်..

မချစ်ပဲတောင် နေခဲ့ဘူးပါတယ်
အခုတော့ ချစ်နေတာတောင် မ၀ံမရဲဖြစ်ရတယ်..

billy (25.1.2012)
Am:  1:06

No comments:

Post a Comment