Tuesday, January 8, 2013

အရေးမပေးသင့်သော ယောက်ျားများ



Rock သာဂီတ..၊ ငါ့ဘ၀ဆိုတဲ့ယောက်ျား..

ယုန်..ကျားတေးဆို ..၊ ပန့်ကိုကိုဆိုတဲ့ယောက်ျား...

 ရေးနွေး ကြမ်းကြိုက် ...၊ Rocker ဂိုက်နဲ့ ယောက်ျား

လက်သည်းဆေးမှုတ်...၊ Emo လုပ်တဲ့ ယောက်ျား

ဆံပင် ဂျိုထောင်... ၊ Punk ယောင်ယောင် ယောက်ျား..

ပါးစပ်နဲ့ ခုတ်ထစ် ...၊ Rapper ဖြစ်တဲ့ ယောက်ျား

ပေါ်ပင်နောက်လိုက်..၊ ကိုးရီးယား ဆိုဒ်နဲ့ယောက်ျား..

ခေတ်အလိုက် စတိုင်လ်ပြောင်း...၊ ဗိုက်ဟောင်းလောင်းနဲ့ ယောက်ျား

ဆံပင်ရှည်ထား ..၊ နားပေါက်များတဲ့ ယောက်ျား..

ဘောင်းဘီကျပ်ထုပ်..၊ တင်ပါးပြုတ်နဲ့ ယောက်ျား..

ချစ်သူရှိငြား..၊ အရန်ထားတတ်တဲ့ယောက်ျား..

ရည်းစားရှိလျှက်..၊ ကြောင်တောင်နှိုက်တတ်တဲ့ယောက်ျား

ခေါ်သွားချုံကြား.. ၊ လက်ကစားတတ်တဲ့ ယောက်ျား

နေ့တိုင်းချိန်းချက်..၊ တည်းခိုးခန်းတက်ချင်တဲ့ ယောက်ျား

သောက်စားမူးရစ် ..၊ဘော်ဒါချစ်တဲ့ ယောက်ျား

အိမ်ပြန်ညဉ့်နက် ..၊လေးဘက်ထောက်တက်တဲ့ ယောက်ျား

ညနေလေတက် ..၊ ပုလင်းဖက်တဲ့ ယောက်ျား..

မနက်ဝမ်းပက်...၊ ခေါင်းကိုက်တတ်တဲ့ ယောက်ျား..

သံကြောင်ကွဲကွဲ...၊ မိုက်ကိုခဲတတ်တဲ့ယောက်ျား..

ဝတ်စား စတိုင်လ်ကြီး...၊ ပိုက်ဆံချေးတတ်တဲ့ယောက်ျား..

ဖုန်းခွံခါးချိတ်..၊ လူတိုင်းရှိတ်တတ်တဲ့ ယောက်ျား

မျက်လုံးကြောင်တောင် ..၊ ထိပ်ပြောင်ပြောင်နဲ့ယောက်ျား..

စားသောက်အအိပ်မက်...၊ ဗိုက်ပက်လက်နဲ့ယောက်ျား..

စကားလည်းကပ်..၊အတွေးနက် တဲ့ယောက်ျား

ရုပ်ပြချူစား ..၊ မာယာများတဲ့ယောက်ျား..

ပုလင်းဖင်တပ် .. ၊ ကဗျာစပ် တဲ့ယောက်ျား..

လူတကာ ပုတ်ခတ် ..၊ အွန်လိုင်းတက်တဲ့ယောက်ျား..

ချစ်တုန်း ကြိုက်တုန်း..၊ camera သုံးတတ်တဲ့ ယောက်ျား

အသည်းကွဲဆွေး...၊ blog ရေးတတ်တဲ့ ယောက်ျား

ရူပါစုတ်ပြတ်...၊ အမြဲ ( tag) လုပ် တတ်တဲ့ယောက်ျား..

အားနေဈေးပတ် ..၊ အလှအပမက်တဲ့ ယောက်ျား..

ညဘက်မာဆတ်...၊ ကလပ်လည်း တက်တဲ့ယောက်ျား..

ဆော်တွေ ရုန်းရုန်း ...၊ မြင်သမျှ လုံးတတ်တဲ့ယောက်ျား...

မြည်တွန်းတောက်တီး...၊ အခြောက်ကြီးနဲ့တူတဲ့ ယောက်ျား..

ရည်းစားနဲ့ အပြင်သွား ...၊ပိုက်ဆံထားခဲ့တဲ့ ယောက်ျား..

ကြွေးလည်ပင်းခိုက် ..၊ လောင်းကစားကြိုက်တဲ့ယောက်ျား..

မျက်နှာဖြူဖွေး ...၊ ဂုတ်မှာပွေးနဲ့ယောက်ျား..

အလုပ်နေ့စား...၊ ရှိုးပွဲသွားတတ်တဲ့ယောက်ျား..

ဖုန်းဆက် miss call ..၊ ပိုက်ဆံနှမြောတဲ့ယောက်ျား..

အိမ်မှာ ကုပ်ကုပ် .. ၊ အပြင်မှာ ရှုပ်တတ်တဲ့ ယောက်ျား..

ဘောလုံးပွဲမက်...အအိပ်ပျက်တဲ့ယောက်ျား..

ပြောတိုင်းသူသိ ..၊ လူတကာနဲ့ ငြိတတ်တဲ့ယောက်ျား..

လူကြီးလည်းလုပ်...၊ သောက်တင်းတုပ်တတ်တဲ့ယောက်ျား..


billy ( 6.10.2011) 4:52 AM


သတိပြုရန်...။   ။ သူငယ်ချင်း ဘော်ဒါအရင်းခေါက်ခေါက်များ၏ အကြောင်းကို ခိုးကြောင်းခိုးဝှက်လေ့လာ၍ ဖောက်ကောင်လုပ်မိပါသည်...။ ယခင်က အရေးမပေးသင့်သော မိန်းမများ ကို လက်ဆော့မိသောကြောင့်အွန်လိုင်းမှ သူငယ်ချင်းများက မရေးရင် သတ်မယ်ဖြတ်မယ် ..တကဲကဲ မို့ ..မနည်းဖစ်ညစ်ရေးလိုက်ရတဲ့ ...အတွေး တွေပါ..။ တိုက်ဆိုင်လို့ အမှားပါခဲ့ရင် ခွင့်လွှတ်ကြပါ...။

No comments:

Post a Comment